ချင်းလူငယ်အဖွဲ့ နိုင်ငံခြားသားအပန်းဖြေ စခန်းနေရာ လေ့လာ

0

ဇန္န၀ါရီလ ၃၁ ရက်နေ့က ဒေါက်တာမှုထန်း ( ညောင်နှစ်ပင်ညီလာခံ တက်ရောက် ခဲ့သူ) အပါအ၀င် ဟားခါးမြို့ပေါ် လူငယ်  မြို့မိမြို့ဖ ၁၅ ဦးတို့ ပါဝင်ပြီး ချင်းတောင် တွင် နိုင်ငံခြား သားများ အပန်းဖြေ စခန်းအတွက်နေရာလေ့ လာမှုပြုကြကြောင်း သိရသည်။

ဟားခါးနှင့်ထန်တလန်မြို့အကြားTimitချောင်း အနီးတ၀ိုက် တောင်ကုန်းနေရာများကို အဓိက ထား လေ့လာမှု ပြုကြ ကြောင်း ဟားခါးလူငယ်တဦးက ပြောသည်။

“ နိုင်ငံခြားသားဧည့်သည်တွေ အပန်းဖြေစခန်းအတွက် ရည်ရွယ်ထားတာပါ၊ Al Lung pu နဲ့ Nawn tlawk နေရာတွေ ကို လေ့လာကြတယ်၊ မတ်လကနေ စတင် အကောင်ထည်ဖော်ဖို့ စီစဉ်ထားတယ်” ဟု ပြောသည်။

အဆိုပါ Timit ချောင်းသည် ချင်းပြည်နယ် တွင် အကြီးဆုံးမြစ်ဖြစ်သော ကုလားတန် မြစ်ဖျားခံ ရာဖြစ်ပြီး  ဟားခါး မြို့မှ ၄ မိုင်၊ ထန်တလန်မြို့မှ ၁၇ မိုင်အကြား  ကားလမ်းပေါ်တွင် တည်ရှိသည်။

ချင်းပြည်နယ်သည် တောင်ကုန်းတောင်တန်းများဖြင့် စုဖွဲ့ထားပြီး အဖိုးတန် သစ်ခွ၊ ထင်းရူး၊ ချယ်ရီ၊ တောင်ဇလပ်ပန်း များဖြင့် အင်မတန် ကြည်နူးဖွယ်ကောင်းသည့် ဒေသဖြစ်သည်။

ပြည်ထောင်စု အစိုးရ နှင့် ချင်းအမျိုးသားတပ်ဦးတို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ ဒုတိယ အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေး သဘောတူညီချက်ထဲတွင် ချင်းပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် ကမ္ဘာလှည့် ခရီးသည်များ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ကို ပြည်ထောင် စုအစိုးရက အကောင် ထည်ဖော်ဆောင်ရွက်ရန် သဘောတူထားသည်။

Share.

About Author

Comments are closed.