ချင်းပြည်မှာ ဒီဂရီကောလိပ်/တက္ကသိုလ် ရှိသင့်/မရှိသင့် သုံးသပ်ခြင်း

0

 ဒေါက်တာ တီပန်လိုင်း   ( ပခုက္ကူ တက္ကသိုလ်) – ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် ကိုယ်ထူကိုယ်ထ ဒီဂရီကောလိပ်/ တက္ကသိုလ် ထားရှိရေးကော်မီတီကို မြို့မိ/မြို့ဖ (၃၀) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်းကို Volume 1. No.4 ထုတ် Khonumthung ဂျာနယ်တွင် ဖတ်ခဲ့ရလို့ ၀မ်း မြောက်ဝမ်းသာကြိုဆိုပါတယ်။ အကြောင်းမှာ ချင်းပြည်နယ်အစိုးရ တာဝန်ရှိသူများသည် ချင်းပြည်နယ်တွင် ဒီဂရီကော လိပ်/ တက္ကသိုလ်ထားရှိပေးရေး တောင်းဆိုခဲ့ကြသော်လည်း နေရာဒေသ ရွေးချယ်မှုနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲ ခဲ့ကြရလို့လည်းဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု  အနိမ့်ကျ ဆုံးဒေသဟု သတ်မှတ်ထားသော ချင်းပြည်နယ်ကို ခေတ် မှီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်မည်ဆိုပါက ဘက်စုံ လွှမ်းခြုံနိုင်မည့် ပညာရေးကဏ္ဍသည် President-speaks-at-Kalay-University-15-Feb-2013အဓိက အခရာကျ ပါတယ်။ ချင်းပြည်နယ်ကလွဲ၍ မြန်မာပြည် တစ်ပြည်လုံးရှိ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ဒီဂရီကောလိပ်တောင် သိပ်မရှိ တော့ဘဲ တက္ကသိုလ်အဆင့် မှိုလိုပေါက်လာတဲ့ ယနေ့ခေတ်ချိန်မှာ ချင်းပြည်နယ်မှာ  ဒီဂရီကောလိပ် အဆင့်လောက် ကိုတော့  သင့်တော်သည့်  နေရာ တွင် ပြည်နယ်အစိုးရမှတဆင့် စီမံကိန်းချမှတ်ပြီး သတ်သတ် မှတ်မှတ် အကောင်အ ထည်ဖော် ဆောင်ရွက်ပေးသင့်ပါတယ်။ ယခင်ခိုင်ကမ်းကောလိပ်ကို ကလေး တက္ကသိုလ် အဖြစ် စစ်ကိုင်းတိုင်းဒေ သကြီး မှာ ထည့်သွင်းခြင်း ခံရသည်ကိုလည်း သင်ခန်းစာ ယူသင့်ပါတယ်။ အမှန်က ယင်းကိစ္စဟာ Decision Maker တွေအပ်ါမှာ လုံးဝမူတည်ပါတယ်။ ချင်းပြည်နယ်အတွင်း ဒီဂရီကောလိပ်များကို ထူထောင် ပေးခြင်း (သို့မဟုတ်) မပေးခြင်းအပေါ် သုံးသပ်ခြင်းအားဖြင့် ကောင်းကျိုး/ဆိုးကျိုးတွေကို ကျွန်တော် တစ်ဦးတစ် ယောက်တည်း၏ မှားခြင်း၊ မှန်ခြင်း အမြင်လေး အပေါ်မှာ  အောက်ပါအတိုင်း အနည်းငယ်ဆွေးနွေး တင်ပြချင်ပါတယ်။ ထိုသို့တင်ပြတဲ့အခါ ကျွန်တော်သည် စာရေး ဆရာလည်း မဟုတ်ပါ။ နိုင်ငံရေးသမားလည်း မဟုတ်ပါ။ အမိမွေးမြေ ချင်းတောင်မှာ ဒီဂရီကောလိပ်/ တက္ကသိုလ်  ရှိစေချင်တဲ့  ဆန္ဒ သက်သက်ရေ၊ ဤအကြောင်း အရာနှင့် ပတ်သက်လို့ရေးသား ဖော်ပြခြင်း မရှိသေးတာရေ တို့ကြောင့်  သဘောထား ရိုးရိုးအမြင်အပေါ်မှာ အခြေခံပြီး ရေးသားဖော်ပြခြင်း မျှသာဖြစ်ပါ တယ်။

