အသရေဖျက်မှုဖြင့် Pastor တဦးတရားစွဲ ဆိုခြင်းခံရ

0

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ထန်တလန်မြို့ နေ Pi Khual Dim ၏နေအိမ်ကို Thantlang Christian Fellowship (TCF)၏ Pastor Sang Hre Lian ဦးဆောင်သည့် အဖွဲ့ က စစ်ဆေးခဲ့ရာ အသရေ ဖျက်မှုဖြင့် မတ်လ (၇) ရက်နေ့ တွင် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့  ညနေ ၄း၁၅ နာရီတွင်  ထန်တလန်မြို့ နယ်မှူး Pu Rum Thang အမိန့် အရ မီးသတ်တပ်ဖွဲ့ ၊ ရပ်ကွက် လူကြီး၊ TCF လူငယ်အဖွဲ့ ကို ဦးဆောင်သည့် Pastor Sang Hre Lian က Pi Khual Dim ၏နေအိမ်ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသ ခံတဦး ကဆိုသည်။

တရားမ၀င် အရက်ရောင်းဝယ်မှုပြုလုပ်သည်ဟု မင်္သကာသူ Pi Khual Dim အိမ်ကို ယင်းကဲ့သို့  စစ်ဆေးခြင်းသည် အသရေဖျက် ရာရောက်ကြောင်း အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်သည်။

“သူတို့  အိမ်ထဲဝင်လာတဲ့အခါ ကျမအိမ်ကို မစစ်ဆေးဖို့ ၊ ကျမရဲ့  သိက္ခာအတွက်လည်း စဉ်း စား ပေး ကြပါလို့  အကြိမ်ကြိမ်တောင်းပန်တယ်၊ မရဘူး အရက်ကို အိမ်ထဲမှာ လိုက်ရှာကြတာ၊ ကျမ ရောင်းတဲ့ ဟင်းသီးဟင်းရွက်ကိုလည်း ဖရိုဖရဲဖြစ်အောင်လှန်ပြီး ရှာကြတယ်၊ ပစ္စည်းဝယ်မယ့် သူတွေလည်း ကြောက်လန့် ပြီးတော့ ငွေမပေးဘဲ ထွက်သွားသူတွေလည်း ရှိတဲ့ အတွက် ကျမ တော်တော် အထိနာတယ်” ဟု Pi Khual Dim ကတရားရုံးတွင် ထွက်ဆိုခဲ့သည်။

အရက်မရောင်းသည့် အတွက် ယခုကဲ့သို့  စစ်ဆေးသည့်အခါ အရက်မတွေ့ ရှိကြောင်း၊ စစ်ဆေး သည့်အဖွဲ့ ထဲတွင် အိမ်စစ်ဆေးပိုင်ခွင့်ရှိသည့် အာဏာပိုင်တဦးတယောက်မျှမပါရှိကြောင်း၊ ထန်တလန်မြို့ ပေါ်တွင် Pu Ngun Chan, Pu Myint Lwine, Pu Tri Tling နှင့် Pu Thla Hmung တို့ သာလျင် စစ်ဆေးပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း Pu Khual Dim ကဆိုသည်။

အိမ်စစ်ဆေးသည့်အခါ ထန်တလန်မြို့ နယ် တောင်ကျောဘော်လုံးပွဲ ကျင်းပချိန်ဖြစ်၍ ဘော်လုံး ပွဲ ကြည့်နေသည့် Pu Rum Thang နှင့် Dr. Hmu Thang ဆီသွားကာ အကျိုးအကြောင်း ရှင်းပြ ခဲ့သော်လည်း မည်သည့် တုန့် ပြန်ချက်မှ မပေးကြကြောင်း သူမက ဆက်ဆိုသည်။

မိမိသည်လည်း ကချင်ပြည်နယ် မြစ်ကြီးနား ကျမ်းစာကျောင်းဆင်းဖြစ်ပြီး Pastor တာဝန် ၁၁ နှစ်ခန့်  ထမ်းဆောင်ဖူးခဲ့ကြောင်း၊ Pastor တာဝန်ထမ်းဆောင်ခဲ့စဉ် အရက်သောက်သုံးသူ၊ အခက် အခဲကြုံသည့် သူများကို အတတ်နိုင်ဆုံး ကူညီရင်း ဆုတောင်းပေးခဲ့ကြောင်း၊ သို့ သော် ယခု Pastor တဦးမှ မိမိအပေါ် ပြုမှုခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း သူမက ဆိုသည်။

