CNF အဓိပတိကောင်စီဝင် တဦး မွေးဌာနေ လူထု နှင့် တွေ့ဆုံ

0

ချင်းအမျိုးသားတပ်ဦး၏ အဓိပတိကောင်စီဝင် Pu Thang Ning Kee သည် ဒေသစည်းရုံးရေး တာဝန်ခံ Salai AungLing Thang နှင့်အတူ ၄င်း၏ မွေးဇာတိ ချင်းပြည်နယ် မင်းတပ်မြို့ နယ် Zophaung, Hla Tui ရွာမှ ဒေသခံများနှင့် ၂၄ ဇန္န၀ါရီ ၂၀၁၃ ခုနှစ်က တွေ့ဆုံခဲ့သည်ဟု သိရသည်။

Pu Thang Ning Kee သည် ၂၀၁၂ ဒီဇင်ဘာ ၇-၉ အကြား ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်း ချမ်းရေးဆွေးနွေးပွဲအပြီး လက်ရှိ အခြေစိုက် ကနေဒါ နိုင်ငံ အပြန်ခရီးတွင် ယခုကဲ့သို့ ဒေသခံ များ နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“ တွေ့ဆုံပွဲမှာ ပူး ထန်းနိန်းကီး က ၂၇ ချက်ပါ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေကို ရှင်းလင်းပြီး ကျတော်က ချင်းအမျိုးသား သမိုင်းနဲ့ CNF ပေါ်ပေါက်လာပုံတွေကို ရှင်းလင်းပါ တယ်”  ဟု ဆလိုင်းအောင်လိန်းထန်းက ပြောသည်။

ဒေသခံပြည်သူလူထုက ဒေသခံ ခရစ်ယန်အသင်းတော်က ချင်းရိုးရာ ၀က်တကောင်ဖြင့် ကြိုဆို ဧည့်ခံမှုပြုကြကြောင်း ကျေးရွာနှစ်ရွာ ပူးပေါင်းပြီး ၄င်းတို့ လာမည့် ကားလမ်းကို ပြပြင်ခြင်းပေါင်း ရှင်းခြင်းများပြုလုပ်ပေးကြကြောင်းထပ်မံ ဆို သည်။

ထို့အပြင် ၂၅ ဇန္န၀ါရီလတွင် မင်းတပ်မြို့ပေါ် ဌာနဆိုင်ရာ ပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့ကြောင်း ဌာနဆိုင်ရာ ၀န်ထမ်းတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

Share.

About Author

Comments are closed.