ချောင်းရေကြီးမှုကြောင့် ပခုက္ကူကနေ ချင်းပြည် သွားဖို့ ခက်ခဲနေ

0

မကွေး တိုင်း ဒေသကြီးအတွင်းရှိ ပုံတောင် ပုံညာဒေသတွေမှာ  မိုးရေကြီးမှုကြောင့် ပခုက္ကူ၊ ပေါက်မြို့နယ် စသည့် မြို့နယ် အတွင်း သဲချောင်းတွေဟာ မေ ၂၀ ရက် ၀န်းကျင်မှ စတင်ကြီးနေပြီ ဖြစ်သည်။

 

“ အဓိကတော့ ကမ်းမဖြူချောင်းပေါ့ကွာ၊ ပေါက်မြို့ အ၀င်နားလေးမှာလေ၊ ချောင်းက နွေရာသီဆို ခန်းတာ၊ မိုးရာသီဆို မလွယ်ဘူး၊ မတူပီကို အရင်က တစ်ညအိပ်နဲ ရောက်တယ်၊ အခုက လေးငါးရက်လောက်ကြာနေပြီ” ဟု မတူပီနှင့် ပခုက္ကူကို လိုင်းကား ဆွဲနေသည့် ဂိတ်မှူး တစ်ဦးက ခိုနုမ်းသုန်ကို ပြောသည်။

 

အခုချိန်မှာ နိုင်ငံတော် သမ္မတကြီးနဲ တွေ့ခွင့်ရမယ်ဆို အဲဒီ တံတား ထိုးပေးဖို့ တောင်းဆိုချင်တယ်၊ အဲဒီ ချောင်း တံ တားက နှစ်ကြိမ် ခင်းပေးခဲ့တယ်၊ ရေးကြီးမှုတွေကြောင့် အကုန် ကျိုးကုန်တာ၊ အခု ပြန်မဆောက်ပေးတာ ၃နှစ် တောင်ရှိ တော့မယ်၊ ခရီးသည်တွေရော ကားသမားတွေရော၊ ဂိတ်တွေပါ ဒုက္ခရောက်နေကြတာပါ ဟု ၄င်းက ဆက်ပြောသည်။

 

အခု ဒီချောင်းရေကြီးမှုကြောင့် ချင်းပြည် တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက် နှင့် ပေါက်၊ ကျောက်ထု၊ ဆော၊ ထီးလင်းစသည့် ဒေသသို့ ဆက်သွယ်သွားလာမှု ခက်ခဲနေကြောင်း သိရသည်။

 

အရင်နှစ်တွေဆိုရင် ချောင်း၏ ဟိုဖက်ဒီဖက် ကားရပ်ပြီး ကားတွေ ချိန်းပေးနေရကြောင်း၊ ချောင်းကို ဒေသခံတွေက စက်လှေနဲ့ ကြိုပို့လုပ်ပေးကြပေမဲ့ လက်ရှိမှာ နယ်မြေခံရဲတွေကနေ စက်လှေနဲ့ ဖြတ်သွားခွင့်မပြုကြောင်း စုံစမ်း သိရှိရ သည်။

 

မနှစ်က စက်လှေနဲ့ ကူးသူ လူ အယောက် ၂၀ ကျော် လှေနစ် သေဆုံးသွားကြပြီး ထို အထဲမှာ မင်းတပ် မြို့ပေါ်က ချင်း လူမျိုး နှစ်ဦးလည်းပါဝင်ခဲ့ကြောင်း အဆိုပါ အဖြစ်မျိုး နောက်ထပ်မကြုံဖို့ ရဲတွေက ပိတ်ပင်ထားဖွယ်ရှိကြောင်း သိရှိရ သည်။

 

” ဘာပဲဖြစ်ဖြစ် နိုင်ငံတော် အစိုးရကနေ ဒီချောင်း တံတားကို အမြန် တည်ဆောက်ပေးနိုင်ရင် အကောင်းဆုံးပေါ့” ဟု ခရီးသွားပြည်သူ တစ်ယောက်က ပြောသွားသည်။

Share.

About Author

Comments are closed.