စစ်တွေမှာ ဆိုင်ကယ် မှောက် ချင်း လူငယ် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

0

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ  ယမန်နေ့ ၁၄၊ ၇၊ ၂၀၁၃ နေ့က ချင်း လူငယ်နှစ်ဦးမောင်းနှင်သည့် ဆိုင်ကယ် မတော်တဆတိမ်းမှောက်သွားခဲ့ရာ ဆလိုင်း ဆန်ဘီ ( အသက် ၂၄နှစ်)သည်လည်ပင်းတွင် ဒဏ်ရာ ပြင်းထန်စွာရရှိကာ နောက်နေ့ မနက် ရနာရီတွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ် နောက်ကနေ လိုက်ပါလာသူ ဆလိုင်း ကျိုးဟားဘီးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိကာ စစ်တွေ ပြည်သူ့ဆေးရုံတွင်  တင်ထားရကြောင်းသိရသည်။

 

“  အဲဒီည ၉ နာရီခန့်မှာပဲ ဆိုင်ကယ်နဲ့ နှစ်ဦးသား ထွက်သွားကြတာ၊ ၁၀ နာရီကျော်လောက်မှာ  အခုလို  accident ဖြစ်ကြောင်းသိရတယ်”  ဟု စစ်တွေရှိမရာဧ၀ံဂေလိ အသင်းတော်မှ လူကြီး တစ်ဦးက ပြောသည်။
သေဆုံးသွားသူ ဆလိုင်း ဆန်ဘီသည် ချင်းပြည်နယ် မတူပီမြို့နယ်၊ ပါဆင်းရွာ ဇာတိဖြစ်ပြီး ရန်ကုန်မြို့ မှော်ဘီရှိ Myanmar Christian Seminary တွင်  ကျမ်းစာ ဒုတိယနှစ်  တက်ရောက် သင်ကြားနေသူဖြစ်ပြီး ရွာသို့ ခဏ ပြန်အလာ အခုလို စစ်တွေတွင် ဆိုင်ကယ်မှောက်ပြီးသေဆုံးသွားခြင်းဖြစ်သည်။

 

“ ဆိုင်ကယ် အချင်းချင်းတိုက်တာလည်း မဟုတ်ဘူး။ သူတို့ဟာနဲ့ သူတို့ အရှိန်လွန်လို့ဖြစ်မှာပါ” ဟု စစ်တွေရှိ ချင်း လူကြီး တစ်ယောက်ကပြောသည်။
ဆေးရုံတင်ထားရသူ ဆလိုင်း ကျိုးဟားဘီးသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရကန်းကျေးရွာ ဇာတိဖြစ်ပြီး စစ်တွေ တက္ကသိုလ်တွင် ရုက္ခဗေဒ အထူးပြုဖြင့်  နောက်ဆုံးနှစ် သင်တန်း တက်နေသူဖြစ်သည်။
ဆလိုင်းဆန်ဘီ၏ အသုဘကို စစ်တွေရှိ မရာဧ၀ံဂေလိ အသင်းတော်မှ ယနေ့ နေ့လည် ၁ နာရီတွင် ချင်းတောင်ဇာတိသို့ တာဝန်ယူ ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း စုံစမ်း သိရှိ ရသည်။

Share.

About Author

Comments are closed.