ချင်းတော်လှန်ရေးလက်နက်ကိုင် CNF က ချင်းပြည်နယ်အတွင်း အဖိုးတန် ပန်းမာလ် များ ရောင်း ၀ယ်လုပ်စားခြင်းမပြုရန် ယနေ့ တားမြစ်လိုက်သည်။
စာအမှတ် ၀၁/၂၀၁၃။ အပိုဒ် ၀၁/၁၀ အရ ပဉ္စမအကြိမ်ပါတီညီလာခံသက်တမ်း၊ သတ္တမ အကြိမ် ဗဟိုအလုပ်အ မှုဆောင်ကော် မီတီအစည်းအဝေး ဆုံးဖြတ် အရ ချင်းလဲန်းတွင် အလှပန်းမာလ် များ၊ တောင်ဇလပ်ပန်းနှင့် ပန်းရိုးများရောင်း ဝယ် လုပ် စားခြင်းကြောင့် သစ်တောဖြုန်း တီးမှုများ ရှိနေကြော
“ကျတော်တို့ ချင်းလဲန်ထဲမှ အဖိုးတန်သစ်ခွ၊ သဇင်၊ တောင်ဇလပ်ပန်းများကြောင့် သစ်ပင်တွေကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲ နေကြတာ တားမြစ်ပေး ဖို့ ပြည်သူတွေက တောင်းဆိုလာတဲ့ အပေါ် ယခုလို လုပ်လိုက်ရတာပါ” ဟု ပါတီရေး ရာဌာန အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။
တဆက်တည်းဤတားဖြစ်ချက်ကို နိုင်ငံခြားရောက် ချင်းအမျိုးသားများမှတဆင့် မိမိ တို့ ကျေး ရွာ ဒေသ များသို့ Email/ Phone ဖြင့် အသိပေးအကြောင်းကြားပေးပါရန် နှင့် ချင်းအမျိုးသား တပ်ဦး၊ ပြည်တွင်း ဆက်ဆံရေးရုံးနှင့် အခြား ဌါနဆိုင် ရာ ရုံးများမှတဆင့် ပြည်သူများသို့ ဖြန့်ဝေ အသိပေး ပါရန် မေတ္တာ ရပ်ခံထားသည်။
ချင်းပြည်ရှိ အဖိုးတန် သစ်တောထွက်ပစ္စည်းများကို အဓိကအားဖြင့် မန္တလေးမှ တဆင့် တရုတ်ပြည် သို့ တင်ပို့ကြကြောင်း သိရသည်။
ထို့အပြင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဒေသခံတချို့သည် တောင်ဇလပ်ပန်းကို ၀ိုင်အဖြစ် ထုတ်လုပ် ရောင်းချ နေရသဖြင့် တောင်ဇလပ်ပင်များ ပြုန်းတီးမှုများရှိနေသည်။
“တောင်ဇလပ်ပန်း အစိုတပိသာကို ကျပ်ငွေ ၈၀၀ နဲ့ ၀ယ်ယူပြီး ၀ိုင်အဖြစ်ထုတ်လုပ်တယ်၊ ၀ိုင်တပု လင်းကို ကျပ်ငွေ ၁၀၀၀ နဲ့ ပြန်ရောင်းကြတယ်၊ ဘာပဲဖြစ်ဖြစ် အပွင့်ခူးတာတော့ ရပါတယ်၊ ပင်စည် ခုတ်လှဲတော့ လုံးဝမဖြစ်သင့်ဘူး” ဟု ချင်း အမျိုးသားတပ်ဦး ပြန်ကြားရေး အတွင်းရေးမှူး ပူး ငိုင်းကြားထန်းက ပြောသည်။
ချင်းအမျိုးသားတပ်ဦးသည် ၁၉၉၄ – ၁၉၉၅ ခုနှစ်ကတည်းက အောက်ချင်းငှက် နှင့် ရှားပါး တိရိစ္ဆာန် များဖြစ်သည့် ကျား၊ ဆင်၊ ပြောင်၊ ၀က်ဝံ၊ မျောက်၊ မျောက်လွဲကျော် များအား သတ် ပစ်ခြင်း မပြုလုပ်ရန် မိုင်းဗုံး၊ ဒိုင်နမို၊ အဆိပ် ဖြင့် ရေ သတ္တ၀ါ များ ဖမ်းဆီးခြင်း၊ တိရိစ္တာန်များ မျိုးပွား ချိန်တွင် သတ်ဖြတ်ခြင်းမပြုလုပ်ရန်တားမြစ်