ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦး စိုးတင့် ၏ CNF နဲ့ အစိုးရငြိမ်းချမ်းရေးဆိုင်ရာ ရှင်းလင်းပွဲလူထု အမှာစကား

0

ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့  လူထုမိဘများ၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ကြတဲ့ စီအဲန်အက်ဖ် ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်ကြီးများ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ လူကြီး များ အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း နဲ့ ပြည့်စုံကြပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ကျတော် ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်၊ ကျတော် အမှာစကားကို ပြောမှာ မဟုတ်ပါဘူး၊ ကျတော်ထက် အတွေ့ အကြုံ အများကြီးရှိတဲ့ စီအဲန်အက်ဖ် ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်ကြီးများ၊ ပုဂ္ဂိုလ်ကြီးများရှိနေလို့ပါ။

ကျတော်တို့ အားလုံးသိကြမှာပါ၊ ဒီရှေ့မှာ စုံညီကြတဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေရော၊ ငြိမ်းချမ်းရေး ကိုယ်စား လှယ်တွေရော၊ ဒေသခံပြည်သူတွေရော စိတ်သစ်တွေဖြစ်ခဲ့ကြတာပါ၊ ဟိုတုန်းက လမ်းမှာ တွေ့ကြယင်တောင် မပြော မဆိုရဲကြတဲ့ အနေအထား မရှိတော့ပါဘူး ဆိုတာ ကျတော် ပြောချင်ပါတယ်၊ သို့သော်ငြားလည်းပဲ ဒါတွေဟာ ငြိမ်းချမ်း ရေး အကျိုးတော်ဆောင်တွေ၊ စီအဲန်အက်ဖ်အဖွဲ့ နဲ့ နိုင်ငံတော်အစိုးရရဲ့ ကြိုပမ်းအားထုတ်မှုကြောင့် လွန်ခဲ့တဲ့ အ နှစ် ၂၀ တုန်းက တစိမ်းပြင်ပြင် အနေအထားမျိုးကနေ လက်ရှိအချိန်မှာတော့ အတူစား၊ အတူလာ၊ အတူအိပ် အဆင့် ရောက် သွား ပါပြီ၊

ဒီနေ့  ငြိမ်းချမ်းရေး မီးပွားလေးပေါ့၊ မီးပွားလေး ငြိမ်းမသွားဖို့ အားလုံး အားပေးကူညီ ကြပါလို့ ကျတော်ပြောလိုပါတယ်၊ ဒီငြိမ်းချမ်းရေးမီးပွားလေးကနေပြီးတော့မှပဲ ချင်းပြည်နယ်ကြီး ငြိမ်းချမ်းဖို့၊ ဖွံ့ဖြိုးတိုး တက်ဖို့အတွက် လာကြ၊ ကူညီကြဖို့ ကျတော့် အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်၊ တိုင်းပြည် တပြည်၊ ပြည်နယ် တခု၊ ခရိုင် တခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက အကျဆုံးမှာ ဒေသခံပြည်သူ လူထု အားလုံး စည်းလုံးညီညွတ်မှုပါပဲ၊ နောက်ပြီး အဓိက အရေးကြီးဆုံးက တိုင်းပြည်၊ ပြည်သူ လူထု ငြိမ်းချမ်းတည်ငြိမ်မှုပါပဲ၊ တိုင်းပြည်၊ ပြည်နယ်၊ ပြည်သူ မစည်းလုံးဘူး၊ မအေးချမ်းဘူး၊ မတည်ငြိမ်ဘူး ဆိုယင် ဘယ် တော့မှ မတိုးတက်ပါဘူး၊ ဒီနေ့ ကမ္ဘာနဲ့ယှဉ်ကြလို့ရပါတယ်၊  မတည်ငြိမ် မအေးချမ်းပဲ တိုးတက်ကြီးပွားတဲ့ တိုင်း ပြည်ဆို လို့ ဘာတခုမှ သာဓက ပြစရာမရှိပါဘူး၊ ဒါကြောင့် အေးချမ်းမှု ရှိအောင် စည်းလုံးမှုရှိအောင် ၀ိုင်းဝန်းပံ့ ပိုးကြပါ လို့ မေတ္တာ ရပ်ခံလိုပါတယ်၊