ချင်းပြည်မှာ ဒီဂရီကောလိပ်/တက္ကသိုလ် ထူထောင်ပေးခြင်းအားဖြင့်  တခြားတိုင်းနဲ့ ပြည်နယ်များကဲ့သို့  Mother Chin land ရဲ့ ဂုဏ်ပုဒ်ကို မြင့်မားလာစေမှာ ဖြစ်ပြီး ချင်းပြည် အနာဂါတ်ရဲ့ လူမှုစီးပွားရေးစနစ်နှင့် အကြီးမားဆုံး လူ့စွမ်း အားအရင်းအမြစ်များကို တည်ဆောက် မွေးထုက်ပေးမှု တာဝန်တွေကို မောင်းနှင်ပေးသည့် အဓိက အင်ဂျင်ကြီးလည်း ဖြစ်ပါတယ်။ ချင်းပြည်ဟာ သဘာဝ သယံဇာတ ပေါကြွယ်ဝမှု မရှိပါ။ ရှိပါသော်ငြားလည်း ထိုသယံဇာတ တစ်ခုတည်း အားဖြင့် တိုးတက်လာနိုင်မှာမဟုတ်သလို အကြီးမားဆုံး လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်နိုင်ပါမှ သာလျှင် တခုလုံး တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။ ချင်းပြည်မှာသာ ဒီဂရီကော လိပ်/ တက္ကသိုလ် ထူထောင်နိုင်မယ်ဆိုရင် (ပြည်မတွင် အခြေချနေထိုင်သူများကလွဲလို့) ချင်း တက္ကသိုလ် ကျောင်းသူ/ သားများ အနေဖြင့် ပြည်နယ်ပြင်ပတွင် ပညာရေးအတွက် သုံးစွဲနေသော ငွေကြေး ပမာဏဟာ ဒေသခံ ပြည်သူများရဲ့ ၀င်ငွေတွေကိုပါ တိုးပွားစေမှာ ဖြစ်သလို၊ အစိုးရ ၀န်ထမ်း တွေဖြစ်လာမဲ့ ဆရာ/မတွေနဲ့ ၀န်ထမ်းတွေရဲ့ အသုံးစရိတ် ငွေကြေး ပမာဏတွေဟာလဲ ဒေသခံ မိဘပြည်သူများရဲ့ ၀င်ငွေများကိုပါ တစ်ဖက်တစ်လမ်းက ဖြည့်ဆည်း ပေးရာ ရောက်စေပါတယ်။

ထို့အပြင် ချင်းကျောင်းသူ/သားတွေရဲ့ ပညာရေးကုန်ကျစရိတ်များ သက်သာစေမှာဖြစ်ပြီး၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ အများစုသည် ဒီဂရီကောလိပ်/တက္ကသိုလ်သို့ နေ့သင်တန်း တက်ရောက်လာနိုင်ကြမှာ ဖြစ်ပါတယ်။ တဖက်မှာ အဝေးသင် သင်တန်းသား ကျောင်း သားဦးရေလည်း လျှော့နည်းလာစေမှာ ဖြစ်ပါတယ်။ Global Village ခေတ် သစ်ကြီးမှာ ဘယ်နေရာ၊ ဘယ်မြို့ကြီး တွေမှာ သာ ဗဟုသုတတွေ၊ ပညာတွေနဲ့ နည်းပညာတွေ ပိုရမယ် ဆိုတဲ့ အယူအ ဆကို စွန့်လွှတ်သင့်ပါပြီ။ Infra Structure ကောင်းမွန်ဖို့သာ လိုပါတယ်။ နောက်ပြီး အမိချင်းပြည်ရဲ့  ကျောင်းသူ/ သား တစ်ဦးတစ်ယောင်းချင်း စီရဲ့ ကြိုးစားအား ထုက်မှု၊ အတွေးအခေါ် အမျှော်အမြင်ကြီးမားမှု၊ မျိုးချစ်စိတ် ဓာတ် ရှင်သန်နိုးထ တက်ကြွမှုများ အပေါ်မှာလည်း မူတည်ပါ လိမ့်တယ်။ အတိက်ကာလက အခြေအနေအတိုင်း ဆက် လက် ရပ်တည်နေ လို့မရ တော့ပါ။

