Saikhumphai ကျေးရွာကို Border Trade Centre အဖြစ် သတ်မှတ်

0

မီဇိုရမ်ပြည်နယ်ရှိ ချင်းလူမျိုးများအများစုနေထိုင်သော Saikhumphai ကျေးရွာကို အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ် စပ် ကုန်သွယ်ရေးစင်တာအဖြစ်ပြုလုပ်ရန် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က  ပြည်နယ်ဝန်ကြီး Lalrinlianna Sailo, Minister of Trade & Commerce မှ သဘောတူညီမှုကျောက်တိုင်စိုက်ထူခဲ့ကြောင်း သိရသည်။

 

ယင်းအခမ်းအနားတွင် ၀န်ကြီးမှ Saikhumphai ကျေးရွာလူကြီးများနဲ့ Vaphai Village Council တွေကို ခေါ်ပြီး နှစ်ဖက်အကြားရှိခဲ့သော ပဋိပက္ခများကိုချုပ်ငြိမ်းပြီး ငြိမ်းချမ်းစွာနဲ့စည်းစည်းလုံးလုံး နေထိုင်သွားကြရန် မှာကြား ခဲ့သည်။

 

ဆက်လက်၍ အဆိုပါ ၀န်ကြီးက “ Mizo Two ဆိုတာမရှိဘူး၊ ဇိုမျိုးနွယ်စုအားလုံးဟာ တစ်ဝမ်းထဲ တအူတုံဆင်း မျိုးနွယ်စုတွေဖြစ်တယ်။ ယခင်က မလိုလားအပ်တဲ့ပြဿနာတွေကို မေ့ထားပြီး အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ အ တွက် အကျိုးရှိမယ့် Border Trade Centre အဖြစ် ထားရှိတာ အများကြီး ဂုဏ်ယူဝမ်း မြောက်မိ တယ်” ဟု ပြောသည်။

 

Saikhumphai ကျေးရွာဥက္ကဌ Pu T.Lalchawivela ကလည်း “ အစိုးရအပေါ်ကျေးဇူးတင်ကြောင်း နှင့် ဒီနယ် ကို နယ်စပ်ကုန်သွယ်ရေးအဖြစ်ပြုလုပ်ဖို့အတွက်ဆို အမြဲကြိုဆိုကြောင်း Vaphai VCP Pu Saithan siama ကလည်း Saikhumphai ကျေးရွာနဲ့ဖြစ်တဲ့ ပဋိပက္ခကို ချုပ်ငြိမ်းပေးတဲ့ ၀န်ကြီးအပေါ် အထူးကျေးဇူး တင် ကြောင်း နဲ့ စည်းစည်းလုံးလုံးဖြင့် လျှောက်လှမ်းနိုင်မည် မျှော်လင့်ကြောင်း “ ပြောသွားသည်။

 

နှစ်အတော်ကြာဖြစ်ပွားသည့်  Saikhumphai ကျေးရွာနှင့် Vaphai ကျေးရွာအကြား  ပဋိပက္ခသည် အင်မ တန် ကြီးမားခဲ့ပြီး Saikhumphai ကျေးရွာတွင် နေထိုင်သော ချင်းလူမျိုးများကို မောင်းထုတ်ခြင်း၊ သူတို့ နေ အိမ်များ မီးရှို့ဖျက်ဆီးခြင်းများ ရှိခဲ့သည်။

 

ဧပြီ ၂၄၊ ၂၀၁၃ ရက်နေ့က Saikhumphai ကျေးရွာကို မီးရှို့လိုက်လို့  ကျောင်းဆက်မတက်နိုင်တဲ့ ကလေး ၃၁ ယောက်အတွက် ကျောင်းပြန်လည်ဆက်တက်နိုင်ရန် Non Residential Special Training Centre ကို စက်တင်ဘာ ၁၄ ရက်နေ့က SSA Mission Champhai district မှ ယာယီ ၃ လအတွက် ဖွင့်လှစ်ခဲ့ပေးကြောင်း ထပ်မံသိရသည်။

 

အဆိုပါ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းသည် နယ်စပ် Saikhumphai ရွာကနေ ချင်းပြည်နယ် Leilet, Silawn, Singai, Zawngte, Thipcaang, Haimual, Thinghual, TikhuangTum, Tlangkhua, Ngatainu , Tlangzar ရွာတွေကို ဖြတ်သန်းပြီး မြို့တော်ဟားခါး သို့ ၀င်သွားမည်ဖြစ်သည်။

 

ချင်းပြည်နယ်အတွင်း လက်ရှိ ရွာဆက် ကားလမ်း ၁၅ မိုင်အတွက် မြတ်နိုးသူကုပဏီ က ယခုနှစ်နွေရာသီက ဖောက်လုပ်ပြီးကြောင်း နှင့် တီချောင်း တံတား ဆောက်လုပ်ဖို့ ချင်းပြည်နယ်ဆောက်လုပ်ရေးဝန်ကြီး Pu Ngun Sang Aung ကိုယ်တိုင် ပြီးခဲ့တဲ့ မေလက လေ့လာပြီးဖြစ်ကြောင်း၊ မီဇိုရမ်အစိုးရဖက်ကလည်း ဒေသအတွင်း ကားလမ်းအတွက် ရူပီငွေ သိန်း ၈၀၀ ကူညီထားကြောင်း သိရသည်။

Share.

About Author

Comments are closed.