Myanmar Egress က မင်းတပ်မြို့တွင် WAY out to Freedom သင်တန်းပို့ချ

0

ရန်ကုန်အခြေစိုက် Myanmar Egress က ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်တွင် WAY out to Freedom ခေါင်း စဉ်ဖြင့် သင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိသည်။

သင်တန်းကာလမှာ ဖေဖေါ်ဝါရီ ၂၆ ရက် မှ ၂၉ ရက်နေ့အထိကြာမြင့်ပြီး သင်တန်းဆရာ (၄) ယောက် နှင့် သင်တန်းသား ၁၀၀ ခန့်ပါဝင်ကြောင်း သင်တန်းတွင် နိုင်ငံရေးပါတီ၊ လူမှုအသင်းအဖွဲ့မှ ပုဂ္ဂိုလ်များ အဓိက ပါဝင်ကြောင်းသိရသည်။

“ ယောင်္ကျားလေး ၆၀၊ မိန်းကလေး ၄၀ ပါဝင်တယ်၊ အဓိက ချင်းအမျိုးသားပါတီနှင့် ချိုးလူငယ်အသင်းတို့မှ ကမကထပြု တယ်၊ သင်တန်းကို မင်းတပ်မြို့ စံပြရပ်ကွက်ကုမ်သီခန်းမမှာ ပြုလုပ်တာဖြစ်တယ်” ဟု ဆလိုင်းအောင်အောင်က ပြော သည်။

သင်တန်းဘာသာရပ်များတွင် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ၊ ဒီမိုကရေစီ နှင့် နိုင်ငံတော်တည်ဆောက်ရေး၊ အစိုးရစနစ်အတွင်း လူထုပါဝင်လုပ်ဆောင်မှုနှင့် လူမှုရေး တာဝန်ခံမှု၊ အရပ်ဖက်လူမှု အဖွဲ့ အစည်းနှင့် ဒီမိုကရေစီဇေးရှင်း၊ နိုင်ငံရေးဘောဂဗေဒ ဆိုင်ရာဘာသာရပ် တို့ပါဝင်ကြောင်း ဆက်ဆိုသည်။

သင်တန်းသားများကို အဖွဲ့ ခုနှစ်ဖွဲ့ဖြင့် ဖွဲ့စည်းစေပြီး မိဘမဲ့ကလေးထောက်ပံ့ရေး အဖွဲ့ ၅ မှ ပထမဆု ရရှိကြောင်း ကျန်အဖွဲ့များကိုလည်း လက်ဆောင်ချီးမြှင့်ကြောင်း ထို့အပြင် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့် ကြောင်း သိရသည်။

နောက်နောင်တွင်ဒီလိုမျိုးသင်းတန်းဆက်တိုက်ပို့ချဖို့ သင်တန်းသားများမှ မေတ္တာရပ်ခံထားသည့်အပြင် သင်တန်းဆရာ များအား ချိုးလူငယ်အဖွဲ့မှ အမှတ်တရ လက်ဆောင်များ ပေးအပ်ကြောင်း သိရသည်။

Share.

About Author

Comments are closed.