Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»အမေ့လျော့ခံ ချင်းတောင်တန်းပေါ်က မသန်စွမ်းသူများ၏ ဘ၀
Photo - Frontier Myanmar

အမေ့လျော့ခံ ချင်းတောင်တန်းပေါ်က မသန်စွမ်းသူများ၏ ဘ၀

0
By Editor on June 5, 2024 Featured

ရေး – မာဂရက်

မသန်စွမ်းသူတွေဟာ သာမာန်အခြေအနေမှာဆိုရင် အစိုးရတရပ်၊ အဖွဲ့အစည်းတွေနဲ့ ခိုင်မာအားကောင်းတဲ့ မူဝါဒတွေရဲ့ အကူအညီတွေကနေ ဘဝကို ရှေ့ဆက်ရပ်တည်ကြရသူတွေရှိသလို လူမသိသူမသိ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ခြေထောက်ပေါ်ရပ်ပြီး ဘဝကို ရုန်းကန်သူတွေလည်းရှိပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မသန်စွမ်းတွေအပေါ် တိကျခိုင်မာတဲ့ အကူအညီပေးရေးအစီအစဉ် မရှိသလောက် နည်းပါးလာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံ၏ ၅.၉ သန်းသောလူဦးရေ၏ ၁၃ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ကြပြီး အများစုဟာ အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ ကိုယ်အဂ်ါမသန်စွမ်းသူနဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေ ဖြစ်ကြပါတယ်။

“အဲ့ဒီထဲမှာ ချင်းပြည်နယ်က မသန်စွမ်းလူဦးရေ ၂၁ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေတာပါ”

အဲ့ဒီမသန်စွမ်းသူစာရင်းထဲမှာ လက်ရှိ အာဏာသိမ်းကာလအတွင်း တိုက်ပွဲတွေကြောင့် ထိခိုက်ပြီး မသန်စွမ်းဖြစ်သွားသူအရေအတွက် မပါဝင်သေးပါဘူး။ လက်ရှိမှာ ချင်းပြည်နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့အတွက် နေရာအနှံ့ တိုက်ပွဲတွေ ဆင်နွှဲဖြစ်ပွားနေတာကြောင့် မသန်စွမ်းသူတွေအတွက် ဘဝရပ်တည်ရုန်းကန်ဖို့ ပိုမိုခက်ခဲလာတဲ့အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့လာကြရတာပါ။

ချင်းပြည်နယ် တီးတိန်မြို့ပေါ်က အသက် (၂၄) နှစ်အရွယ် (ထန်ရှန်းမုန်) က မွေးရာပါ မသန်စွမ်းသူတစ်ဦးဖြစ်တဲ့အပြင် လက်ရှိမှာတော့ မိဘနှစ်ပါးစလုံး သေဆုံးသွားပြီးတော့ ထောက်ပံ့ကြည့်ရှုပေးတဲ့ မိသားစုဝင် တစ်ယောက်မှမရှိဘဲ ဘဝကို ခက်ခဲစွာနေထိုင်ရပ်တည်နေသူဖြစ်ပါတယ်။

“ကျွန်တော်ခြေထောက် နှစ်ဖက်စလုံးက မွေးကတည်းက ကြိုက်သလို သုံးလို့မရဘူး၊ သွားရေးလာရေးက အဆင်မပြေဘူး တော်တော်လေး ခက်ခဲတယ်။ အခုက မိဘနှစ်ပါးစလုံးလဲ သေဆုံးသွားပြီ၊ ကျွန်တော်တယောက်ထဲပဲ နေတယ်၊ ပြောရမယ်ဆိုရင် ဝင်ငွေ လုံးဝမရှိဘူး။ စားဖို့သောက်ဖို့က အမှန်တိုင်းပြောရမယ်ဆိုရင် ခက်ခဲတာပေါ့ အဓိက ဆန်နဲ့ ဟင်းသီးဟင်း ရွက်ပေါ့၊ ကျွန်တော်မှာ မျိုးရိုးလိုက်ရောဂါ ဆီးချိုရှိတယ်ဆိုတော့ နေ့တိုင်းဆေးထိုးရတယ် အင်ဆူလင်ဆေး၊ အဲ့ဒီဆေးဝါးအတွက် ဒုက္ခရောက်နေတယ်။ ဆေးဝါးအတွက် ကူညီမရှိဘူး” လို့ သူကပြောပါတယ်။

