မြို့တော်ဟားခါးမှာ ကိုယ်ထူကိုယ်ထ တက္ကသိုလ် ဖွင့်လှစ်ရေး ဆွေးနွေး

0

ချင်းပြည်နယ်မြို့တော်ဟားခါးအခြေစိုက် ဘာသာရေး၊လူမှုရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့် CNF ခေါင်းဆောင်များ မြို့တော်ဟားခါးတွင် ကိုယ်ထူကိုယ်ထ တက္ကသိုလ် ဖွင့်လှစ်ရေး ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဆွေးနွေးကြသည်ဟု သိရပါသည်။

ဆွေးနွေးပွဲကို Shalom Foundation Office တွင် ပြုလုပ်ကြပြီး လူထုခေါင်းဆောင် ၄၀ ဦး နှင့် CNF မှ Pu Khua Uk Lian (အထွေထွေအတွင်းရေးမှူး ချုပ် – ၃ )၊ Pu Lalramlawma ( အဓိပတိကောင်စီဝင်)၊ Pu HC Ralhnin ( အဓိပတိ ကောင်စီ ၀င်)၊ Pu
Solomon ( ဗဟိုအလုပ် အမှု ဆောင် ကော်မီတီဝင်) တို့ ပါဝင်ကြကြောင်း ဒေသထုတ် သတင်း စာမှာ ဖော်ပြ ထားသည်။

ပထမဦးဆုံး တက္ကသိုလ်ဖွင့်လှစ်ရေးကော်မီတီ ဒုတိယ ဥက္ကဌ Dr. Hla Aung က ချင်းပြည်နယ်မှာ တက္ကသိုလ်ထားရှိပေး ရေးကိစ္စမှာ သက်ဆိုင်ရာက ချင်းပြည်နယ်ထဲမှာ မပါတဲ့ ကလေးမြို့နဲ့ ပခုက္ကူ တက္ကသိုလ်ကို ပြောပြောနေကြတယ်၊ ဒီ တော့ ချင်းပြည်နယ်ထဲမှာ တက္ကသိုလ်ဖွင့်လှစ်ဖို့ဆိုတာ အစိုးရမှာ အစီအစဉ်မရှိဘူးလို့ ပြောရမှာပဲ၊ ဒါနဲ့ ပြည် တွင်း ပြည် ပရှိ ချင်းတွေ အကြံပေးချက်တွေနဲ့ ရည်ရွယ်ချက်သုံးခုထားရှိပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်ရတာပါ။

” (1) To be seen as expression of public feeling. (2) To enhance the Capital status and feature. (3) To help built up our society culturally and academically”.

CNF မှ ပူး ခွါအုပ်လျန်က ကျတော်တို့ CNF မှာ မရှိရာက ရှိရာသို့ ဆိုတဲ့ ဆောင်ပုဒ်ထားရှိကြောင်း ယခုလို ချင်းလဲန်မှာ မရှိမဖြစ် လိုအပ်နေပြီဖြစ်တဲ့ တက္ကသိုလ်ဖွင့်ဖို့ စီစဉ်ရတဲ့အပေါ် ၀မ်းသာကြောင်း အစိုးရအဆက်ဆက်က မလုပ်ပေးနိုင် တယ်ပဲထား၊ ကိုယ့်အစီအစဉ်နဲ့လုပ်တဲ့ အပေါ် အစိုးရဖက်က ကန့်သတ်တာမျိုး၊ တားဆီးတာမျိုးမလုပ်ဖို့တော့ လိုအပ် ကြောင်း ၊ ဒီမိုကရေစီ အခွင့်အရေးသာဖြစ်ကြောင်း ပြောဆိုသည်။

PU Lalramlawma ကလည်း ၈ မြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ တဖက် မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇော်လ်မြို့ပေါ်မှာ အစိုး ရနဲ့ ကိုယ်ထူကိုယ်ထ ကောလိပ်ပေါင်း ၁၈ ခု ရှိသည့် အပြင် တခြား မြို့တိုင်းမှာလည်း ထားရှိကြတယ်၊ ယခု Japan Nippon Foundation ကနေ အကူအညီတွေ ၀င်လာယင် ပညာရေးအတွက် ဖြစ်စေချင်ကြောင်း ပြောဆိုသည်။

ဆက်လက်ပြီး ” ကျတော်တို့ ချင်းပြည်နယ်က ကျောင်းဆရာ၊ ဆရာမတွေကို အတွေ့အကြုံရရှိဖို့ နွေရာသီ ကျောင်းပိတ် ရက်မှာ မွမ်းမံသင်တန်းတွေ စီစဉ်ပေးဖို့ မီဇိုရမ် ပညာရေးဝန်ကြီးနဲ့ တာဝန်ရှိတွေကို ချဉ်းကပ်ခဲ့တယ်၊ သူတို့ ဖက်က အဆင်သင့်ပါပဲ၊ နောက်ပြီး
ချင်းပြည်နယ်ပညာရေးဝန်ကြီးနဲ့ဆွေးနွေးခဲ့ပါတယ်” ဟု ပြောသည်။

Share.

About Author

Comments are closed.