အယ်ဒီတာချုပ်ထံ ပေးစာ

0

၁၀ တန်းအောင်ချက်မြှင့်တင်ရေး အချိန်ပို သင်ယူခြင်း အကျိုးသက်ရောက်မှုနည်းမယ်

 

နှစ်စဉ် တပြည်လုံး ၁၀ တန်းအောင်ချက်အနိမ့်ဆုံးအဆင့်ရောက်နေသည့် ချင်းပြည်နယ်တွင် ၁၀ တန်းအောင်ချက် မြှင့်တင် ရေး အတွက်ဆိုပြီး ကျတော်တို့ မြို့တော်ဟားခါးမှာ ယခုလက စပြိး အချိန်ပိုသင်ယူပေးနေတာဟာ အချိန်ကုန် လူပမ်းရုံ၊ အကျိုး သက် ရောက်မှု နည်းမည်။

 

ဟားခါးမြို့နယ်ပညာရေးမှူးကတော့ ယခုလို ကျောင်းသားတွေကို အချိန်ပို သင်ယူပေးတာဟာ အမျိုးသား ပညာရည်မြှင့် တင်ရေးအတွက် စေတနာပါ၊ ဆရာ၊ ဆရာမတွေအတွက် အချိန်ပိုခလည်း မယူပါ ဟု ကျောင်းသား မိဘ အစည်းအဝေး တခုမှာ ပြောသွားပါတယ်။

 

ယခုလို ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ သားသမီးတွေအပေါ် စေတနာရှေ့ထားပြီး အချိန်ပို သင်ယူနေတာကိုတော့ ၀မ်းသာပါတယ်၊ သို့သော် စာသင်ချိန်က များလွန်းလို့ ကျောင်းသားတွေ စိတ်ဖိစီးမှုများနေတာကိုတော့ စိုးရိမ်မိတာ အမှန်ပဲ၊ ဖြစ်နိုင်ယင် အချိန်ပိုသင်မယ့်အစား ကျောင်းချိန်မှာ စိတ်ပါလက်ပါနဲ့ သင်ပေးတာကမှ ပိုမို သင့်လျော်ပါတယ်၊

 

ဘာဖြစ်လို့လဲဆိုယင် ကျောင်းသားတွေဟာ အဆောင်မှာ နံနက် နှစ်ချိန်၊ ညနေ နှစ်ချိန် စာသင်ရတယ်၊ ပြီးတော့ ကျောင်း မှာ တနေ့ ၇ ချိန် ပြန်သင်ရတယ်၊ အခု အချိန်ပို တချိန်ပြန်ယူ ရတယ် ဆိုတော့ တနေ့ စာသင်ချိန် ၁၂ ကြိမ် ဖြစ်သွား ပါတယ်၊ ကျောင်းသားတွေဟာ တနေကုန် စာသင်ချိန်နဲ့လုံးပမ်းနေရတော့  စိတ်ပမ်းလူပမ်းဖြစ်ပြီး နွမ်း နေကြ တော့တယ်၊

 

အခု ဟားခါးမြို့ပေါ်မှာ အဆောင် ၁၅ လုံးရှိပါတယ်၊ ၁၀ တန်းကျောင်းသား ၉၀ ရာခိုင်နှုန်းက အဆောင်မှာ နေရတယ်၊ အဲလို အဆောင်မှာ ထားတာကလည်း ကျောင်းဆရာတွေ ဟာ အဆောင်မှာသာ စိတ်ပါလက်ပါသင်ယူပြီး ကျောင်းမှာက အဖြစ်သဘောလောက်ပဲ သင်ရတော့တာကြောင့်ပါ၊ ကျောင်းဆရာတွေကိုယ်တိုင်လည်း အဆေင်မှာ သင်နေရတော့ ကျောင်းမှာ စာသင်ဖို့ စိတ်မပါတာလည်းဖြစ်နိုင်ပါတယ်၊

 

ဒီတော့ အချိန်ပိုသင်ယူတာဟာ မူ အရတော့ ကောင်းသယောင်ယောင်နဲ့ လက်တွေ့မှာက ထင်သလိုဖြစ်မလာပါ၊ ကလေး တွေ ဦးနှောက်ဖိစီးမှုများပြီး စိတ်ပင်ပန်းတာပဲ အဖတ်တင်ပါတယ်၊ တချို့ ကျောင်းသားတွေဆိုယင် ကျောင်း ၀င်စလို အသားအရေတွေ စိုပြေမှုမရှိ၊ ပိန်ချုံးလာတာ သတိထားမိတယ်၊

 

ကျတော်ဖြစ်စေချင်တဲ့ ဆန္ဒကို တင်ပြချင်ပါတယ်၊ အစိုးရဖက်က လူကြီး ခရီးစဉ်တွေမှာ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်း  သားတွေကို ကြိုဆိုဧည့်ခံပွဲတွေမှာ အသုံး မပြုစေချင်ပါ၊ အဲဒီအတွက် ကျောင်းဆရာ၊ ကျောင်းသးကျောင်းသူတွေက ပြင်ဆင်မှုတွေလုပ်နေရတော့ စာကြည့်ချိန် ပျက်ကြတယ်၊

 

နောက်ပြီး ၇ တန်းအောက် မဖြစ်မနေ အ အောင် ပေးစနစ်က လက်တွေ့မကျပါ၊ အဲဒီစနစ်က ကျောင်းဆရာတွေအလုံအ လောက်ရှိပြီး ကျောင်းသားတွေ ပညာရေး အတွက် လိုလေသေးမရှိ၊  ပြီးပြည့်စုံတဲ့ တိုးတက်တဲ့ ဒေသနေရာတွေမှာ သုံးသင့် ပါတယ်၊

 

ဒါကြောင့် ၁၀ တန်းအောင်ချက် မြှင့်တင်ရေးရည်ရွယ်ချက်နဲ့ အချိန်ပိုသင်ယူတာဟာ အရာထင်လာမှာမဟုတ်သလို အကျိုး သက်ရောက်မှုနည်းသွားမှာသာဖြစ်ကြောင်း သတင်းမီဒီယာမှ တဆင့် တင်ပြလိုပါတယ်၊

 

 

မိဘတဦး

ဈေးသစ်ရပ်ကွက်၊ ဟားခါးမြို့

Share.

About Author

Comments are closed.