စစ်အာဏာသိမ်းမှု မဖြစ်ပွားခင်ကတော့ မသန်စွမ်းအရေးလှုပ်ရှားဆောင်ရွက်နေကြသော အရပ်ဖက်အဖွဲ့အစည်းထံကနေ ကူညီထောက်ပံ့မှုတချို့ရတာမျိုး ရှိပေမယ့် ပုံမှန်ရရှိတာမျိုးတော့ မဟုတ်ပါဘူး။ အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်မှာတော့ အဲဒီအထောက်အပံ့တချို့ဟာလည်း မရရှိနိုင်ကြတော့သလို တိုက်ပွဲကြောင့် အသက်ဘေးလွတ်အောင် တခြားသူတွေနည်းတူ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ချင်းပြည်နယ် မြို့နယ်တိုင်းနီးပါးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားမှုကြောင့် ချင်းပြည်နယ်က မသန်စွမ်းသူတွေအရေးကို ကူညီဆောင်ရွက်ပေးနိုင်ခြင်းက မရှိသလောက်ကို နည်းပါးလာတယ်လို့ ချင်းပြည်နယ်က မသန်စွမ်းအရေး ကူညီထောက်ပံ့ပေးနေသူတဦးက ဆိုပါတယ်။

“ဒီကာလမှာ မသန်စွမ်းသူတွေက ဆက်သွယ်ရေးပြတ်တောက်မူ အခက်အခဲစိန်ခေါ်မူကို တော်တော်လေး ခက်ခဲစွာ ရင်ဆိုင်နေကြရတယ်။ လူမှုဆက်သွယ်ရေးပိုင်း၊ ပြီးတော့ လက်ရှိမှာ အသက်မွေးဝမ်းကျောင်းပိုင်းဆိုင်ရာမှာ သူတို့အတွက် အခွင့်အရေး လုံးဝမရှိဘူး။ ဘာကြောင့်လဲဆိုရင် နေရာရွေ့ပြောင်းရတယ်၊ စစ်ဘေးရှောင်အနေနဲ့ နေရတာတွေရှိတယ်၊ သူတို့မှာ မလုံခြုံတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာမှာ သူတို့ အခက်အခဲကြုံရတယ်၊ အခုချိန်မှာတော့ မသန်စွမ်းအခွင့်အရေးဆိုတာလည်း ဘယ်သူ့စီမှာမှ သွားပြောလို့လဲ အဆင်မပြေဘူး၊ ဘယ်သူ့ကမှလည်း မသန်စွမ်းသူတွေ အခွင့်အရေးအတွက်ဆိုပြီးမှ အရမ်းကြီးလုပ်ဆောင်လို့လည်း မရဘူး ၊ အခွင့်အရေးအဆုံးရူံးနေတာကိုလည်း ပြောမဲ့နေရာလည်းမရှိဘူး၊ အဲဒီအခါကျတော့ စိတ်ဓာတ်ကျတယ်၊ စိတ်အားငယ်တယ်စိတ်ပိုင်းဆိုင်ရာမှာလည်း အားငယ်တယ် မျော်လင့်ချက်ကင်းမဲ့ကြတယ်” လို့ သူက ပြောပါတယ်။

အာဏာမသိမ်းခင်ကာလမှာတော့ ချင်းပြည်နယ်မှာရှိတဲ့ မသန်စွမ်းသူတွေကို လူမှုဝန်ထမ်းဦးစီးဌာန၊ NGO/ INGO နှင့် မသန်စွမ်းသူများကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ပေးတာမျိုး ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ မသန်စွမ်းသူတွေအတွက် သီးခြားကူညီထောက်ပံ့ပေးတာမျိုး မရှိသလောက် နည်းပါးလာတာကြောင့် သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် အရင်ထက်ပိုပြီးတော့ ခက်ခဲကြတာဖြစ်ပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မူတွေ လုပ်နေတာကြောင့် မသန်စွမ်းသူတွေဟာ လုံခြုံတဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေထိုင်ဖို့ ပိုမိုခက်ခဲပြီး အထူးအကူအညီ လိုအပ်နေကြတယ်လို့ ထန်တလန်မြို့နယ် စစ်ဘေးရှောင်တွေအရေး ဆောင်ရွက်ပေးနေသူ တာဝန်ရှိသူတစ်ဦး ဆိုပါတယ်။