ResizedImage540405-P1000979ချင်းပြည်မှာဒီဂရီကောလိပ်/တက္ကသိုလ်ထားရင် ကောလိပ်တက်ရောက်နိုင်မည့်ကျောင်းသားဦးရေနည်းမှာ ပါ ဆိုတဲ့ ဆင်ခြေကိုလည်း ကြားသိရပါတယ်။ ပခုက္ကူတက္ကသိုလ်တစ်ခုတည်းမှာပင် ၀ိဇ္ဇာ/သိပ္ပံ ချင်းကျောင်း သားဦးရေ စုစုပေါင်း(၃၀၀)ကျော်ရှိပါတယ်။ ကျန်တဲ့အခြားတက္ကသိုလ်များဖြစ်တဲ့ စစ်တွေ၊ ကလေး၊ မုံရွာ နှင့် အခြားတက္ကသိုလ်များသို့ တက်ရောက်တဲ့ စာရင်းတွေ မပါသေးပါဘူး။ ကျွန်တော် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံတက္ကသိုလ်မှာ တာဝန်ကျခဲ့ဖူးပါတယ်။ ထိုအချိန် ၀ိဇ္ဇာ/သိပ္ပံ ကျောင်းသား ဦးရေ စုစုပေါင်း(၁၅၀)ကျော်မျှသာ ရှိပါတယ်။ ချင်းပြည်မှာ ဒီဂရီကောလိပ်သာရှိလျှင် အဆိုပါ ကျိုင်းတုံ တက္ကသိုလ် ကျောင်းသားဦးရေထက် အဆပေါင်းများစွာ သာလွန်မှာပါ။ ပြောရရင် အရေအတွက် ကိစ္စနှင့် အရည်အချင်းကိစ္စကိုသာမက Political Will ဟု ပြောရမည့် စေတနာကိစ္စကိုပါ  သက်ဆိုင်ရာ အဖွဲ့အစည်းများ ( Decision Maker)   များက ပိုပြီး အလေးထား သင့်ပါတယ်။ မြန်မာပြည်မှာ တိုးတက်မှုအနိမ့်ကျဆုံး ဖြစ်သော ချင်းပြည်မှာ Political Will သာ ပိုပြီး ရှိလာမည်ဆိုလျှင် ယနေ့ချင်းလူငယ်များသည်     ပညာရေးတံခွန်ကို ခပ်မြင့် မြင့်  လွှင့်ထူနိုင် ခွင့် ရလာကြမှာဖြစ်ပြီး ” ယနေ့ လူငယ်သည်  နောင်ဝယ် လူကြီး”  ဆိုသည့် ဆောင်ပုဒ်မျိုးအစား ” ယနေ့ လူငယ်သည် ယ နေ့ လူကြီး ” ဆိုသည့် ခေတ်မျိုး တစ်ချိန်ချိန် မှာ ရောက်လာကြမှာ ဖြစ်ပါတယ်။ တစ်ဖက်တွင် ချင်းပြည်မှာ ဒီဂရီကော လိပ်/တက္ကသိုလ်  ထူထောင် ခြင်း အားဖြင့်  Local Needs  များအတွက်  ရွှေ့ပြောင်းတောင်ယာ  စိုက်ပျိုးရေး ၊ လှေကား ထစ်စိုက်ပျိုးရေး ၊ နွားနောက်မွေးမြူရေး ၊ ဥယျာဉ် ခြံစိုက်ပျိုးရေး ၊ မိမိစာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ ထိန်း သိမ်းမြင့် တင် ရေး၊ မိဘပြည်သူလူထုရဲ့ ခံစားချက်နှင့် ဆန္ဒဖော် ထုတ်ရေး၊ ဂေဟာစနစ်၊ သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းရေး ၊ အခြား စိုက်ပျိုးရေးဆိုင်ရာများနှင့် မိမိလေ့လာသော ဘာသာရပ်နှင့် ပတ်သက်သော အကြောင်း အရာများကို စာတမ်းများ၊ သုတေ သနလုပ်ငန်းများနှင့် လုပ်ကိုင် ဆောင်ရွက်ခြင်း အားဖြင့် မိမိချင်းပြည် ဒေသရဲ့ အကျိုးပြု သော၊ အကျိုးရှိသော လိုအပ်ချက် များကို အနီးကပ် ဖော်ထုက် ပေးနိုင်မှာ ဖြစ်ပါတယ်။