နောက်တချက်ကတော့ မတူကွဲပြားတဲ့ ကိစ္စပါ၊ ဘယ် တိုင်းပြည်၊ ပြည်နယ်၊ ခရိုင်တွေမှာ မတူကွဲပြား တာတော့ ရှိနေမှာပါ၊ ဒါတွေကတော့ အနီးစပ်ဆုံးအိမ်ထောင်စု တခုကို ကြည့်လိုက်ယင် အားလုံး သိကြမှာပါ၊ ဒီလင် ဒီမယားက မွေးတဲ့ သားသမီး တွေဟာ တဦးချင်းမတူကြပါဘူး၊ ဒီတော့ မတူ ကွဲပြားတာကို အားနည်းချက်တခုနဲ့ မရှုမြင်ပဲ အားအင်တရပ်အနေနဲ့ ယူလို့ ရှိယင် တိုးတက်မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလတုန်းက အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်ကို လာသွားပါတယ်၊ သူ့နိုင်ငံမှာလည်းပဲ မတူကွဲပြား မှုတွေ အများကြီးရှိပါတယ်လို့ ပြောသွားပါတယ်၊ သို့သော်လည်းပဲ မတူကွဲပြားတာတွေကို စုစည်းပြီး လူမျိုး တမျိုးထဲ နိုင်ငံတနိုင်ထဲ ယူတဲ့ အခါကျတော့ အမေရိကန် နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံအဆင့်ရောက်သွားပါတယ်၊ ဒီနေ့ ကျတော် တို့ ချင်းပြည်နယ် ဟာလည်းပဲ မတူကွဲပြားတာတွေ အများကြီးပါပဲ၊ ဒါပေမဲ့ မတူကွဲပြားတာကို စုစည်းပြီး အားအင် တရပ်နဲ့ အသုံးချပါက မတိုးတက်စရာမရှိပါဘူးလို့ ကျတော် မြင်ပါတယ်၊

နောက်တချက်ကတော့ ဒီနေ့ နိုင်ငံတော်အနေနဲ့ ဖော်ဆောင်နေတဲ့ အနေအထားတွေကို တင်ပြ ချင်ပါတယ်၊ နိုင်ငံတော် အနေနဲ့ ထင်သာမြင်သာတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပါတယ်၊ ပွင့်လင်းပြီး ထင်သာမြင်သာတဲ့ ပြုပြင် ပြောင်း လဲရေးကို ဖော်ဆောင်နေပါတယ်၊ ဒီလိုလုပ်နေတဲ့ နေရာမှာ ပြည်သူတွေက အဓိက ကျပါတယ်၊ နိုင်ငံတော်အနေနဲ့ ဖြစ်ဖြစ် ၊ ပြည်နယ်အနေနဲ့ ဖြစ်ဖြစ် ဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပါတယ်၊ အဲဒီမှာ ပြည်သူတွေ လာကြပါ၊ တက် ကြပါ၊ နားထောင်ကြပါ၊ အကြံတွေ ပေးကြပါလို့ ဖိတ်ခေါ်ပါတယ်၊ ဒါပေမဲ့ တက်ရောက်လာတာ နည်းပါတယ်၊ ချင်း ပြည်နယ်မကလို့ ရန်ကုန်၊ နေပြည်တော်တွေမှာလည်း တွေ့ဆုံပွဲတွေလုပ်ပေမဲ့ လာတာ အား နည်း ကြတယ်၊ ဒီတော့ ဒီမိုက ရေစီစနစ်မှာ ပြည်သူတွေ ဗဟုသုတမကြွယ်ဝယင်၊ ပြည်သူတွေ ပညာ မတတ်ယင် ပြည်သူတွေ ညံ့မှာ ဖြစ်ပါတယ်၊ ပြည်သူ တွေညံ့ယင် ပြည်သူတွေ ရွေးထားတဲ့ ကိုယ်စား လှယ်တွေကလည်း ညံ့မှာ ဖြစ်ပါတယ်၊ ညံ့တဲ့ကိုယ့်စားလှယ်တွေက ဖော် ဆောင်တဲ့ ဒီမိုကရေစီ ဟာလည်း ညံ့မှာ ဖြစ်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်မှာ အရေးကြီးဆုံးက ပြည်သူလူထု ပါပဲ၊ ပြည်သူကရွေးတဲ့ အစိုးရ၊ လွှတ်တော်ကပဲ နိုင်ငံတော်ကို အကောင်အ ထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ အဲဒါ ကြောင့် ဆွေးနွေးပွဲမှာပဲဖြစ်ဖြစ် လွှတ်တော်မှာပဲဖြစ်ဖြစ် ပါဝင်ကြပါ၊ တင်ပြကြပါ၊

