ပလက်ဝမြို့နယ် နယ်စွန်နယ်ဖျား ပညာရေး

0

လက်ရှိ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်မှာ နတလ စာသင်ကျောင်းတွေကို
နယ်စပ်ဒေသ အချို့ ကျေးရွာများအထိ သိန်းပေါင်း(၅၀၀-၆၀၀)စသဖြင့် အကုန်ကျခံပြီး
ဆောက်လုပ်ပေးနေတဲ့အပေါ် ၀မ်းသာစရာ ဖြစ်နေ ပေမဲ့ ရှိပြီးတဲ့ မူ၊ လယ်၊
အထက်တန်းကျောင်းများကို ဂရုမပြုလစ် လျူရှူနေပါတယ်၊

နောက်တချက်က ကျတော်တို့ ကာရမိတ်ကျေးရွာအထက် ကုန်ပြင်ကျေးရွာမှာ အစိုးရမှ
သိန်းပေါင်း (၆၃၀)အ ကုန်အကျခံပြီး နတလ ကျောင်းကို ဆောက်ပေးနေပါတယ်၊
ကုန်ပြင်ကျေးရွာဟာ အိမ်ခြေ(၅၀) ကျော်ခန့်သာ ရှိပြီး ကျောင်းသား / သူ
(၅၀)ခန့်ရှိသည်။

အိန္ဒိယ-မြန်မာ နယ်စပ် ပလက်ဝမြို့နယ်အတွင်း အိမ်ခြေ(၁၂၀)ခန့်ရှိတဲ့ ကာရမိတ်
ကျေးရွာဟာ ကုလားတန်မြစ် ကြောင်း ပေါ်မှာရှိပြီး၊ နယ်စပ်မှရေကြောင်းခရီးဖြင့်
(၁)နာရီခန့်ကြာ မောင်းရပြီး ရှင်းလက်ဝ အထက် တန်းကျောင်း နှင့် စက်လှေဖြင့်
(၃၀)မိနစ်ခရီးသာဝေးပါတယ်၊ ဒေသခံတွေဟာ တောင်ယာနှင့်နှမ်းခင်းဖြင့် အသက်မွေးဝမ်း
ကျောင်းပြုကြတာပါ၊

ကာရမိတ်ကျေးရွာမှာ အစိုးရ ပညာမူလတန်းကျောင်းဖွင့်တာ ကြာပါပြီ၊ ခုဆိုရင်
အိမ်ခြေလည်းအရင်ကထက် တိုးလာသလို၊ ကျောင်းသား/သူဦးရေလည်း
သူငယ်တန်းမှစတုတ္ထတန်းအထိ (၁၄၀)ကျော်ရှိပါတယ်။ ကျနော်တို့ရွာက
အလယ်တန်းကျောင်းသား/သူ (၅၀)ဦးဟာ အနီးဆုံး ရှင်းလက်ဝ အထက ကျောင်းမှာ
တက်ရပါတယ်၊ (၅)တန်း အရွယ်က ငယ်ငယ်ဘဲရှိကြပါသေးတယ်။ သူတို့အရွယ်က မိမိဖာသာမိမိ
ချက်စား တတ်တဲ့အရွယ် မဟုတ် သေး ဘူး ပေါ့၊