ချင်းပြည်မှာ ဒီဂရီကောလိပ်/တက္ကသိုလ်မရှိသောကြောင့် ချင်းလူငယ်အများစုသည် ပြည်မပညာသင်စရိတ်မ တတ်နိုင်တော့ပဲ မလေးရှား၊ စင်ကာပူ၊ မီဇိုးရမ်ပြည်နယ်၊ ထိုင်းနှင့် အခြားနိုင်ငံများသို့ ထွက်ခွါပြီး အလုပ်ကြမ်း လုပ် နေကြရတာပါ။ အချို့ဆိုရင် ချင်းတောင်မှာ ဘ၀ရပ်တည်ရေးအခက်အခဲတွေကြောင့် အိမ်ထောင်မိ သားစုအလိုက် ပြည်ပ သို့ ရွှေ့ပြောင်းကုန်ကြတယ်။ ပြည်ပတွင် တောင်ပေါ် ချင်း လူဦးရေ စုစုပေါင်း (၂သိန်းကျော်) ရှိသည်ဟု သိရှိရပါတယ်။ တဖက်မှာ  အမိ ချင်းပြည်အတွက် Strength Drain, Brain Drain   ဖြစ်ကုန်ကြတယ်။ ချင်းပြည်မှာ ဒီဂရီ ကောလိပ်/ တက္ကသိုလ် ဖွင့်ပေးခြင်းအားဖြင့် ပြည်မတက္ကသိုလ်ရှိ  အခြားတိုင်းရင်းသား  ကျောင်းသူ/သားများနှင့် လက်ပွန်း တသီး ခင် မင်ရင်းနှီးမှုများကိုတော့ တဖက်တွင် အတော်အသင့် အားနည်းစေနိုင်ပါတယ်။ ချင်းပြည်မှာ ဒီဂရီ ကောလိပ်/ တက္ကသိုလ် မရှိခြင်းကြောင့် တက္ကသိုလ်ဝင်တန်း အောင်ကျောင်းသူ/သားများ တက္ကသိုလ်ပညာကို ဝေးလံသည့်မြေပြန့် ဒေသများသို့ အကုန်အကျများများခံပြီး သွားရောက် ဆည်းပူးရသဖြင့် တက္ကသိုလ် ပညာရေးဆည်းပူးနိုင်သည့် ဦးရေလျော့နည်းခဲ့ရ ကြောင်း လေ့လာတွေ့ရှိရပါတယ်။  နေ့သင်တန်းသားဘွဲ့ရလူဦးရေ လျော့နည်းစေပြီး၊ အဝေးသင် သင်တန်းသား ဘွဲ့ရ လူဦးရေ တိုးပွားစေပါတယ်။ အဆင့်မြင့်ပညာရေးပြောင်းဖို့ လိုတဲ့အထဲမှာ အဝေးသင်တက္ကသိုလ်ရဲ့  ပညာရေးလည်း အဓိက ပါပါတယ်။ တစ်ချိန်က အဝေးသင်နှင့် ကျောင်းပြီးရင် အလုပ်လျှောက်တာ လက်မခံတဲ့ အဖြစ်မျိုးလည်းကြုံ တွေ့ခဲ့ ပါတယ်။ နောက် တစ်ခုမှာ ပခုက္ကူတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်နှင့် မုံရွာတက္ကသိုလ် ကဲ့သို့သော ပြည်မ တက္ကသိုလ် များရှိ အခြားတိုင်းရင်းသား ညီအစ်ကိုကျောင်းသားလူငယ်ထုတွေအကြား  လူငယ်သဘာ ၀အရ အခန့် မသင့် မထင်မှတ်တဲ့ လူမှုရေးပြဿနာများ၊ ရံဖန်ရံခါ ကြုံတတ်ဖြစ်တတ် စေနိုင်ပါတယ်။ နောက်ဆက်တွဲ ကျောင်းသုံး စရိတ်များ ပိုထောင်းလာစေပါတယ်။ ဘူးလေးရာ ဖရုံဆင့်ဖြစ်စေပါတယ်။ ချင်းပြည်နယ်တွင် အဆင့်မြင့်ပညာရေး Institution ယန္တရားလည်ပတ်မှုတွေ  မရှိဘူးဆိုရင် ယနေ့ချင်းလူငယ် အများစုသည် အနာဂတ် အမိချင်းပြည် ဒေသအ တွက် တာဝန်ယူလိုစိတ်၊ တာဝန်ခံလိုစိတ်၊ လုပ်ဆောင်နိုင်မှုတွေနှင့် မျိုးချစ်စိတ်ဓာတ်တွေဟာ တဖြည်းဖြည်း လျော့နည်း လာစေနိုင်ပါတယ်။

