• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် စစ်ကောင်စီနှင့် PDF Kalay တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက် ၁၇ ဦးသေဆုံးဟုဆို

ကလေးမြို့တွင် စစ်ကောင်စီနှင့် PDF Kalay တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက် ၁၇ ဦးသေဆုံးဟုဆို

0
By Editor on July 16, 2021 Khonumthung

ကလေးမြို့နယ် တောင်ပိုင်းဘက်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် PDF Kalay တပ်ဖွဲ့များ ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၁၇) ဦးသေဆုံးပြီး PDF kalay မှာ (၂) ဦးကျဆုံးခဲ့ကြောင်း People’s Defence Force (Kalay) မှ ထုတ်ပြန်ထားကြောင်း သိရသည်။

ကလေးမြို့နယ် တောင်ပိုင်းဒေသရှိ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်နှင့် အရှေ့စည်းရွာများသို့ စစ်ကောင်စီတပ်ဖွဲ့များ
ဝင်ရောက်အကြမ်းဖက်စီးနင်းရန် ဆက်တိုက်ကြိုးပမ်းခဲ့ရာ အဆိုပါရွာများ အနီးဝန်းကျင်နယ်မြေတဝိုက်တွင် PDF (Kalay) တပ်ဖွဲ့များနှင့် ထိတွေ့မှု တောက်လျှောက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

PDF (Kalay) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ရင်ဆိုင်တိုက်ပွဲဆင်နွဲခြင်းများဖြင့် တုံ့ပြန်ခဲ့ရာ ညနေ ၇ နာရီခွဲအချိန်ခန့်ထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း PDF (Kalay) တပ်ဖွဲ့များမှ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၇ ဦးကို အပြီးအပြတ် ချေမှုန်းနိုင်ခဲ့သော်လည်း PDF (Kalay) မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးလည်း ထပ်မံကျဆုံးခဲ့သည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့များက ကျောက်ဖူးနှင့် အရှေ့စည်းရွာများတွင် တပ်စွဲထားဆဲဖြစ်သောကြောင့် အနီးဝန်းကျင်နယ်မြေမှ ပြည်သူများအနေဖြင့် လုံခြုံရေးအသိ၊ သတိရှိစွာဖြင့် သွားလာနေထိုင်ကြပါရန် မေတ္တာရပ်ခံသတိပေးထားကြောင်း People’s Defence Force (Kalay) မှ ထုတ်ပြန်ထားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကြားကာလ ချင်းပြည်အစိုးရ ဖွဲ့စည်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော Chinland Council ဖွဲ့စည်းနိုင်ရေးကို အပြည့်အဝထောက်ခံကြောင်း HPO/CDF-Hualngoram ထုတ်ပြန်

တောထဲကို စစ်ဘေးရှောင်သော ခမ်းပတ်မြို့ဒေသခံ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

“နှုံးဘူး” ဗျူဟာကုန်း အပြီးသိမ်းပိုက်နိုင်ရေး AA က အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေပြီ ယနေ့ တိုက်ပွဲများ ပြင်းထန်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 6, 2023

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.