ဆိုင်ကယ် တိုက်မိသောကြောင့် လူငယ် (၃) ပြင်းထန်စွာဒဏ်ရာရ

0

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ တွင် မနေ့ ညက မော်တော်ဆိုင်ကယ်နှစ်စီး ရုတ်တရက် တိုက်မိရာ လူငယ် (၃) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆေးရုံးတင်နေရကြောင်း သိရသည်။

မတူပီမြို့  စဘောင်ရပ်ကွတ်ရှိ ဟားခါးနှင့် မင်းတပ်လမ်းစုံတွင် Salai Jessi မောင်း ဆိုင်ကယ်နှင့် ဆလိုင်း လျန်ဒိန်းနှင့် မီဆိုင်းတို့ မောင်းသည့် ဆိုကယ်တို့  ည ၁၁း၀၀ နာရီခန့် တွင် မတော်တဆ တိုက်မိခြင်းဖြစ်ကြောင်း CNF လိုင်စင်ရုံး တာဝန်ကျသူထံမှ သိရသည်။

“ဆလိုင်းရဲဆီးက အရက်မူးနေတယ်လို့  ဆေးရုံးဝန်ထမ်းတွေက ပြောကြတယ်။ သူတို့ မောင်းတဲ့ ဆိုင်ကယ်တွေတော့ ရဲက ထိန်းထားတယ်၊ ဒဏ်ရာပြင်းထန်တယ်ဆိုတော့ သူတို့  မြေပြန့် ဘက် ကိုဆေးကုသဖို့  ပို့ ကြတယ်”ဟု ဆလိုင်း ရိုကုန်းက အင်တာနက်ကတဆင့် ပြောသည်။

ယခုအခါ ဒဏ်ရာရသူများကို မည်သည့် ဆေးရုံတွင် ကုသမည်ကို မသိရသေးကြောင်း၊ ဆေးကုသ မည့်နေရာကို သူတို့ ဖာသာ စီစဉ်သွားမှာဖြစ်ကြောင်းလည်း ဆလိုင်းရိုကုန်း ခိုနူမ်းထုန်သထင်းဌာန ကိုပြောကြားခဲ့သည်။

မတူပီမြို့ ပေါ်တွင် တရုတ်လုပ် မော်တော်ဆိုင်ကယ် ၁၀၀၀ ခန့် ရှိမည်ဖြစ်ပြီး အများအားဖြင့် ဆိုင် ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် မရှိသူ အများအပြား ရှိနေကြောင်း သိရသည်။

တရုတ်လုပ် မော်တော်ဆိုင်ကယ်တစီးလျင် ၁၂၅ စီစီကို ၅၇၀၀၀၀ ကျပ်ငွေဖြင့်၎င်း၊ ၁၁၀ စီစီကို ၄၀၀၀၀၀ဖြင့် အသီးသီး ၀ယ်ယူနိုင်ကြောင်းနှင့် အသစ်ဝယ်ယူသည့် ဆိုင်ကယ်များကိုမူ ဆိုင်ကယ် လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် မရှိသူ များဖြစ်နေကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ယာဉ်မောင်းလိုင်စင်မရှိသူများက မော်တော်ယာဉ်များမောင်းသူ များပြားသော ကြောင့် မကြာခဏ ဆိုသလို ကားသိမ်းမှောက်ခြင်း၊ တိုက်မိခြင်းဖြစ်ပွားကာ သေဆုံး ဒဏ်ရာရ မှု များပြားလျက်ရှိသည်။

Share.

About Author

Comments are closed.