• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်မြို့တိုင်းတွင် လူအယောက် (၁၀၀)ခန့် Facility Quarantine ဝင်နိုင်ရန် စီစဉ်ထားဟုဆို

ချင်းပြည်နယ်မြို့တိုင်းတွင် လူအယောက် (၁၀၀)ခန့် Facility Quarantine ဝင်နိုင်ရန် စီစဉ်ထားဟုဆို

0
By Editor on October 14, 2020 Headline

#Unicode

By နှင်းနှင်း – ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှုန်းမြှင့်တက်လာပါက မြို့တိုင်းတွင် လူအယောက် (၁၀၀)ခန့် Facility Quarantine ဝင်နိုင်ရန်အတွက် ကြိုတင်စီစဉ်ထားကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

“အနည်းဆုံး မြို့တစ်မြို့ကို လူ ၁၀၀ လောက် FQ ဝင်လို့ရအောင် အကုန်စီစဉ်ထားပါတယ် ။ ကျွန်တော်တို့ မြို့ဝင်မြို့ထွက်ကို အဖွဲ့နဲ့ PPE ဝတ်စုံဝတ်ပြီးတော့ ကျွန်တော်တို့မြို့ဝင်မြို့ထွက်တွေ ကိုလည်းတင်းတင်းကြပ်ကြပ်လုပ်နေတယ်” ဟု ၀န်ကြီးဦးစိုးထက်ပြောသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ကိုဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်ရောဂါပိုးရှိ မရှိအမြန်သိရှိနိုင်ရန် Rapid Test kits များဖြင့် အောက်တိုဘာ ၉ ရက်နေ့မှ စတင်ကာ စစ်ဆေးနေပြီး အောက်တိုဘာ ၁၃ရက် တစ်ရက်တည်းတွင် ကိုဗစ်ကူးစက်ခံထားရသူ ၄ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။

ဦးစိုးထက်က “ဟာခါးအဝင်မှာ လုပ်တယ် မနက် ၈နာရီနေ ၁၀လောက်ထိ ကျွမ်းကျင်တဲ့ဆရာဝန်၊ သူနာပြုတွေနဲ့ အတူလုပ်ပေးတယ်၊ ညနေဆိုရင် ၂နာရီကနေ ၄နာရီထိ လုပ်တယ်၊ အဓိကကတော့ ဟားခါးမှာ ပဲလုပ်နိုင်သေးတယ် ၊ ကျန်တဲ့မြို့တွေမှာလည်းလုပ်ခိုင်းထားတယ် ၊ခရိုင်မြို့တွေမှာ လုပ်ခိုင်းတယ် ၊ မင်းတပ်၊ တီးတိန်တို့မှာလည်းလုပ်ခိုင်းတယ်” ဟု ပြောသည်။

ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ အမြန်စစ်ဆေးပေးနိုင်သည့် Rapid Test kits များကို ပြည်ထောင်စုအစိုးရမှ ဦးစားပေးအနေဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ကုန်တင်ကားမောင်းသူများအား စစ်ဆေးရန် ချပေးထားပြီး လိုအပ်သည့်ပမာဏအား စာရင်းဖြင့် တင်ရကြောင်း ၀န်ကြီးကဆက်ပြောသည်။

ချင်းပြည်နယ်တွင် သွားလာနေသည့် ကုန်တင်ကားမောင်းသူများအား Rapid Test Kits ဖြင့် စစ်ဆေးပေးနေပြီး ကိုယ်ပိုင်ကားများနှင့် ကိုယ်ပိုင်ကားမဟုတ်သည့် ယာဉ်စီးနင်းလာသူများမှာ ကျန်းမာကြောင်းထောက်ခံစာ၊ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာထောက်ခံစာ ယူဆောင်ရန် လိုအပ်ကြောင်းသိရသည်။

လက်ရှိ ချင်းပြည်နယ်တွင် ကိုဗစ်ကူးစက်ခံထားရသူ ၅၀ ဦးအထိရှိလာပြီး ဒုတိယလှိုင်းကာလတွင် ၃၃ဦး လက်ရှိဆေးရုံတွင် ကုသမှုခံယူနေသူ ၁၁ဦး သေဆုံးသူ ၁ဦး ရှိနေကြောင်း သိရသည်။

#Zawgyi

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.