“သူတို့ကိုယ်တိုင်မကလို့ မိသားစုတွေပါ ဒုက္ခကြုံရတာပေါ့နော်။ မြန်မြန်ပြေးရမဲ့အချိန်မှာ သူများလိုမပြေးနိုင်တာမျိုး၊ အကူတစ်ယောက်ယောက်ပါမှ ရတာမျိုးပေါ့။ တချို့ဆို နားမကြား ဆွံ့အတဲ့သူဆို ပိုဆိုးတယ် လေယာဉ်ပျံသန်းလာတယ်၊ ဗုံကျဲတယ် သူတို့က မကြားတော့ ပုံမှန်လူတွေလို ပုန်းရကောင်းမှန်းမသိ ရှောင်ရကောင်းမှန်းမသိ၊ သူတို့အသက်အန္တာရာယ်အတွက် စိုးရိမ်ရတာပေါ့နော်။ စစ်ဘေးရှောင်တဲ့နေရာမှာလဲ အများနဲ့နေထိုင်ရတဲ့အခါမှာ အခက်အခဲမျိုးစုံ ကြုံနေကြရတယ်။ ပြီးတော့ အခုဆို အားလုံးက စိတ်ဒုက္ခရောက်နေကြတယ်၊ သူတို့ဆိုလဲ physical ပိုင်းရော mental ပိုင်းမှာပါ အကုန်လုံးက သိသိသာသာ ထိခိုက်သွားတာပေါ့” လို့ စစ်ဘေးရှောင်ကူညီသူက ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက် တစ်မြို့နယ်လုံးမှာလည်း စစ်တပ်အာဏာမသိမ်းခင်အချိန်အထိ မွေးရာပါ မသန်စွမ်းဦးရေ ၃၅၀ ရှိခဲ့ပြီးတော့ လက်ရှိ ကန်ပက်လက်မြို့နယ် လူသားစာနာဌာနရဲ့ စစ်ဘေးရှောင်ကာလအတွင်း ကောက်ထားတဲ့စာရင်းအရ မသန်စွမ်း ကျား ၂၁ ဦး၊မ (၂၂) ဦး အားလုံး (၄၃) ဦးထိ တိုးလာတယ်လို့ သိရပါတယ်။

လက်ရှိအချိန်လည်း ထိတွေ့တိုက်ပွဲတွေဖြစ်နေတာကြောင့် မသန်စွမ်းစာရင်းအတိအကျ မကောက်ယူနိုင်သေးပါဘူး။ မသန်စွမ်းသူတွေကို မိသားစုဝင်တွေကပဲ ကြည့်ရှုပေးရတဲ့အပြင် ကျန်းမာရေး၊ ငွေကြေး ထောက်ပံ့မူ၊ စားသောက်နေထိုင်ရေးတွေအတွက် အကူအညီလိုအပ်နေတယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူက ဆိုပါတယ်။

ထန်တလန် ပြည်သူ့အုပ်ချုပ်ရေးဖွဲ့အနေနဲ့ မသန်းစွမ်းသူတွေကို အရင်ထက် အပြည့်အဝ ကူညီထောက်ပံ့မှုတွေ မလုပ်ပေးနိုင်ပေမယ့် သာမာန် စစ်ဘေးရှောင်ပြည်သူများထက် မသန်စွမ်းသူတွေအရေးနှင့် မသန်စွမ်းသူတွေကို နာမကျန်းချိန် ဆေးရုံ၊ ဆေးကုမှု ခံယူချိန်မျိုးမှာ ဆေးဝါးအခမဲ့ ကုသပေးခြင်း၊ တက်နိုင်သလောက် စားသောက်ဖို့ ကူညီပေးနိုင်ရန် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

