Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းကျန်းမာရေးမှာ ပြန်လည်ထမ်းဆောင်မည့်သူများကို အိန္ဒိယတက္ကသိုလ်မှာ Nursing နှင့် Lab Science ပညာသင်ဆု ပေးမည်ဟု CHO ကြေညာ

ချင်းကျန်းမာရေးမှာ ပြန်လည်ထမ်းဆောင်မည့်သူများကို အိန္ဒိယတက္ကသိုလ်မှာ Nursing နှင့် Lab Science ပညာသင်ဆု ပေးမည်ဟု CHO ကြေညာ

0
By Editor on May 9, 2025 Khonumthung

(006SV)

ချင်းပြည်နယ်က ကျန်းမာရေးကဏ္ဏမှာ ပြန်လည်တာဝန်ထမ်းဆောင်မည့် ကျောင်းသူ၊ ကျောင်းသားတချို့ကို အိန္ဒိယနိုင်ငံက တက္ကသိုလ်တစ်ခုမှာ Nursing နှင့် Lab Science ဘာသာရပ် တက်ရောက်သင်ယူနိုင်ရေးအတွက် ပညာသင်ဆု ပေးသွားမည်ဟု ချင်းကျန်းမာရေးအဖွဲ့ – CHO က သတင်းထုတ်ပြန်သည်။

အနည်းဆုံး အသက် ၁၇ နှစ် ပြည့်ထားပြီး လက်ရှိမှာ အိန္ဒိယနိုင်ငံ၏ ၁၂ တန်း သို့မဟုတ် မြန်မာနိုင်ငံ၏ ၁၂ တန်း တို့ကို သိပ္ပံတွဲဖြင့် အောင်မြင်ထားသူများသည် အိန္ဒိယက တက္ကသိုလ်တစ်ခုမှာ တက်ရောက်ခွင့်ရနိုင်မည်ဟု CHO က မေလ ၈ ရက်မှာ ထုတ်ပြန်သည်။

“ကျောင်းပြီးတဲ့အခါမှာ ချင်းပြည်နယ်တွင် ပြန်လည်တာဝန်ထမ်း ဆောင်မည့်သူများဖြစ်ပါက ချင်းကျန်းမာရေး အဖွဲ့အစည်းကနေ Application process ကို ကူညီဆောင်ရွက်ပေးမှာ ဖြစ်တဲ့အပြင် ချင်းပြည်နယ်က ကျန်းမာရေးလုပ်သားအင်အား လိုအပ်ချက် ကြီးမားပြီး ခက်ခဲ ဝေးလံဒေသက ကျောင်းသား/သူများအတွက် စကောလာရှစ်များ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကျောင်း လျှောက်ပြီးနောက် ကျောင်းက acceptance letter ရပြီးနောက်မှ စကောလာရှစ်ကို ပေးမှာ ဖြစ်ပါတယ်” ဟု CHO အဖွဲ့က ဆိုသည်။

ပညာသင်ဆု (Scholarship) လျှောက်ထားမည့်သူများအနေဖြင့် ပညာသင်ဆုလျှောက်လွှာအဆင့်ဆင့်ကို ချင်းကျန်းမာရေးအဖွဲ့၏ ပညာသင်ဆုဘုတ်အဖွဲ့က သတ်မှတ်ထားသည့်အတိုင်း ဆက်လက်လျှောက်ထားရမည်ဖြစ်ကြောင်း၊ အသေးစိတ်ကို ပြန်လည် အကြောင်းကြားပေးသွားမည်ဟု သိရသည်။

သူနာပြု (Nursing) အတွက် အစီအစဉ် ၂ ခု ရှိပြီး General Nursing and Midwifery course (GNM) ကို internship အပါအဝင် ၃ နှစ်နှင့် Basic B.Sc. Nursing – ၄ နှစ်တို့ ဖြစ်သည်ဟု သိရသည်။

Laboratory Technician အတွက် တက်ရောက်နိုင်မည့် အစီအစဉ် ၁ ခု ရှိပြီး Bachelor of Medical Laboratory Sciences (BMLS) ဖြစ်ကာ internship အပါအဝင် ၄ နှစ် တက်ရမည်ဟု သိရသည်။

၂၀၂၅ ခုနှစ် စာသင်နှစ်အတွက် ကျောင်းသူ ကျောင်းသား ၅ ဦးကိုသာ လက်ခံသွားမည်ဖြစ်ပြီး လျှောက်လွှာ လင်ခ့်များကို CHO ၏ လူမှုကွန်ယက်စာမျက်နှာမှာ မေးမြန်းစုံစမ်းနိုင်သည်ဟု သိရသည်။

မြန်မာနိုင်ငံ အောင်လက်မှတ်ဖြင့် တက်ရောက်မည့် သူများအနေဖြင့် အိန္ဒိယကို တရားဝင် လာရောက်နိုင်ရေး လိုအပ်သော စာရွက်စာတမ်းနှင့် ပတ်စပို့စ်များ ရှိရမည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရအသိအမှတ်ပြု အထက်တန်းကျောင်း အောင်မြင်ထားသူများအနေဖြင့် လိုအပ်သော စာရွက်စာတမ်းများကို CHO ကို စုံစမ်းမေးမြန်းနိုင်သည်ဟု သိရသည်။

စိတ်ဝင်စားသူများအနေဖြင့် ကျောင်းအကြောင်းနှင့် ကျောင်းက အစီအစဉ် (Program) တက်နိုင်ရန် ပြည့်မီရမည့် သတ်မှတ်ချက်များအကြောင်းကို သိရှိလိုပါက CHO ၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် မေးမြန်းနိုင်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.