မလေးရှား ချင်းဒုက္ခသည် တဦး လူဆိုးတွေက သတ်

0

ဇန္န၀ါရီလ ၀၁ ရက်နေ့ နှစ်သစ်ကူးည ပျော်ပွဲထွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူရောက် ချင်းဒုက္ခသည် တဦး မလေးရှား လူဆိုးတွေက ရိုက်သတ်လိုက် သည်ဟု သိရသည်။

ချင်းပြည်နယ်မြို့တော် ဟားခါး၊ မြို့သစ် ရပ်ကွက်နေ Hrekung (25) နှင့် အဖော် ၈ ဦးတို့သည် နှစ်သစ်ကူး ပွဲတော်က အပြန် ည သန်းခေါင် ၁၂း၀၀ တွင် လူဆိုး ၂၀ ဦးက ရိုက်နှက်ကြခြင်းဖြစ်သည်။

“Hangtuang ရထားဂိတ်မှာ ရထားစောင့်နေချိန် လူဆိုးတွေက ရိုက်နှက်ကြတယ်၊ တခြားအဖော်တွေ က ရှောင်ပြေး နိုင်ခဲ့ကြတယ်” ဟု နီးစပ်သူ တဦး က ပြောသည်။

သေဆုံးသူအလောင်းကို နယ်မြေခံရဲတွေက Chawkit ဆေးရုံမှာ ထားရှိလိုက်ကြောင်း၊ အလောင်းကို သယ်ယူခွင့် မရ သေးကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံရသည့် ချင်းပြည်နယ်၊ ချင်းပြည်သူပြည်သားများသည် မိသးစု စားဝတ် နေရေး ပိုမို အဆင်ပြေစေရေးအတွက် မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခံယူပြီး အလုပ်လုပ် နေကြခြင်း ဖြစ် သည်။

မလေးရှားနိုင်ငံတွင် ချင်းဒုက္ခသည် (၄) သောင်းခန့်ရှိမည်ဟု ပြောကြသည်။

Share.

About Author

Comments are closed.