အဲဒီတော့ ကျတော့် အနေနဲ့ နောက်တဆင့် တင်ပြလိုတာကတော့ ဂျာနယ်မှာပဲဖြစ်ဖြစ်၊ သတင်းမှာပဲ ဖြစ်ဖြစ် ပွင့် လင်းမြင် သာမှုတွေက စာမျက်နှာ တော်တော်များများမှာ နေရာယူထားပါတယ်၊ ဒီနေ့ လက်ပံတောင်းတောင်စီမံကိန်း ကိစ္စမှာ လည်း ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး လုပ်နေကြတာကို တွေ့ရပါတယ်၊ ဒီနေ့ ချင်းပြည်မှာလည်းပဲ အရေးကြီးတဲ့ အခြေအ နေကို ရောက်နေပါတယ်၊ ဒီတော့ ဒီနေ့ဒီချိန်မှာ ပွင့်လင်းမြင်သာမှု မရှိခဲ့လို့ ဆိုတာမျိုး မဖြစ်ရအောင် ဒီတွေ့ဆုံပွဲ လေးလုပ်တဲ့ အချိန်မှာ ဒီငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပါတ်သက်လို့ ဆောင်ရွက်နေတဲ့ အချိန်မှာ ဒီငြိမ်းချမ်းရေး ဖော် ဆောင်ရေးနဲ့ပါတ်သက်လို့ ဆောင်ရွက်နေတဲ့ အချက်တွေကို ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေကနေ တင်ပြမှာ ဖြစ်ပါ တယ်၊ မသိတာတွေ မရှင်းတာတွေရှိယင် ပွင့်ပွင့်လင်းလင်းနဲ့ မေးကြဖို့ တင်ပြချင်ပါ တယ်၊ ပွင့်လင်းမြင်သာမှုရှိဖို့ မေးကြ ပါလို့ တင်ပြလိုပါတယ်၊

အတိတ်မှာတော့ ရှိခဲ့ကြမှာပါ၊ ကျတော်ကိုယ်တိုင်လည်း တပ်မတော်မှာ အနှစ် ၂၀ တာဝန်ထမ်းဆောင် ခဲ့ပြီးမှ ပြည်ထဲရေး ၀န်ကြီးဌာနကို ပြောင်းရွှေ့ပြီး နယ်ဖက်တာဝန်ကို ထမ်းဆောင်တာဖြစ်ပါတယ်၊ ဒါကြောင့် စစ်ရေးအတွေ့အကြုံအများကြီး ရှိခဲပါတယ်၊ နေရာ အနှံ့ တနိုင်ငံလုံးနီးပါးရောက် ရှိခဲ့ကြပါ တယ်၊ ဒီချိန်မှာ စစ်ရေးသဘောတရားကို အားလုံးနီးပါးသိခဲ့ကြပါ တယ်၊ ဒီမှာ အတိတ်က ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ကြ၊ ဒီချိန်မှာ လိုအပ်တာကတော့ ပြန်လည် လက်စားချေရေးဆိုတာ မလိုအပ်ပဲပြန်လည် ရင်ကြားစေ့ရေးက အလိုအပ်ဆုံးဖြစ်ပါတယ်၊ ဒါလေးကို ၀ိုင်းဝန်းပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြဖို့ ကျတော့်အနေနဲ့ မေတ္တာရပ်ခံယင်း နိဂုံးချုပ်ပါတယ်၊

Share.

About Author

Comments are closed.