ဒေလီရောက် ချင်းဒုက္ခသည် တဦး ခွေးကိုက် ဒါဏ်ရာကြောင့် သေဆုံး

0

ယနေ့ နံနက် အိန္ဒိယ စံတော်ချိန် ၅း၀၀ နာရီ ခန့်က ဒေလီရောက်ချင်းဒုက္ခသည်  Pu Thang Chum (၆၀) သည် ခွေးကိုက် ဒါဏ်ရာကြောင့် သေဆုံးသွားကြောင်း သိရသည်။

ယခု နှစ် မတ်လ ၂၁ ရက်နေ့က အပြင်ထွက်ချိန်မှာ ခွေးက သူ့ခြေမကို ကိုက်ပြီး ဆေးခန်း တွင် ဆေး ၇ ကြိမ်ထိုးခဲ့ပြီး နောက် ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့တွင် ဒါဏ်ရာသည် ပြန်လည် ယားယံ လာ သောကြောင့် ဆေးခန်းသို့ ပြန်လည် ပြသခဲ့ရာ ဆရာဝန်မှ ဆေးရုံသို့ ချက်ချင်းပို့ခိုင်းခဲ့သည်။

လူနာသည် မကြာမကြာ သွေးလန့်ပြီး အိပ်မရ နိုင်ဖြစ်ခဲ့ရာ Mata Channan Dei Hospital , Delhi ဆေးရုံ ဆရာဝန်ကောက်ချက်အရ လူနာ တကိုယ်လုံး ခွေး အဆိပ်က လွှမ်းနေပြီဖြစ်သည်ဟု သိရသည်။

လူနာကို ဇွန်လ ၃ ရက်နေ့တွင် D D U ပြည်သူ့ဆေးရုံးကြီးသို့ ပြန်လည်ပြသ ကြသော်လည်း ဆရာဝန်တွေက လက်မြှောက်ကြသဖြင့် အိမ်သို့ ပြန်လည် သယ်ဆောင်လာကြပြီး အိမ်တွင် တညသာ အသက်ရှင်ခဲ့ပြီး ယခုကဲ့သို့ ဆုံးပါးသွားခြင်းဖြစ်သည်။

ကွယ်လွန်သူ ပူး ထန်ချုံးသည် ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ မှူန်ဟဲလ် ရွာသားဖြစ်ပြီး သူ့ ဇနီးနှင့် အတူ ဒေလီတွင် ဒုက္ခသည် အဖြစ်နေထိုင်ကြသူများဖြစ်သည်။

Share.

About Author

Comments are closed.