Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့၊ ရဲစခန်းတွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်အစိုးရပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

ထန်တလန်မြို့၊ ရဲစခန်းတွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်အစိုးရပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

0
By Editor on October 22, 2024 Headline

(006SV)

စစ်ကောင်စီတပ်စွဲထားသည့် ထန်တလန်မြို့ပေါ် ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရပူးပေါင်းတပ်များအကြား ယနေ့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက် မနက် ၃ နာရီမှစတင်၍ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခွဲအထိ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ဒီနေ့ ထန်တလန်မှာ တိုက်ပွဲ ပြင်းထန်နေတာက ဟုတ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲက အခုထိ မပြီးသေးဘူး။ အခုထိတော့ အထိအခိုက် အခြေအနေ အသေးစိတ်က မသိရသေးပါဘူး။ အခုက ရဲစခန်းမှာ ဖြစ်နေတာပါ” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့်လည်း လေးကြိမ်ခန့် တိုက်ပွဲဖြစ်ပွားနေသောနေရာကို လာရောက်ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး အဆောက်အအုံနှင့် ရဲစခန်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားဆဲဖြစ်ပြီး ချင်းပြည်အစိုးရပူးပေါင်းတပ်များက မြို့ကို အလုံစုံသိမ်းနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဟားခါး- ထန်တလန်ကြားတွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းပြည်အစိုးရ ပူးပေါင်းတပ်များအကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်ရှိ ၃ ရက်အတွင်းက ဟားခါး- ထန်တလန်ကြား တိုက်ပွဲတွင် စစ်ကောင်စီဘက် အထိအခိုက်များကြောင်း ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီသည် ဟားခါး- ထန်တလန်ကြားက လက်လွှတ်ခဲ့ရသော ဗျူဟာအရ အရေးပါသော စစ်စခန်းများကို ပြန်လည်သိမ်းနိုင်ရေး အောက်တိုဘာလ ၁၃ ရက်က ဟားခါးမှ စစ်ကား ၇ စီးဖြင် စစ်ကြောင်းထိုးလာခဲ့ရာ ၁၄ ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် စခန်းတချို့ကို ချင်းပူးပေါင်းတပ်ဖွဲ့မှ လက်လွှက်ထားရကြောင်း သိရသည်။

ထန်တလန်နှင့် ဟားခါး- ထန်တလန်ကြားက တိုက်ပွဲများတွင် စစ်ကောင်စီသည် ဟားခါးမှ စစ်ကူများ ထောက်ပံ့ပေးနေပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်မှုများ၊ ဒရုန်းများပါအသုံးပြု၍ အပြင်းအထန် တိုက်ခိုက်နေကြောင်း သိရသည်။

ချင်းပြည်အစိုးရ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ထန်တလန်နှင့် ဟားခါး-ထန်တလန်ကြားက တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် MPT ဖုန်းလိုင်းတစ်ခုသာရပြီး ငွေဖြည့်ကဒ်များကို ဈေးပိုပေးဝယ်ယူနေရ

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.