ထန်တလန်လူထုခေါင်းဆောင်များ အရက်ရောင်းသူ တရားစွဲရေး မြိ့နယ်ထွေအုပ်ထံ တင်ပြ

0

ချင်းပြည်နယ် ထန်တလန်မြို့ပေါ် လူထုခေါင်းဆောင် ၄၅ ဦးက မြို့ပေါ်တွင် တရားမ၀င် အရက်ခိုးရောင်းနေ သူများအား တရားစွဲဆိုရေး မြို့နယ်ထွေအုပ်ထံ ယခုလ၁၇ ရက်နေ့က တင်ပြကြသည်ဟု ဒေသထုတ် ဟားခါးပို့စ်တွင်ဖော်ပြထား သည်။


မြိ့ပေါ်ရှိ ဘာသာရေးအသင်းအဖွဲ့မှ သိက္ခာတော်ရဆရာများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား ခေါင်းဆောင်များ နှင့် YMCA မှ တာဝန်ရှိသူများသည် ရိုးရာဝတ်စုံဝတ်ဆင်လျက် မြို့နယ်ထွေအုပ်ရုံးသို့ သွားရောက် တင်ပြကြခြင်းဖြစ်သည်ဟု သိရသည်။

“ အဲဒီကိစ္စကို မူးယစ်ဆေးဝါး ဥပဒေအရ အလေးထားဖြေရှင်းပေးသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဂတိပေးတယ်” ဟု မြို့မိမြို့ဖ တဦးက ပြောသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး Pu Rum Thang မှ အရက်ခိုးရောင်းသူများအား စစ်ဆေးပေးရေးတောင်းဆိုချက်အရ အရက်ခိုးရောင်းသူ နှစ်ဦးကို လူထုခေါင်းဆောင်များက တရားစွဲဆိုခဲ့သော်လည်း သက်ဆိုင်ရာက အရေးတယူ မပြုလုပ် သောကြောင့် ယခုကဲ့သို့  တင်ပြကြခြင်းဖြစ်သည်။

“ ဒီအမှုက ဥပဒေအရ အနည်းဆုံးထောင်ဒါဏ် (၆)လ ကျခံနိုင်တဲ့ အမှုဖြစ်တယ်လို့ မြို့နယ်ဥပဒေမှူးက ပြောတယ်” ဟု ကျောင်းသားခေါင်းဆောင်တဦးက ပြောသည်။

ထန်တလန်မြို့ပေါ် အရက်တားဆီးရေးကို ခရစ်ယာန်ဘာသာအသင်းအဖွဲ့များက နှစ်စဉ်နှစ်တိုင်း အရက်လိုင်စင်ကို ၀ယ် ယူလျက်ရှိကြသည်။

ဘာသာရေးအသင်းအဖွဲ့များ၊ လူငယ်ခေါင်းဆောင်များ၊ မြို့မိမြို့ဖ၊ ထွေအုပ်ရုံး၊ မြို့နယ်ပြည်သူ့ရဲများ စုပေါင်းပြီး ထန်တ လန်မြို့ပေါ် အရက်တားဆီးရေးကို ဆထက်တံပိုး ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်ဟု လည်း ကြားသိရသည်။

Share.

About Author

Comments are closed.