မျှတမှုမရှိသော တရားစီရင်မှုအပေါ် ပြည်ထောင်စု တရားသူကြီးချုပ်ထံ တိုင်ကြား

0

Mindat town View

ပြီးခဲ့တဲ့ ၂၀၁၃ ဇွန်လ ၁၀ ရက်နေ့က ယဉ်တိုက်မှုကြောင့် ပခုက္ကူတက္ကသိုလ်မှ ချင်းကျောင်းသားတဦး သေဆုံးမှုနှင့် ပတ် သက်ပြီး ပခုက္ကူမြို့နယ် တရား သူကြီးဒေါ်ဝင်းဝင်းအေး နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၏ မျှတမှုမရှိသည့် တရားစီရင်မှုအပေါ် ထိရောက်စွာအရေးယူပေးရန် သေဆုံးသူ မိသားစုဝင်များက ပြည်ထောင်စု တရားသူကြီးချုပ်ထံ တိုင်းကြားထားသည် ဟု သိရသည်။

ချင်းပြည်နယ် မင်းတပ်မြို့နေ ပခုက္ကူတက္ကသိုလ်မှ သင်္ချာအထူးပြုနောက်ဆုံးနှစ်ကျောင်းသား မောင်ယောဘူ စီးနင်းသော ဆိုင်ကယ် နှင့် ပခုက္ကူလိုင်းကားပိုင်ရှင် ဦးအေး၊ ယာဉ်မောင်း ဦးအောင်လွင် (ကား အမှတ် – လ/၅၉၉၂) မောင်းနှင်သော ကားသည် ပြီးခဲ့သော ဇွန်လ ၁၀ ရက်နေ့က ကမ္မ – ရန်ကင်းကြားတွင် တိုက်မိကြပြီး မောင်ယောဘူ သည် ပွဲချင်းပြီး သေဆုံးခဲ့သည်။

 

ယင်းသေဆုံးမှုအတွက် ကမ္မ ရဲစခန်းမှ ဒုရဲအုပ်အေးလွင်မှ တရားလိုပြုလုပ်ပြီး တိုင်ကြားရာ ပခုက္ကူမြို့နယ် တရားရုံးမှ ၂၀၁၃ ခုနှစ် ပြစ်မှုဆိုင်ရာအမှုကြီးအမှတ်(၆၇၀)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၀ က ဖြင့် အမှုလက်ခံခဲ့သည်။

 

သေဆုံးသူ မိသားစုဝင်များ၏ ပြည်ထောင်စုတရားသူကြီးချုပ်ထံ တိုင်းကြားစာအရ ယာဉ်ပိုင်ရှင် နှင့် ယာဉ်မောင်းတို့၏ ကိုယ်စား ဦးဌေးအောင်၊ ဦးဝင်းမြင့်၊ ဦးမြင့်ဌေးတို့ သုံးဦးသည် မင်းတပ်မြို့ရှိ သေဆုံးသူ မောင်ယောဘူ မိသားစုဝင်များ ထံ ဇွန်လ ၁၅ ရက်နေ့က ရောက်ရှိလာပြီး သေဆုံးသူ မောင်ယောဘူ၏ ကျောင်းနေစရိတ်၊ နစ်နားကြေးအတွက် ဂရုဏာကြေး သိန်း (၃၀) နှင့် ကြေအေးပေးရန် လာရောက်ညှိနှိုင်းကာ ပြန်သွားကြသည်။

 

သို့သော် ယာဉ်ပိုင်ရှင် နှင့် ယာဉ်မောင်း ကိုယ်စားလှယ်တို့သည် သေဆုံးသူမိသားစုထံ ထပ်မံလာရောက်ခြင်းမရှိသဖြင့် မောင်ယောဘူ ၏ ဆွေမျိုးများဖြစ်သော အစ်မဖြစ်သူ ဒေါ်စန်းစန်းရီ(မိုင်ယောပါမ်း)၊ ဒေါ်စန်းစန်းမော်(မိုင်ယောလှီး) နှင့် ဦးထန်းဟုန်း တို့သည် ဇူလိုင် ၁၂ ရက်နေ့က ပခုက္ကူမြို့သို့ သွားရောက်ပြီး အမှုနှင့်ပတ်သက်၍ စုံစမ်းကြရာတွင် ပခုက္ကူမြို့ နယ် တရားသူကြီးမှ ဇူလိုင်လ ၁၆ ရက်နေ့တွင် အမိန့်ချမှတ်ပြီး တရားခံများကို တရားသေ လွတ်ပေး ကြောင်းသိရှိရ သည်ဟု တိုင်းကြားစာတွင်ဖော်ပြထားသည်။

 

ယင်းအမှုနှင့်ပတ်သက်ပြီး သေဆုံးသူမိသားစုဝင်များမှ မကျေနပ်သဖြင့် ပထမသတိပေးတိုင်ချက်၊ တရားလိုဘက်မှ ထွက်ဆိုချက်၊ တရားခံဘက်မှထွက်ဆိုချက်များ နှင့် စီရင်ချက် တာဝန်ခံများကို မိတ္တူကူးယူခွင့်ပြုရန် ဇူလိုင်လ ၂၃ ရက်နေ့တွင် လျှောက်ထားရာ ပခုက္ကူမြို့နယ်တရားရုံးမှ ကူးယူခွင့်မပြုခဲ့ကြောင်း သိရသည်။

 

ထို့နောက် တရားလိုလုပ်သူ ကမ္မရဲစခန်းမှ ဒုရဲအုပ်အေးလွင်အား ပြင်ဆင်မှုတင်ပေးရန် အကူအညီတောင်းခံသော် လည်း ဒုရဲအုပ်က ပြင်ဆင်မှုတင်မပေးနိုင်ကြောင်းပြောဆိုခဲ့သည်။ ထို့အပြင် ပခုက္ကူမြို့နယ် ဥပဒေအရာရှိထံ တရား သေလွတ်သည့်အမှုအတွက် ပြင်ဆင်မှုအယူခံပေးရန် ဇူလိုင်လ ၂၅ ရက်နေ့က လျှောက်ထားသော်လည်း ကူညီ ဆောင်ရွက် ပေးခြင်းမရှိကြောင်း သိရသည်။

 

ထို့ကြောင့် ယင်းအမှုတွင် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွန်ချက်ဖြစ်သော ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသော အစိုးရ ၊ လာဒ်ပေးလာဒ်ယူကင်းရှင်းပြီး မှန်ကန်သောတရားစီရင်ရေးဆိုသော မူများနှင့် သွေဖီပြီး အမှုစီရင်ဆုံးဖြတ် ထားကြ ကြောင်း ပေါ်ပေါက်သဖြင့် ပခုက္ကူမြို့နယ်တရားသူကြီး နှင့် ပါဝင်ပတ်သက်သောပုဂ္ဂိုလ်အားလုံးကို ထိ ရောက်စွာအ ရေးယူပေးရန် တိုင်းကြားရခြင်းဖြစ်သည်ဟု သေဆုံးသူ မိသားစုဝင်များ၏ တိုင်ကြားစာတွင် ဖော်ပြထား သည်။https://mail.google.com/mail/u/0/images/cleardot.gif

Share.

About Author

Comments are closed.