အယ်ဒီတာချုပ်ထံပေးစာ

0

အရက်သေစာ ရောင်းဝယ်မှု နဲ့ပါတ်သက်ပြီး ကျတော်တို့ ထန်တလန်မြို့ပေါ်က တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်မှုတွေကို တင်ပြ ချင်တာပါ၊

အရက်သေစာ ပပျောက်ရေးအတွက် နေ့မအား ညမအား ဆောင်ရွက်နေတဲ့ TCF ခေါ် Thantlang Churches Fellowship ,  အစိုးရ တာဝန်ရှိ၊ အာဏာပိုင်တွေက အရက် ကို စစ်ဆေးနေပါတယ်၊

–       ယခု စက်တင်ဘာလ ၄ ရက်နေ့က  TCF နဲ့ တာဝန်ရှိ ပြည်သူ့ရဲ တွေဟာ ဟားခါး – ထန်တလန်မြို့အ၀င် မှာ တာဝန် အရ ခရီးသွားတွေကို  စစ်ဆေးခဲ့ကြရာမှာ ထန်တလန် နတလ ဒုတိယ ကျောင်းအုပ် ဦး မောင်မောင်ထွန်း ထံမှ မန္တလေး ရမ် အလုံး ၇၀ ကို၎င်း၊ Pu Thla Uk ထံမှ ဘီယာ နှစ်လုံးကိုလည်းကောင်း သိမ်းဆည်းခဲ့ကြပါတယ်၊ သူတို့ကို သက်ဆိုင်ရာသို့ ဥပဒေအရ အရေးယူဆောင်ရွက်ပေးရေး တင်ပြခဲ့ကြရာ မြို့နယ်ရဲမှူးက ဗမာ လူမျိုးကို ယစ်မျိုး ဥပဒေ အရ ၄င်း၊ ချင်းလူမျိုးကို ချင်းအက် ဥပဒေအရ အရေးယူမှာဖြစ်ပြီး လူမျိုး ဘာသာ ခွဲခြားသည့် ပွင့်လင်းမြင်သာမှု မရှိသော အရေးယူမှုဖြစ်ပါက  ဆန္ဒပြဖို့ ပြင်ဆင်ထားပါတယ်၊

–       စက်တင်ဘာလ ၅ ရက်နေ့မှာ မြို့နယ် ပြည်သူ့ရဲစခန်းပရ၀ဏ်မှာ ဒု ရဲ အုပ် San Tun Aung ဆိုသူ အိုဘီ အရက် ရောင်းနေတယ်လို့ ကြားရပါတယ်၊ TCF အဖွဲ့ဟာ သက်သေခိုင်လုံအောင် တာဝန်ရှိတဦးအား စေ လွတ်ပြီး San Tun Aung ထံ အရက်သုံးလုံး ၀ယ်ယူခဲ့အပြီး စခန်းတွင်း တရားဝင် ရှာဖွေရန် တင်ပြခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိ ရဲတွေက ခွင့်မပြုခဲ့လို့ စခန်းမှူးကိုယ်တိုင် ၀င်ရောက် စစ်ဆေးခဲ့ပေမဲ့ အရက်မရှိ ကြောင်း သာ တုံ့ပြန်ခဲ့တယ်၊ အဲဒီအချိန်မှာ အရက်ဝယ်ဖို့ အယောက် ၂၀ ခန့် ဂိတ်ကို ရောက် လာကြပါတယ်၊ စခန်းမှူး က အရက်မရှိဘူး ဆိုတာ ဖြစ်နိုင်မလားပေါ့၊ သို့သော် သက်ဆိုင်ရာ ရဲမှူးနဲ့ စခန်းမှူးကို အရေးယူ ဆောင်ရွက် ပေးဖို့ တင်ပြ ထားကြပါတယ်၊ ဒု ရဲအုပ် San Tun Aung ဟာ စက်တင်ဘာလ ၄ ရက်နေ့ က ဦးမောင် မောင်ထွန်းနဲ့ Pu Thla Uk သယ် လာတဲ့အရက်ကို သိမ်းဆည်းပေးခဲ့သူလည်းဖြစ်ပါတယ်

 

TCF အဖွဲ့ဝင်တဦး

ထန်တလန်မြို့။

Share.

About Author

Comments are closed.