ရဲကိုယ်တိုင် အမှုမဖော်တဲ့ ဆိုင်ကယ်ခိုးမှု ဒါဏ်ငွေ တသိန်းဆောင်ခိုင်း

0

Hakha_TownBike-

ချင်းပြည်နယ်မတူပီမြို့ပေါ် စခန်းရုံးတာဝန်ကျရဲတွေက သူတို့ကိုယ်တိုင် ကိုင်တွယ် အရေးယူမှုမရှိပဲ ဆိုင်ကယ်ခိုးယူသူထံ ကျပ်ငွေ တသိန်းဆောင်ခိုင်းသည်ဟု သိရသည်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ နံနက် ၈း၀၀ နာရီခန့်က မတူပီမြို့နယ် တောင်ဘူရွာသား တဦးက ဦးရိန်သိန်း မော် တော်ဆိုင်ကယ် အရောင်းဆိုင်က ခိုးယူခဲ့သည်ကို ဆိုင်ရှင် ကိုယ်တိုင်က ပြန်လည်ဖမ်းဆီး ခဲ့သည့်အမှုအတွက် သက် ဆိုင်ရာရဲက ဆိုင်ကယ်သူခိုးထံ ကျပ်ငွေ တသိန်းဆောင်ခိုင်းခဲ့ခြင်းဖြစ်သည်။

 

” ဆိုင်ကယ်ပိုင်ရှင်က ဆိုင်ကယ်ပြန်လည်ရရှိခဲ့လို့ တရားခံကို ဘာမှ မလုပ်ဘူး၊ ရဲက သူတို့ကိုယ်တိုင် မဖော်ထုတ်တဲ့ အမှုအတွက် ကျပ်ငွေ တသိန်းဆောင်ခိုင်းတာပါ” ဟု မျက်မြင်တဦးက ပြောသည်။

 

တရားခံသည် ဆိုင်ရှင်ထံမှ ဆိုင်ကယ်ဝယ်ယူမည်ပြောပြီး ဆိုင်ရှင်က ဆိုင်ကယ်သော့ကို ပေးပြီး စမ်းမောင်းခိုင်းရာမှ တခါ တည်း ခိုးယူမောင်းပြေးသွားခြင်းဖြစ်သည်ဟု သိရသည်။

 

” ကားလမ်းမြေပြိုလို့ ဆိုင်ကယ်ဆက်မမောင်းနိုင်တော့ပဲ အပြန်လမ်းမှာ ပိုင်ရှင်ကိုယ်တိုင် ပြန်လည်မိသွားတာပါ၊  ရဲက အရေးယူဖော်ထုတ်တာမဟုတ်ဘူး” ဟု ဆက်ပြော သည်။

 

တရားခံနဲ့ တရားလို ပြေလည်တာမပြေလည်တာက ရဲနဲ့ တိုက်ရိုက် မသက်ဆိုင်ကြောင်း ၊ သက်ဆိုင်ရာရဲက လုပ် သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်ကြောင်း၊ ရဲက အမှု မဖော် ထုတ်နိုင်မီ ဆိုင်ရှင်ကိုယ်တိုင် အမှု ဖော် ထုတ်ပေး တာဟာ ရဲကို ကူညီရာရောက် ကြောင်း ရဲတွေက ပြောကြသည်။

Share.

About Author

Comments are closed.