အိမ်ထောင်ဦးစီးတဦး ၀ ဥ ရှာဖွေယင်း ၀က်ဝံ အကိုက်ခံရ

0

ချင်းပြည်နယ်မတူပီမြို့လောင်ဗန်းရပ်ကွက်နေ ပူး ခဲန်ဟုန်း (ကွီစားရွာဇာတိ) ဆိုသူ သည် မတ်လ ၂၀ ရက်နေ့က တောထဲ သို့ ၀ ဥ ရှာနေချိန် ၀က်ဝံအကိုက် ခံရသည်ဟု ကြားသိရသည်။

ပူး ခဲန်းဟုန်းသည် မတူပီမြို့နယ် တန်ကူရွာသို့ သူ့ ဇနီးနှင့် အတူ ၀ ဥ ရှာရန် သွား ကြပြီး သူ့ဇနီး၊ သူ့ ယောက္ခမနဲ့အတူ တောထွက် ၀ ဥ ရှာချိန်တွင် ယခုလို အဖြစ်ဆိုးနဲ့ ကြုံရခြင်းဖြစ် သည်။

“ ၀က်ဝံ ကိုက်သည့် ဒါဏ်ရာကြောင့် မေးရိုး တဖက် မရှိတော့တဲ့ အပြင် နှာခေါင်းလည်း မရှိတော့ဘူး၊မျက်နှာ တခုလုံး မှတ်မိစရာမရှိ၊  ကြည့်ရက်စရာ တောင်မရှိတော့ဘူး” ဟု မျက်မြင် တဦးက ပြောသည်။

ပူး ခဲန်းဟုန်းသည် သူ၏ ဇနီး၊ ယောက္ခမနဲ့အတူ တောထဲသွားကြပြီး ပူး ခဲန်းဟုန်းတဦးတည်း ရှာပြီးသား လက်ကျန် ၀ ဥ ကို သွားသိမ်းချိန်မှာ သူ၏ ထိတ်လန့်တကြား အော်ဟစ်သံကို သူ့ဇနီးနဲ့ သူ့ယောက္ခမက ကြားလို့အပြေး အလွှား သွား ကြည့်ရာ မှ ဖြစ်စဉ်ကို သိသွားကြခြင်း ဖြစ်သည်။

လူနာ ပူး ခဲန်းဟုန်းကို ည ၁၂ နာရီမှာ တန်ကူရွာကို ပြန်သယ်လာကြပြီး ညတွင်းချင်း မတူပီပြည် သူ့ဆေးရုံသို့ ပို့ကြသော် လည်း သက်ဆိုင်ရာမှ မန္တလေး အရေးပေါ် ဆေးရုံသို့ ဆက်လက် ပို့ရန် ညွန်ကြားထားကြသည်။

“ အသက်ရှင်တယ်ပဲထား၊ လူစဉ်မှီဖို့နဲ့ သူ့မိသားစု ရှေ့ရေးအတွက်က ရင်လေးစရာပါ” ဟု ဆလိုင်းရိုကုန်းက ပြောသည်။

လေ့လာသူ အသီးသီးက မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံ ဒေသရှိ ချင်းပြည်သူများသည် မိသားစု စားဝတ်နေမှုဖူလုံရေးအတွက် သဘာဝတောထွက် ၀ ဥ ၊ သစ်ခွ ရှာဖွေရောင်းချခြင်းကို အဓိက အားထားနေကြ သည်။

Share.

About Author

Comments are closed.