တည်းခိုခန်းအတွက် ရေသွယ်ယူမှု ဒေသခံများ ကန့်ကွက်

0

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်တွင် ဦးမျိုးမြင့်မှ တည်ခိုခန်းတည်ဆောက်ရန် အတွက် ဒေသခံ ပြည်သူများက ကာ ကွယ်ထားသည့် ရေစမ်း ဦး ရေဝေရေလဲ နယ်အတွင်း ရေသွယ်ယူမည့် အပေါ်ဒေသ ခံပြည်သူများက ကန့်ကွက် လိုက်သည်။

အဆိုပါ ရေစမ်းဦးချောင်းသည်  ကန်ပက်လက်မြို့ပေါ် အုတ်ဖိုရပ်ကွက်နှင့် မကျောက်အား ကျေးရွာ အထက်နား ကာကွယ် ထား သည့် နေရာ မှ ကောလင်းချောင်းသို့စီးဆင်းသွားသည်။

“ ရေစမ်းဦးချောင်းက ရေ အားလုံးသွယ်ယူ မှာဖြစ်တယ်၊ အနာဂါတ်ဒေသခံအတွက် စိုးရိမ် ရပါ တယ်” ဟု ဒေသခံ တဦးကပြော သည်။

ဦးမျိုးမြင့်က မိမိကိုယ်ပိုင်စီးပွားရေးအတွက် ရေသွယ်ယူမည့် အပေါ် အုတ်ဖို၊ ၁၀ မိုင်ကုန်း၊ ကြက်ခြံကျေးရွာ မှ ဒေသခံ ၆၃ ဦးက ကန့်ကွက်လက်မှတ် ထိုးပြီး သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးထံ အရေးယူဆောင် ရွက်ပေးရေး ယခုလ ပထမ ပတ်က တင်ပြ တောင်းဆို ထားသည်။

“ ဦးမျိုးမြင့်က ကန်ပက်လက်မြို့ပေါ်မှ မြို့မိမြို့ဖ ဦးမြမောင်၏ ခွင့်ပြုချက်အရ လုပ်ဆောင် ခြင်းဖြစ်တယ်လို့ အကြောင်း ပြတာ၊ အဲဒါက ဦးမြမောင်နဲ့ မဆိုင်ဘူး၊ အာဏာပိုင်၊ ဒေသခံ ပြည်သူတွေနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တယ်” ဟု ဒေသခံ တဦးက ပြောသည်။

ဒေသခံများက တည်းခိုခန်းအတွက် ရေမြောင်းတူးနေသူ အလုပ်သမားများသည် ဒေသခံများ၏ ဆိတ်၊ မော်တော် ဆိုင် ကယ်၊ ငွေကြေးပစ္စည်းများ ခိုးယူခြင်းပြုလုပ်နေကြောင်း အကျိုးဆက်အဖြစ် ဓါးထိုးမှုများဖြစ်ပွားနေကြောင်း ကန်ကွက် စာ တွင် တင်ပြထား သည်။

တင်ပြစာတွင် မြို့နယ်စည်ပင်၊ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦး တို့အား မိတ္တူပေးပို့ထား သည်။

Share.

About Author

Comments are closed.