ချင်းပြည်မှာ ဒီဂရီကောလိပ်/တက္ကသိုလ် မထားရှိခြင်းဟာ နေရာဒေသရွေးချယ်မှုအပေါ် သဘောထားကွဲ လွဲမှု၊ နေရာဒေသ မြေအနေအထား အခြေအနေမပေးမှု တို့ကြောင့် ဖြစ်ကြောင်း   ကြားရပြန်ပါတယ်။ နည်းပညာ က ပထ၀ီဝင် ဆိုင်ရာ မြေမျက်နှာသွင်ပြင် အသွင်သဏ္ဍာန် (Land form) များကို ပြုပြင်နိုင်ပါတယ်။ သာမန်နည်းအားဖြင့် လည်း ပြုပြင်နိုင်တဲ့ မြေအနေအထားလည်း ရှိပါတယ်။  ချင်းပြည်နယ်ဒေသဟာ လမ်းပန်းဆက် သွယ်ရေး ခက်ခဲကြောင်း၊ စားနပ် ရိက္ခာ ခက်ခဲကြောင်း ဆိုတဲ့ ဆင်ခြေပေးမှုတွေသာ ဆက်လက်ရှိနေအုံးမယ်ဆိုရင်  အနာဂါတ်  အမိချင်းပြည်ဒေသရဲ့  လူသားအရင်း အမြစ်များနဲ့ ဖွံ့ဖြိုးမှုတွေဟာ ရှေ့ကို ခရီးရောက်သလောက် ပေါက်မြောက်နိုင်မှာ မဟုတ်ပါ။

ချင်းပြည်နယ်မှာ တက္ကသိုလ်ပညာ ဆည်းပူးနိုင်သူအားလုံး ပညာအပြည့်အ၀ဆည်းပူးနိုင်ရေးနှင့် ဒေသတွင်း ပညာ ရေးကဏ္ဍ မြင့်မားလာစေရေးအတွက် ချင်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ကျောင်းသားများ ပြန့်နှံ့မှု အနေအ ထားနှင့် အနီးစပ်ဆုံး စုစည်းတက်ရောက်နိုင်မည့် မြို့တွေကို ဗဟိုပြုပြီး ဒီဂရီကောလိပ်/တက္ကသိုလ်တစ်ခုစီ တိုးချဲ့ ဖွင့်လှစ် ပေးသင့်သည်ဟု သုံးသပ်မိပါတယ်။ ထိုသို့သာ တိုးချဲ့ဖွင့်လှစ် ပေးမည်ဆိုပါက-

(၁) ဒေသတွင်းပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး ဒေသ၏လူမှုစီးပွားရေးဘ၀ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။

(၂) မဖွံ့ဖြိုးသေးသော ဒေသတွင်း ပညာရေးနှင့် လူမှုစီးပွားရေးဖွံ့ဖြိုးလာခြင်းသည် နိုင်ငံတော်   ဖွံ့ဖြိုးတိုးတက်လာခြင်း ပင် ဖြစ်ပါတယ်။

(၃) ဌာနေ ကျေးလက်ပြည်သူများ အတွက်  အခြားသော  လုပ်ငန်း အခွင့်အလမ်းများ  ပေါ်ပေါက် လာစေနိုင်ပါတယ်။

(၄) ဒေသတွင်းတွင် ပတ်ဝန်းကျင်ကောင်းများ ပေါ်ပေါက်လာစေပြီး၊ လူမှုဆက်ဆံရေးနယ်ပယ်နှင့် လူတစ်ဦးချင်း စီရဲ့  အမြင်များလည်း ကျယ်ပြန့်လာစေနိုင်ပါတယ်။

ချင်းပြည်နယ်သည် တောင်ကုန်းတောင်တန်းများ ထူထပ်သည့်နေရာဒေသ ဖြစ်သောကြောင့်-

(၁) လမ်းပန်းဆက်သွယ်ရေးအခက်အခဲများ နှင့်

(၂) တက္ကသိုလ်ကောလိပ် ၀န်ထမ်းများ၊ အချိန်ကြာကြာ တာဝန်ထမ်းဆောင်နိုင်ဖို့ အခက်အခဲများရှိနိုင်ပါတယ်။ သို့ပါ သော်ငြားလည်း နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်မည် ဆိုပါက အဆိုပါ  အခက်အခဲများ  မကျော် လွှားနိုင်စရာ မရှိပါ ဟု ယူဆရပါတယ်။   နိုင်ငံတော်၏  စီမံချက်ဖြင့်  စနစ်တကျ အကောင်အထည်ဖော် ဆောင် ရွက်မည် ဆိုရင် အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မည်ဟု သုံးသပ်မိပါတယ်။ ထို့ကြောင့် ချင်းပြည်မှာ ဒီဂရီကော လိပ်/ တက္ကသိုလ်များ ဖွင့်လှစ်ပေးသင့်ကြောင်း၊ ရှိသင့်ကြောင်း သုံးသပ် ဖော်ပြလိုခြင်း ဖြစ်ပါတယ်။

Share.

About Author

Comments are closed.