“အကြမ်းဖက်နည်းနဲ့ တုံ့ပြန်မှုရလာတဲ့အခါမှာ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိလို့ ဒီလမ်းကို ရွေးရတာပါ” Chinland Defense Force – Hakha ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး စတင်လာသည့်အချိန်မှာ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့မှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကစ၍ ထောင်နှင့်ချီသော ဒေသခံပြည်သူများက လမ်းမပေါ်ထွက် ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဟားခါးမြို့ ဆန္ဒဖော်ထုတ်မှုကို အဓိကဦးဆောင်သူများတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ဆလိုင်းငွန်ဆန်းအောင်လည်း ပါဝင်သည်။ ဆလိုင်းငွန်ဆန်းအောင်သည် ရန်ကုန်တက္ကသိုလ်တွင် Master တန်းတက်ရောက်နေသူတစ်ဦးဖြစ်ပြီး ချင်းစာပေနဲ့ယဉ်ကျေးမှု ကောင်မတီမှာလည်း ဦးဆောင်သူတစ်ဦးဖြစ်သည်။ ထို့အပြင် သူသည် ချင်းသတင်းဌာနတစ်ခုဖြစ်သည့် The Chinland Post သတင်းဌာတွင် ၃ နှစ်ခန့် အယ်ဒီတာလုပ်ကိုင်ခဲ့သည့် သတင်းသမားတစ်ဦးလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူထဲက ထင်ရှားတဲ့လူငယ်တစ်ဦးဖြစ်ကာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် တော်လှန်ရေးနယ်မြေထဲ ရောက်ရှိသွားပြီး … Continue reading “အကြမ်းဖက်နည်းနဲ့ တုံ့ပြန်မှုရလာတဲ့အခါမှာ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိလို့ ဒီလမ်းကို ရွေးရတာပါ” Chinland Defense Force – Hakha ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်