(006SV)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်း မြို့နယ်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က ကြေညာသည်။
မေလ ၁၉ ရက်က ဖလမ်းမြို့နယ်နေ ပြည်သူလူထုအားလုံး သိစေရန်ဟူ၍ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က ထုတ်ပြန်ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် မပေါ်ပေါက်မီကာလအတွင်း လက်ရှိ တည်ဆဲ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်း မှီတင်းနေထိုင်သော မျိုးနွယ်စု အားလုံး၏ ဖြစ်တည်မှုကို လက်ခံအသိအမှတ်ထားပြီး မြို့နယ်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကိစ္စအဝဝကို မိမိတို့က တာဝန်ယူဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်း မျိုးနွယ်စုများအကြား စည်းလုံးမှုပျက်ပြားစေနိုင်သော ပြုမူဆောင်ရွက်ချက်များကို လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က ကြေညာသည်။
ဖလမ်းမြို့နယ်အတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၊ CDF – ဟွာလ်ငိုးရမ်း၊ CDF – Zanniatram နှင့် CDF-Ngawnram တို့ စစ်ရေးလှုပ်ရှားလျက်ရှိသည်ဟု သိရသည်။