ယဉ်စည်းကမ်းမလိုက်နာသူများထံ အဆမတန်ငွေကောက်

0

Kalemyo square

ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ် နှင့် ယဉ်စည်းကမ်း မလိုက်နာ သူများကို ယဉ်ထိန်းရဲများမှအဆမတန်ငွေကောက်နေကြောင်း သိရသည်။  ယခင်က ယဉ်စည်းကမ်းမလိုက်နာသူများကို  ယာဉ်ထိန်းရဲတွေက ငွေကြေးအနည်း ငယ်သာ တောင်းခံသော် လည်း ယခုတ လော နေပြည်တော်ကနေ ပြောင်းလာတဲ့ ရဲတွေကတော့ အဆမတန်ငွေတောင်းခံနေတာဖြစ်ကြောင်း ကလေးမြို့ ဒေသ ခံတဦးက ပြောတာပါ။

” ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့ ညနေက ကလေး – နတ်ချောင်းသွားတဲ့လမ်းမှာ  ဆိုင်ကယ်ဦးထုပ်မပါတဲ့အတွက် ကျပ်ငွေ ၃ သောင်း၊ ဆိုင်ကယ်နောက်ကြည့်မှန် မပါတဲ့အတွက် ကျပ်ငွေ ၃ သောင်း တောင်းခဲ့တယ်” လို့ ကလေးမြို့ အောင် သစ္စာ ရပ်ကွက်တွင် နေထိုင်သူလူငယ်တဦးက ပြောပါတယ်။

 

အခု ယဉ်ထိန်းရဲတွေက သူတို့ကြိုက်တဲ့နေ့ရက်တွေမှာ ယဉ်စစ်ဆေးမှုတွေပြုလုပ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက် တနင်္ဂနွေနေ့က ယဉ်စစ်ဆေးမှုပြုလုပ်ရာမှာ ဆိုင်ကယ် အစီး ၂၀၀ ကျော် နှင့်ကား တစ်စီး ဖမ်းဆီးကြောင်း ဆက်ဆိုသည်။

 

ပြီးခဲ့တဲ့ ဇွန်လအတွင်း နေပြည်တော်မှ ကလေးခရိုင် နှင့် တမူးခရိုင်အတွင်း တာဝန်ကျ ပြည်သူ့ရဲအရာရှိများမှ တရားမ၀င် ကားလိုင်စင်နှင့် မူးယစ်ဆေးဝါးတွင် ပါတ်ဝင်ပါတ်သက်နေမှုတွေနှင့် ပါတ်သက်ပြီး စစ်ဆေးအရေးယူမှု ပြုလုပ်အပြီး နေပြည် တော်ရဲတွေကို တာဝန်ချထားကြခြင်းဖြစ်သည်။

 

တွေ့ရှိချက်များအရ ကလေးခရိုင် ရဲမှူး ဦးဇော်နိုင်ထွန်း၊  တမူးခရိုင် ရဲမှူး ဦးလှဝင်းတို့အား တာဝန်မှရပ်စဲပြီး နယ်ထိန်း၊ စခန်းမှူးတွေကို ထောင်ဒါဏ် နှစ်နှစ်စီ ကျခံစေကြောင်း သိရသည်။

Share.

About Author

Comments are closed.