Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်အစိုးရ/CNF နှင့် ICNCC/CB တွေ့ဆုံမှု အချက် ၅ ချက်ကို ကနဦး သဘောတူညီမှုရရှိ

ချင်းပြည်အစိုးရ/CNF နှင့် ICNCC/CB တွေ့ဆုံမှု အချက် ၅ ချက်ကို ကနဦး သဘောတူညီမှုရရှိ

0
By Editor on September 21, 2024 Headline

(005MK)

Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ ယနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၅ ချက်ကို ကနဦးသဘောတူညီမှုရရှိကြသည်ဟု ZORO ကထုတ်ပြန်သည်။

ဆွေးနွေးပွဲတွင် ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်းလက်ခံကြပြီး၊ တိုင်းပြည်နှင့်လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့်အချိန်တွင် ညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သော သဘောတူညီချက်ထဲတွင် ဖော်ပြထားသည်။

နောက်နောင်တွင် နှစ်ဖက်အဖွဲ့အစည်းများအကြားသဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့်ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် သဘောတူကြပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းမှတာဝန်ရှိသူများသည် လိုအပ်သလို ထပ်မံတွေ့ဆုံမှုများပြုသွားရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေးကော်မတီတရပ်ထားရှိရန်လည်းလိုလားကြပြီး နောက်တစ်ကြိမ်ဆွေးနွေးမှုတွင် ငြိမ်းချမ်းရေး ကော်မတီတရပ်ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သည်။

ယနေ့တွေ့ဆုံဆွေးနွေးပွဲကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ZORO ဒုဥက္ကဌ ပူးလာလ်မွန်ပွီး ယာ ပွန်သဲ ရုံးခန်းမှာ နေ့လည် ၁၂ ရာက ကျင်းပပြုလုပ်ခဲ့ကြပြီး ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ပူးပါထန်း၊ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ပူးထန်းနိန်းကီးတို့ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ဘက်က ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila၊ ဆလိုင်းပီတာထန်းတို့ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.