ကားလမ်း အန္တရာယ်ကြောင့် ရာဇာမင်း ကားဂိတ် ပိတ်ထား

0

yazaminယခုတလော စစ်ကိုင်းတိုင်း ကလေး – ကဘော်ဒေသအတွင်း မိုးသည်းထန်မှုကြောင့် ကလေး – ဂန့်ဂေါ ကြားကား လမ်း ပျက်စီးမှုများနေသဖြင့် တမူး၊ ကလေး၊ မုံရွာ၊ နေပြည်တော်၊ ရန်ကုန် နှင့် မော်လမြိုင် ပြေးဆွဲနေသည့် ကလေးမြို့ရှိ ပုံမှန်ပြေးဆွဲနေသည့် ရာဇာမင်းကားဂိတ် ယာယီပိတ်ထားရသည်ဟု သိရသည်။

” အဓိက က ဂန့်ဂေါနဲ့ ပုံတောင်ပုံညာ အကြားတောင်ကျမိုးရေတွေကြောင့် လမ်းက ချော်တယ်၊ ကားကြီးတွေအတွက် သွားလာဖို့ခက်ခဲနေတော့ ခရီးသည်တွေက နည်းတယ်၊ ကားလမ်း အန္တရာယ် နဲ့ တွက်ခြေ မကိုက်တာရေ ကြောင့် ဂိတ်ကို ယာယီပိတ်ထားတာပါ” ဟု ကုန်သည် တဦးက ပြောသည်။

ရန်ကုန် မှ ကလေး ပုံမှန်ကားဝင်ချိန် နံနက်ပိုင်း (၁ဝ)နာရီ နဲ့ ညနေ (၃)နာရီကြားဖြစ်ပေမယ့် ကားလမ်းပျက်မှုကြောင့် ည (၁၁)နာရီနောက်ပိုင်းမှ ဝင်လာနိုင်တော့ကြောင့် တချို့ကားကြီးများသည် ပုံမှန်ရောက်မယ့်ရက်ရဲ့ နောက်တနေ့ နံနက်ပိုင်း (၉)နာရီမှာပဲ ရောက်နိုင်ကြောင်း ၊ ခရီး ကြန့်ကြာနေမှုကြောင့် ခရီးသည်များ အစာငတ်ပြတ်မှု၊ ခရီးပန်းမှု ဒဏ်များကြုံ တွေ့နေရကြောင်း သိရသည်။

အလားတူစွာ ချင်းပြည်နယ်တွင် မိုးသည်းထန်မှုကြောင့် မတူပီ – မင်းတပ်အကြား မိုင် ၇၀-၈၀ မိုင်ကြား ၂မိုင်နီးပါး
လမ်းပြိုသောကြောင့် မတူပီ – ပခုက္ကူ လိုင်းကားတွေ တစ်ပတ်လောက်ရပ်နားထားကြောင်း ပခုက္ကူမြို့ဇလပ်ဖြူဂိတ်မှူး ကခိုနုမ်းသုန်ကို ပြောသည်။

၎င်းအပြင် ပလက်ဝမြို့ မီးစက်ရုံနား ရိက္ခာ-ရွာမ ဆက်တံတား အထောက်အကူပြု ကာရံထားသောအုတ် တံတိုင်း သည်လည်း ၁၉-၈-၂၀၁၃ နေ့ နံနက် ၂း၅၀ နာရီခန့် အချိန်တွင် မြေပြို ကျ ပျက်စီးသွားကြောင်း ၂၀၊ ၈၊၂၀၁၃ ရက်နေ့က တီးတိန်မြို့နယ် လိုင်ဘုံကျေးရွာ အဝင်ချောင်းရေကြီးပြီးရေ အား လျှပ်စစ် စက်ရုံ ပြိုကျသွားသည်။

Share.

About Author

Comments are closed.