CNF ဆက်ဆံရေး အရာရှိ ဆိုင်ကယ် တိမ်းမှောက်ပြီး အရေးပေါ် ဆေးရုံ တင်ရ

0

DSC00827

ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် CNF ၏ ဆက်ဆံရေး အရာရှိ Pu H.C Ralhnin ( အိပ်ခ်ျစီ ရာလ်နှင်း) သည် ယမန်နေ့က ဆိုင်ကယ်တိမ်းမှောက်ပြီး ဆေးရုံတင်ရသည်ဟု သိရသည်။ “ ယမန်နေ့ မွန်းလွဲ တနာရီခန့်မှာ ရုံးကနေ အိမ်ပြန်တယ်၊ လမ်း အကွေ့မှာ ဘီးချော်သွားတယ်၊ မျက်ခုံးကွဲပြီး သွေးထွက် များသွားတော့ ဆေးရုံကို အရေးပေါ် လူနာအဖြစ်တင်ရတယ်” ဟု ရုံးစာရေးမလေး ဆုန်ဆုန်က ပြောသည်။

ပူး အိပ်ခ်ျစီရာလ်နှင်းအား ထန်တလန်ဆေးရုံမှာ အောက်စီဂျင် နဲ့ သွေးသွင်းရကြောင်း တည ကုသရသော်လည်း စိုးရိမ်စရာဖြစ်နေတာကြောင့် အရေးပေါ်လူနာ အဖြစ် ဟားခါးပြည်သူ့ဆေးရုံသို့ ချက်ချင်းပို့ဆောင်လိုက်ရသည်။

ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်ကြိုဆိုကြောင်းသိရပြီး ဟားခါး ပြည်သူ့ဆေးရုံဆရာဝန်များကလည်း အထူးဂရုစိုက်ကုသ နေရ သော်လည်း  ပြည်သူ့ဆေးရုံဆရာဝန်များ စစ်ချက်အရ အတွင်းဒါဏ်ရာ ပြင်းထန်သဖြင့် ကလေးမြို့ပြည်သူ့ ဆေးရုံသို့ ဆက်လက်ပို့ဆောင် မှာဖြစ်ကြောင်း သိရသည်။

ဆက်ဆံရေး အရာရှိ Pu H.C Ralhnin သည်  ပြီးခဲ့တဲ့ မေလကတည်းက ချင်းပြည်နယ် ဟားခါး၊ ဖလမ်း မြို့နယ်များ အတွင်း ချင်းအမျိုးသားတပ်ဦး နှင့် လူထုတွေ့ဆုံပွဲများတွင် ဦးစီးဦးဆောင်လုပ်နေသည်။ ထန်တလန်မြို့နယ် အ တွင်း လူထု တွေ့ဆုံပွဲအတွက် ပြင်ဆင်နေ ချိန်လည်းဖြစ်သည်။

 

“ ကျမတို့ ခရီးစဉ်ကို ဘယ်လိုဆက်လုပ်ကြမလဲဆိုတာက ရှိသေးတယ်၊ သူ့ရဲ့ ကျန်းမာရေးအခြေအနေမှာ အဓိက မူတည်နေတယ်ပေါ့ ” ဟု ဆက်ပြောသည်။

 

ပူး အိပ်ခ်ျစီရာလ်နှင်း သည် ချင်းအမျိုးသားတပ်ဦး၏ အဓိပတိကောင်စီဝင်တဦးဖြစ်ပြီး လက်ရှိ ထန်တလန်မြို့ပေါ်တွင် သမီးတဦး၊ သားတဦးနဲ့ နေထိုင်သည်။

 

ယခုတလော မိုးကြီးမှုကြောင့် ချင်းပြည်နယ်အတွင်း သွားလာရေးခက်ခဲနေပြီး မော်တော်ယာဉ်တိမ်းမှောက်မှုများပြား နေကြောင်း ဒေသခံများအဆိုအရ သိရသည်။

Share.

About Author

Comments are closed.