“ပြည်သူ့အုပ်ချုပ်ရေးအနေနဲ့ မသန်စွမ်းအတွက် သီးသန့်အဖွဲ့ မရှိ‌နိုင်သေးဘူး၊ ဒါပေမဲ့ သူတို့ကို တစ်လမှာ ဆန်တစ်အိတ်ဖိုးလောက်လား၊ တတ်နိုင်သလောက်ပေါ့ ငွေကြေးအနည်းငယ် ကူညီပေးနိုင်တာတော့ရှိပါတယ်။ သူတို့အတွက် ကျန်းမာရေးအပိုင်းကလည်း သီးသန့်မရှိနိုင်ပေမဲ့ ပြည်သူ့အုပ်ချုပ်ရေးအောက်က ကျန်းမာရေးအဖွဲ့ဆို CHO တွေနဲ့တွဲပြီး ကျန်းမာရေးစောင်ရှောက်မှုတွေ‌ပေးတယ်။ အဲအခါမှာလဲ ဆေးဖိုး၊ ကုသစရိတ်‌တွေစသဖြင့် free ပေးတာမျိုးတွေတော့ လုပ်ပေးပါတယ်။ အခုက စစ်ဘေးရှောင်တွေ‌ဆိုတော့ ဆေးရုံဆေးခန်း၊ ဆေးဝါးတွေမရှိသလို မီဇိုရမ်ဘက် ဆေးကုသဖို့ကလဲ မတတ်နိုင်ကြဘူးလေ” လို့ ပြောပါတယ်။

နွေဦးတော်လှန်ရေးအားကောင်းတဲ့ ချင်းပြည်နယ်ဟာ (၃) နှစ်တာကာလ အတွင်း တိုက်ပွဲတွေအများကြီး ဆင်နွဲခဲ့ကြပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းမှာလဲ ထိခိုက်ဒဏ်ရာရပြီး မသန်စွမ်းအရေအတွက်ဦးရေ တိုးများ လာခဲ့ပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF တော်လှန်ရေး သုံးနှစ်ပြည့်ကာလအတွင်း စခန်းသိမ်းတိုက်ပွဲ (၉) ကြိမ်နဲ့ တိုက်ပွဲပေါင်း (၁၇၀) ကျော် ဆင်နွဲခဲ့ပြီး မသန်စွမ်းဖြစ်ခဲ့ရသူ ရဲဘော် (၄၂) ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်အတွင်းက မြို့နယ် (၉) မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ထိခိုက်ပြီး မသန်စွမ်းဖြစ်သွားသူ အရေအတွက်ကို လက်ရှိလုံခြုံရေးအနေအထားအရ အချက်အလက်ကောက်ယူဖို့ ခက်ခဲပြီး တိုက်ပွဲတွေကြောင့် နေ့စဉ်ထိခိုက်မူတွေရှိနေတဲ့အတွက် စာရင်းအတိအကျကောက်ယူဖို့ ခက်ခဲသော်လည်း အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် မြေမြုပ်မိုင်းနင်းမိမှုတို့ကြောင့် မသန်စွမ်းဦးရေ သိသိသာသာတိုးလာနေတယ်လို့ သိရပါတယ်။

လက်ရှိ ချင်းပြည်နယ်က မသန်စွမ်းသူတွေကို အကူအညီပေးဖို့ထက် အကာအကွယ်ပေးဖို့တောင် လှုပ်ရှားဆောင်ရွက် ပြောဆိုမူမျိုး မရှိသလောက် နည်းပါးကြတဲ့အခြေအနေ ဖြစ်နေပါတယ်။ လက်ရှိ တိုင်းပြည်ရဲ့အခြေအနေဟာ မသန်စွမ်းတွေအတွက်တော့ ဘုရားတရုံကလွဲပြီး ဘာမှမျှောင်လင့်ချက်မရှိတော့တဲ့အခြေအနေပါ။

“အပြင်ဖက်မှာဆိုရင် ခွန်အားရစရာ တခုမှမရှိဘူး ဘုရားဆီမှာပဲ ခွန်အားယူတယ်။ နေ့တိုင်း ကျမ်းစာဖတ်တယ်၊ ဆုတောင်းတယ်” လို့ ကိုထန်ရှန်းမုန်က ဆိုပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.