Pastor Sang Hre Lian ကမူ” ကျတော်တို့  မစစ်ဆေးခင်မှာ ထန်တလန်မြို့ နယ်မှူး Pu Rum Thang ကို တိုင်ပင်ခဲ့တယ်၊ သူ့ အမိန့် အရ စစ်ဆေးတာပါ။ မစစ်ဆေးခင်မှာလည်း Pi Khual Dim ကိုခွင့်တောင်းတယ်။”ဟု တရားရုံးတွင် ထွက်ဆိုသည်။

ယခုအရက်ရောင်းခွင့်လိုင်စင် ကိုင်ဆောင်သူ (၄)ဦးရှိပြီး ယင်းပုဂ္ဂိုလ်များကို TCF မှ အရက်မရောင်း ရန် ထောက်ပံ့ခြင်း ဖြစ်ကြောင်း ဆက်ဆိုသည်။

Pi Khual Dim ကိုမကြေမနပ်ဖြစ်ကာ ယင်းကဲ့သို့ စစ်ဆေးခြင်း မဟုတ်ကြောင်း၊ ထန်တလန်မြို့  ပေါ် တွင် အရက် တရားမ၀င် ရောင်းဝယ်ခြင်းမပြုလုပ်ရန် ရည်ရွယ်၍ အရက်ရောင်းသည့် အိမ်တိုင်း ကိုစစ်ဆေးခြင်းဖြစ်ကြောင်း၊ Pi Khual Dim ရဲ့ အိမ်တအိမ်ထဲ စစ်ဆေးတာ မဟုတ်ကြောင်း TCF Pastor ကဆိုသည်။

ထို့ အပြင် အရက်ရောင်းဝယ်ခြင်းမပြုလုပ်ရန် ၁၉၉၉ခုနှစ် ထန်တလန်မြို့ နယ် ရာပြည့်နှစ် လူထု အစည်းအဝေးရဲ့  ဆုံးဖြတ်ချက်ကို ယခုထိတိုင် အကောင်အထည်ဖေါ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အရက်ရောင်းဝယ်သူများကို သာရေးနာရေးတွင် ဘာသာရေးမှ တာဝန်မယူရန်နှင့် ခရစ်ယာန် အသင်းသားအဖြစ်မှ ပယ်ဖျက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ Pi Khual Dim အားလည်း အရက် ရောင်းဝယ်မှု ပြုလုပ်ခဲ့သောကြောင့် ဘာသာရေးအသင်းသားစာရင်း မှ ပယ်ဖျက်ခြင်း ခံရသူ ဖြစ် ကြောင်း အဆိုပါ Pastor ကတရားရုံးတွင် ထွက်ဆိုခဲ့သည်။

“သူမက အရက်ရောင်းဝယ်မှုကြောင့် ထောင်ကျခဲ့ဖူးသူဖြစ်တယ်၊ အခုပြည်နယ် တရားရုံးမှာ အမှု ရင်ဆိုင်နေဆဲလည်းဖြစ်တယ်” ဟု TCF Pastor ကဆိုသည်။

သို့ သော် အရင်က ထောင်ကျခဲ့ဖူးသူ မဟုတ်ကြောင်း၊ ဘာသာရေးမှ ပယ်ဖျက်သည့် တရားဝင် အကြောင်းကြားစာလည်း မတွေ့ ရကြောင်း ချေပရင်း ယခုပြည်နယ်တွင်မူ အမှုရင်ဆိုင် ဆဲဖြစ် ကြောင်း Pi Khual Dim ကထွက်ဆိုခဲ့သည်။

ယခုတရားစီရင်ရာတွင် ထန်တလန်မြို့  လူထု ၄၀ ကျော်တက်ရောက် နားထောင်ခွင့်ရခဲ့ကြောင်း သိရသည်။

Share.

About Author

Comments are closed.