ယခင်နှစ်တွေက ကျောင်းဆရာတဦးနဲ့ အထွေထွေဝန်ထမ်းတဦးပဲ တာဝန်ကျပါတယ်။
စာသင်ချိန် တနှစ်လုံးပေါ့နော်၊ ဆရာတဦးက စာသင်ခန်း(၅)ခန်းကို
ဘယ်လိုစာပြမယ်ဆိုတာ မလွယ်တဲ့အရာပါ၊ အဲဒီလိုအခက်ခဲတွေကြောင့် ရွာသားများဟာ
ယခုနှစ်မှာ (၁၀)တန်းအောင် (၂)ဦးကို တစ်လလျှင် ကျပ်ငွေ(၆၀၀၀၀ နှုန်း ဖြင့်
လစဉ်(၁၂၀ ၀၀၀)ကုန်ကျခံပြီး ဆရာအဖြစ် ငှားရမ်းကြတယ်၊ ကျနော်တို့ ငွေရှိလို့
မဟုတ်ပါဘူး၊ ကလေးတွေကိုကြည့်ပြီး မဖြစ်နိုင် တော့ တဲ့အဆင့် ရောက်နေလို့ပါ။
သက်ဆိုင်ရာ ပညာရေးရုံးကိုလည်း နှစ်တိုင်း အကြိမ်ကြိမ်တင်ပြပါတယ်။ ဒါပေမယ့်
မထူးခြားပါဘူး။ မတတ်သာတဲ့အဆုံး တရွာလုံးက ငွေကောက်ပြီး
ဆရာငှားဖို့ဆုံးဖြတ်ကြတာဖြစ်တယ်။ ခုငှားတဲ့ ဆရာတွေကလည်း ကျောင်းဖွင့်ရင်
တက္ကသိုလ် ဆက်တက်ကြရမှာပါ၊ ကျတော်တို့ဒေသဟာ ယခင်က ပညာရေးမှာ
အောက်ကျနောက်ကျဖြစ်နေရာမှ ခုလိုကျောင်းသားဦးရေများတိုးလာသည့်အပေါ်
ဝမ်းသာကြပေမယ့် သက်ဆိုင်ရာမှ အာရုံစိုက်မှုမရှိသည်မှာ အင်မတန်ဝမ်းနည်းရပါတယ်၊

ကျောင်းသားဦးရေများလာတော့ စာသင်ခန်းကအစ၊ ခုံတွေ၊ ကျောင်းဆောင်တွေလည်း
မဆံ့တော့ဘူးလေ၊ (၆)ပေ အရှည် စာရေးခုံမှာ ကျောင်းသား(၈)ယောက် ထိုင်ခိုင်းတော့
ဘယ်လိုစာရေးလို့ရတော့မလဲ၊ အဲတော့ ကျောင်းခန်း တွေတိုးချဲ့၊ ခုံတွေလည်း
ကျေးရွာလုပ်အားနဲ့ ထပ်ပြီးလုပ်ကြတယ်။ ကျောင်းဆောင်တိုးချဲ့ဖို့ကျတော့
မတတ်နိုင် ဘူး လေ၊

နောက်တချက်က ကျတော်တို့ ကျေးရွာအထက် ကုန်ပြင်ကျေးရွာမှာ အစိုးရမှ သိန်းပေါင်း
(၆၃၀)အကုန်အကျခံပြီး (နတလ) ကျောင်းကို ဆောက်ပေးနေပါတယ်၊ ကုန်ပြင်ကျေးရွာဟာ
အိမ်ခြေ(၅၀)ကျော်ခန့်သာရှိပြီး ကျောင်းသား / သူ (၅၀)ခန့်ရှိသည်။ အဲဒီအပေါ်လည်း
စဉ်းစားမရဖြစ်နေပါတယ်၊

ဤကဲ့သို့သော စာသင်ကျောင်းများတွင် ဆရာမလုံလောက်သည့်ပြသနာမှာ
ချင်းပြည်နယ်နေရာအနှံ့တွင် ရှိလိမ့်မယ် ဟုယူဆပါသည်။ ဒီ့အတွက် အစိုးရဖက်မှ
ပိုမို၍အာရုံစိုက်ရန်နှင့် ကျောင်းဆရာ/မများကလည်း မြို့နှင့်တောရွာဟူ၍
မခွဲခြားဘဲ ကျောင်းသား/သူများအပေါ် မေတ္တစေတနာအရင်းခံဖြင့်
အနာဂတ်သားကောင်းများကို မွေးထုတ်စေလိုပါ ကြောင်း တိုက်တွန်းဖော်ပြလိုပါသည်။

ကျောင်းသားမိဘတဦး

ကာရမိတ်ရွာ

Share.

About Author

Comments are closed.