Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-ဂန့်ဂေါကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၄ ခုကို ၂ လအတွင်း သိမ်းပိုက်နိုင်ခဲ့ဟု CDF-KKG ထုတ်ပြန်

ကလေး-ဂန့်ဂေါကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၄ ခုကို ၂ လအတွင်း သိမ်းပိုက်နိုင်ခဲ့ဟု CDF-KKG ထုတ်ပြန်

0
By Editor on April 15, 2025 Headline

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများကို လေကြောင်းဗုံးကြဲ မှု ၁,၀၀၀ ကျော် ပြုလုပ်ခဲ့

(004SS/002MG)

CDF-KKG Major Operation အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖော်ဆောင်ခဲ့သော ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၄ ခုကို ၂ လတာအတွင်း ဘုရားကျေးဇူးတော်ကြောင့် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF-KKG က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ စစ်ဆင်ရေးအတွက် စုဖွဲ့လေ့ကျင့်မှုကို ၂၀၂၄ ခုနှစ်အတွင်း စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖော် ဆောင်ခဲ့ကာ ကလေး-ဂန်ဂေါအကြား စစ်ကောင်စီအခြေစိုက်စခန်းများဖြစ်ကြသော ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီး စိုးမိုးသည့် ကြံသာရွာများကို သိမ်းပိုင်နိုင်ခဲ့ခြင်းဟု သိရသည်။

CDF-KKG Major Operation စစ်ဆင်ရေးတစ်ခုလုံးကို ချင်းအမျိုးသား တပ်မတော် (CNA) မှ စစ်ရေးကွပ်ကဲခဲ့‌ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများအနက် အခိုင်မာဆုံးနှင့် အတောင့်တင်းဆုံး စခန်းတစ်ခုဖြစ်သော ကမ်းပါးနီစခန်းကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၁၅ မတိုင်မီတွင် မှန်တောရွာနှင့် အောင်သာယာရွာ (အနောက်) ရှိ စစ်ကောင်စီ ခြေကုပ်စခန်းများကိုလည်းကောင်း၊ ဧပြီလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ပျူစောထီးစိုးမိုးသည့် ကြံသာရွာကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း CDF-KKG က ထုတ်ပြန်သည်။

ကလေးနှင့် ဂန့်ဂေါအကြားရှိ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ပြန်လည် ထိုးစစ်ဆင်မှု စုစုပေါင်း ၁၉ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်မြေပြင်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများသို့ ဂျက်ဖိုက်တာအပါအဝင် Y12၊ Y8 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၁,၀၀၀ ကျော် ပြုလုပ်ခဲ့သည်ဟု CDF-KKG က ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့‌ပြီး အယောက် ၄၀ ကျော်က ဒါဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လေကြောင်းဗုံးကျဲခံရမှုကြောင့် ပြည်သူပိုင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦးများနှင့် ပြည်သူ့ နေအိမ်ပေါင်း ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာပေါင်း ၁၂ ရွာကျော်မှ ပြည်သူပေါင်း ၂၀,၀၀၀ ဝန်းကျင်မှာ စစ်ဘေးတိမ်းရှောင်ခဲ့ရကာ ထက်ဝက်ကျော်မှာ ယခုအချိန်ထိ တိမ်းရှောင်နေကြရဆဲ ဖြစ်ကြောင်း သိရသည်။

CDF-KKG Major Operation အတွင်း အသက်ပေးဆပ်သွားခဲ့ကြသည့် CDF-KKG နှင့် မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ အာဇာနည်ရဲဘော်များ ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသည့် ရဲဘော်များ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် ရဲဘော်များကို ဂုဏ်ပြု အောက်မေ့ပါကြောင်းနှင့် အောင်ပွဲရရှိသည်အထိ အစွမ်းကုန်ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်များ၏ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်မှုတို့ကို လေးစားဂုဏ်ယူကြောင်း ထုတ်ပြန်ထားသည်။

CDF-KKG Major Operation ကို ချင်းအမျိုးသားတပ်မတော် CNA ၊ CDF-Hakha ၊ CDF-Thangtlang ၊ CDF CDM – Siyin ၊ ABSDF , ယောဒေသ လွတ်မြောက်ရေး တပ်ပေါင်းစု ၊ CDF – Senthang ၊ နဂါးညီနောင်၊ ဟံသာဝတီ ပကဖ၊ MCR ၊ PDF Vakok ၊ RKDF စသည့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကလေး-ဂန့်ဂေါ အကြား ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများ၊ ပျူစောထီး စိုးမိုးကျေးရွာ များကိုလည်း မကြာမီ အတွင်း ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ အခြေပြုလှုပ်ရှားရာဒေသ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီများကို မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း Chinland Defense Force – Kalay Kabaw Gangaw က အသိပေးထုတ်ပြန် ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.