မင်းတပ်မြို့နယ်အတွင်း ကားတိမ်းမှောက်၊ ၄ ဦးသေ ၇ ဦး ပြင်းထန်စွာ ဒါဏ်ရာ ရ

0

ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မြို့နယ်အတွင်း မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်နေ ဦး ထန်အွမ်ပိုင် ဂျစ်ကားတစီး တိမ်း မှောက်ခဲ့ရာ ခရီးသည် ၄ ဦး ပွဲချင်းသေဆုံးပြီး ၇ ဦး အရေးပေါ် ကုသခံနေရ သည်ဟု သိရသည်။

ယခုလ ဧပြီ ၇ ရက်နေ့က မင်းတပ်မြို့မှ ၀မ္မသူးရွာသို့ ခရီးသည် ၁၁ ဦးနဲ့အတူ သွားရာမှ မင်းတပ်မြို့မှ ၁၆ မိုင်အကွာ ထင်ချောင်းအနီး ငါးရံ့ခုန်တောင်တွင် တိမ်းမှောက် ခြင်းဖြစ်သည်။

“ ကားအတက်မှာ ခရီးသည်တဦး ကားပေါ် ကနေခုန်ချလို့ ကားသမား လန့်ဖျတ်တယ်၊ ဒါနဲ့ ကားက နောက်ဆုတ်တယ်၊ လမ်းအောက် ဖက် ပေ ၁၀၀ အထိ လိမ့်ဆင်းသွားတာပါ ” ဟု ဆလိုင်းအောင်အောင်က ပြောသည်။

သေဆုံးသူများမှာ ဆရာမ ကင်မြူး (၀မ္မသူး ရွာ)၊ ဒေါ် လိန်းခေါလမ်(၀မ္မသူးရွာ)၊ ဒေါ်ယောအွယ်၊ ဒေါ် ရှိန်းရောင် (၀မ္မသူး ရွာ)တို့ဖြစ်ကြပြီး ၇ ဦးသည် ဒါဏ်ရာ ပြင်းထန်စွာ ရရှိကြသဖြင့် အရေးပေါ် ကုသမှု ခံယူနေကြသည်။

“ သတင်းကြားကြားချင်း မင်းတပ်မြို့ပေါ် လူမှု ဂရုဏာ အသင်းက လူနာတွေကို သွားရောက် သယ်ယူကြတယ်” ဟု ဆက် ပြောသည်။

ကားဒရိုင်ဘာ ဟာခွီရှိန်းသည် ဒါဏ်ရာ အနည်းငယ်ရရှိကြောင်း ၄င်းအား သက်ဆိုင်ရာ ပြည်သူ့ရဲ က  ရဲစခန်းတွင် ခေါ်ယူ ထိန်းချုပ်ထားသည်။

Share.

About Author

Comments are closed.