Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»“ဝေါလေ ဂွင်ထဲက ကရင်သူပုန်ကတော့ Mi 35 ပစ်ချက်တွေနဲ့ အကျဆုံး အတော်များတယ်” ဆိုတဲ့သတင်းအမှား

“ဝေါလေ ဂွင်ထဲက ကရင်သူပုန်ကတော့ Mi 35 ပစ်ချက်တွေနဲ့ အကျဆုံး အတော်များတယ်” ဆိုတဲ့သတင်းအမှား

0
By Editor on November 29, 2022 Khonumthung

FactCheck

ဒီသတင်းအမှားကို ယွိမ်းနွဲ့ပါ ဆိုတဲ့အကောင့်ကနေပြီး “ဝေါလေ ဂွင်ထဲက ကရင်သူပုန်ကတော့ Mi 35 ပစ်ချက်တွေနဲ့ ယနေ့ အကျဆုံး အတော်များတယ် သူပုန်လော်ဘီနဲ့ အကြမ်းဖက်အားပေး မီဒီညာတွေကတော့ သတင်းအမှောင်ချထားတယ် ဝေါလေဂွင်ထဲမှာ ကတဲ့ပွဲမှာ ပွိုင့်စစ်ကြောင်းက စစ်သည် ၃ ဦး Drone Bomb ထိပြီး နိုင်ငံတော် အတွက်ဘအသက်ပေးလှုသွားခဲ့တယ်။ ပွဲစပြီးမကြာလိုက်ဘူး Mi 35 တွေ ရောက်လာပြီး လိုက်သမတာ သူပုန်တွေ အကျဆုံးများစွာနဲ့ အလောင်းတောင်မကောက်နိုင်ပဲဆုတ်ခွာထွက်ပြေးခဲ့ရတယ်။ (နိုင်ငံတော်အတွက် အသက်ပေးကာကွယ်သွားသော စစ်သည် ၃ ဦးအား လက်တင် အလေးပြုပါတယ်။)” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီကိစ္စကိုပတ်သက်ပြီး စုံစမ်းစစ်ဆေးကြည့်ရာမှာတော့ အဲဒီဒေသမှာ စစ်ကောင်စီတပ်နှင့် KNU, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုရှိပေမယ့် ပြည်သူ့ကာကွယ်ရေးဘက် အဲဒီလို အများအပြားကျဆုံးတာမရှိခဲဘဲ စစ်ကောင်စီတပ်ဘက်ကသာ သေဆုံးမှုများခဲ့တာဖြစ်ပါတယ်။

KNU ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ “ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေထဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား အခုနိုဝင်ဘာလ ရက်ပေါင်း (၂၀) ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံး များပြားနေပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်” လို့ ထုတ်ပြန်ထားပါတယ်။

“ပြီးခဲ့တဲ့ နိုဝင်ဘာ (၁) ရက်နေ့က (၂၄) ရက်နေ့အထိ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၂၁) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၃၃) ဦး သေဆုံးပြီး (၃၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အတည်ပြုလို့မရသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ ထိခိုက်သေဆုံးမှုစာရင်းလည်း အများအပြားရှိနေသေးတယ်လို့” ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“နိုဝင်ဘာ (၂၂) ရက်နေ့ မနက်ပိုင်းက တပ်မဟာ (၆) နယ်မြေ KNU ကျုံဒိုးမြို့နယ် လားတကောတောင်ပိုင်းဒေသထဲမှာ KNLA တပ်ရင်း (၂၇) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီရဲ့ တပ်မ (၁၁) လက်အောက်ခံ ခမရ (၂၁၅) တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၃) ဦး သေဆုံးကာ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့” ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် “တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ လမ်းမပိုင်း၊ ဘလက်တိုကျေးရွာအနီးမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၁) ရက်နေ့ကနေ (၂၄) ရက်နေ့အထိ KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား (၄) ရက်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့” ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိအဆင့်အပါအဝင် (၉) ဦးသေဆုံးပြီး အရာရှိနဲ့ အခြားအဆင့်တွေအပါအဝင် (၂၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကော်ဘရာစစ်ကြောင်းဘက်မှ (၃) ဦး ကျဆုံးခဲ့သလို (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံတစ်ဉီးကလည်း “KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ (၄) ရက်တာ တိုက်ပွဲဖြစ်စဉ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ အတွဲလိုက်ပစ်ဒုံးကျည်တွေ၊ (၁၂၀) မမ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ကူပေးခဲ့သလို ရဟတ်ယာဉ်နဲ့လည်း ပစ်ကူပေးပစ်ခတ်ခဲ့တယ်လို့” သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိအခြေအနေမှာလည်း တပ်မဟာ (၆) နယ်မြေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၇) လုံခြုံရေးယူထားတဲ့ နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ဘက်က စစ်ဆင်ရေးဆောင်ရွက်နေဆဲဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

Link>>> https://bit.ly/3gI1uQM

ဒါကြောင့် “ဝေါလေ ဂွင်ထဲက ကရင်သူပုန်ကတော့ Mi 35 ပစ်ချက်တွေနဲ့ အကျဆုံး အတော်များတယ်” ဆိုတာ သတင်းအမှားသာဖြစ်ပါတယ်။

ပြည်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနက သတင်းတွေကိုသာသေချာရွေးချယ်ပြီး ဖတ်ရှု့သင့်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.