India တွင် မြန်မာပြည်သား ချင်းလူမျိုး သုံးဦး လုယက်ခံရ

0

Aizawl-1

ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့က India နိုင်ငံ Assam ပြည်နယ်၊ Kachar ခရိုင်မြို့တော် Shillong မြို့အနီးတွင် မြန်မာနိုင်ငံသား ချင်းလူမျိုး ခရီးသည် သုံးဦး ဒမြ အဖွဲ့၏ လုယက်ခြင်းခံရသည်ဟု သိရသည်။ ဖြစ်စဉ်မှာ ချင်းလူမျိုးသုံးဦးတို့သည် ဒေလီကနေ ချင်းပြည်နယ်သို့ အပြန် ဇူလိုင် ၁၀ ရက် အိနိယ စံတော်ချိန် နံနက် ၃း၀၀ နာရီခန့်မှာ ဒမြ အဖွဲ့တဖွဲ့က ၄င်းတို့စီးလာသည့် ကားကို တားဆီး  ရိုက်ခွဲပြီး ခရီးသည်တွေ အားလုံးအနက် သူတို့ သုံးဦးကို ကွက်ပြီး လုယက်ခြင်းဖြစ်သည်။

“ ခရီးသည် ၁၀ ဦးထဲက ဒီသုံးဦးရဲ့ ခရီးစရိတ်အားလုံးကို လုတယ်၊ ကျန်ခရီးသည် ကုလားတွေကိုတော့ ဘာမှ မလုပ်ဘူး၊ ကားကို အကုန်ရိုက်ခွဲလိုက်တော့ ကားဆရာက တခြားကားကို မှာပေးလို့ ဒီ မီဇိုရမ်ပြည်နယ်ကို ရောက်နိုင်တာဖြစ်တယ် ”ဟု  ဆွေမျိုးတဦးက ပြောသည်။

 

အဆိုပါ ချင်းလူမျိုးသုံးဦးမှာ ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ တလန်ပီးရွာမှ Pu Za Cuan, Pu Bawi Ven Thawng, le Vl. Cung Hlei Sang တို့ဖြစ်ကြသည်။

 

“ အဲဒီလမ်းခရီးက လုံခြုံရေးအတွက် အထူးသတိထားရတယ်၊ ကား တစီး ထဲနဲ့ စိတ်ချက်လက်ချ သွားလို့မကောင်းဘူးဗျ ၊ လုယက်မှုတွေ ဖြစ်လေ့ရှိတဲ့ နေရာပါ ”ဟု ချင်းလူမျိုး ကုန်သည် တဦးက ပြောသည်။

 

မီဇိုရမ်ပြည်နယ်နယ်စပ်မှ Assam state မြို့တော် Guwahati အကြား လမ်းခရီးသည် လူဆိုးသူခိုးပေါများပြီး India လူမျိုးစု လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားရာဒေသဖြစ်သည်။

Share.

About Author

Comments are closed.