Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းချာတာမူကြမ်းကို မကြာမီ ညီလာခံခေါ်ယူပြီး အတည်ပြုဆောင်ရွက်မည်ဟု ICNCC ထုတ်ပြန်

ချင်းချာတာမူကြမ်းကို မကြာမီ ညီလာခံခေါ်ယူပြီး အတည်ပြုဆောင်ရွက်မည်ဟု ICNCC ထုတ်ပြန်

0
By Editor on April 14, 2025 Khonumthung

(004SS)

ချင်းချာတာမူကြမ်းကို မကြာမီအချိန်ကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထုတ်ပြန်သည်။

ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြပြီး ယမန်နေ့က ၄ နှစ်ပြည့်သည့် အထိမ်းအမှတ်နေ့ထုတ်ပြန်ကြေညာချက်တွင် ထိုကဲ့သို့အသိပေးလာခြင်းဖြစ်သည်။

ICNCC သည် ချင်းညီနောင် (Chin Brotherhood) နှင့် နိုင်ငံရေး၊ စစ်ရေးတွင်အတူ ပူးပေါင်းဆောင်ရွက်နေပြီး ICNCC ကို အစုအဖွဲ့ ၇ ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ချင်းချာတာမူကြမ်းကိုလည်း ရွေးဆွဲခဲ့ပြီး မကြာသောကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းညီနောင် (Chin Brotherhood) အနေဖြင့် ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း စသည့် မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး မဟာမိတ်များနှင့်ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ICNCC က ဆိုသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ဘုံရန်သူ ဖြစ်သော စစ်အာဏာရှင် တိုက်ထုတ်ရာတွင် ချင်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များသည် အငြင်းပွားဖွယ်သမိုင်းကြောင်းနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကြရန်လည်း ICNCC က တိုက်တွန်းသည်။

အကြမ်းဖက်စစ်ကောင်စီမှ အတင်းအဓမ္မဖြင့် ကျင်းပရန်ကြိုးစားနေသော ရွေးကောက်ပွဲသည်လည်း ချင်းပြည်အတွင်း လုံးဝဆောင်ရွက်ကျင်းပနိုင်မည်မဟုတ်သလို ချင်းပြည်သူများအနေဖြင့်လည်း ပါဝင်ခြင်း၊ ထောက်ခံ ပံ့ပိုးခြင်းများ မလုပ်ကြရန် ICNCC က ကြိုတင်သတိပေးထားသည်။

ချင်းပြည်နယ်အတွင်းရှိ ကျန်ရှိနေသေးသော မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝရရှိရေး၊ အမျိုသားအကျိုးစီးပွား ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ICNCC က ထုတ်ပြန်ထားသည်။

ချင်းတော်လှန်ရေးအင်အားစုတွင် ချင်းလဲန်းကောင်စီနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဟူ၍ ၂ ဖွဲ့ရှိနေပြီး “ချင်းအမျိုးသားကောင်စီ” အဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားကြပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.