Sangai သတင်းက ချင်းအမျိုးသားညီလာခံကျင်းပရေး ဆိုင်ရာ သတင်းဖော်ပြချက် CNF တုံ့ပြန်

0

ယခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က မဏိပူရ်အခြေစိုက် THESANGAI EXPRESS က Chin National Conference ခေါင်း စဉ်ဖြင့် “Chin and Zomi will never come together under one roof anymore” ချင်း နှင့် ဇိုမီးသည် အမိုး တခု အောက်မှာ မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်ရန် မဖြစ်ပါ” ဟု CNF မှ ပြောကြောင်း ရေးသားချက်ကို ယနေ့ ယခုလ ၂၁ စက်တင်ဘာတွင် တုံ့ပြန်လိုက်သည်။

စီအဲန်အက်ဖ်နှင့် သမ္မတ ဦးသိန်းစိန်အစိုးရအကြား ငြိမ်းချမ်းရေးတိုးတက်မှုဖြစ်စဉ်အရ ချင်းအမျိုးသားညီလာခံကို ယခုနှစ် နိုဝင်ဘာ ဒုတိယပတ်တွင် ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ကျင်းပရန်ပြင်ဆင်နေသည်။

ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားတို့၏ အကျိုးစီးပွါးအတွက် ရှေ့ပြေးတိုက်ပွဲဝင်နေသည်နှင့် အညီ ချင်းတမျိုးသား လုံး ပါဝင်သော ညီလာခံကို ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ထို့ကြောင့် တပ်ဦးထိပ်ပိုင်းခေါင်းဆောင်များသည် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ZDC ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ချင်း အမျိုးသားအကျိုးစီးပွါးအတွက် ပူးပေါင်း ဆောင်ရွက် ရေးအတွက် ချင်းအမျိုးသားညီလာခံသို့တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီးဖြစ်သည်ဟု ဖော်ပြတုံ့ပြန်ထားသည်။

” ချင်းဆိုတာ ဇိုမီး၊ အရှို၊ ချိုး၊ ခူမီး၊ မီဇို၊ လိုင်မီး စတဲ့ ချင်းမျိုးနွယ်စုတွေပါဝင်တာပါ ၊ ဒါက ကျနော်တို့ စီအဲန်အက်ဖ်ရဲ့ ချင်း မျိုးနွယ်စုတွေအပေါ် အမြင်ပါ” ဟု စီအဲန်အက်ဖ်ရဲ့ သတင်းနှင့် ပြန်ကြားရေး အတွင်းရေးမှူးဖြစ်သူ ပူး ငိုင်းကြားထန်းက ပြောသည်။

SANGAI EXPRESS တွင် ချင်းအမျိုးသားတပ်ဦးအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် သဘောတူချက်ဖြစ်သည့် အားလျော်စွာ ချင်းပြည်နယ်အနှံ့တွင် ပြည်သူ့တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ပြီး မကြာမီ ကျင်းပပြုလုပ်မည့် ချင်းအမျိုးသားညီလာခံကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်သူလူထုအား ပြောပြခဲ့သည်ဟု ဖော်ပြထားသည်။

ချင်းအမျိုးသားညီလာခံကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ တွင် ချင်းပြည်နယ် ဖလမ်းတွင်တကြိမ်၊ အိန္ဒိယ – မြန်မာ နယ် စပ်တွင် ချင်းအမျိုးသားနိုင်ငံရေးပါတီများဖြစ်သည့် ဇိုမီးအမျိုးသားကွန်ကရက်( ပြည်ပ)၊ မရာပြည်သူ့ပါတီ တို့ပါဝင်ဖွဲ့ စည်းသည့် ချင်းအမျိုးသား ကောင်စီမှ ကြီးမှူးပြီး ဒုတိယအကြိမ်ပြုလုပ်ခဲ့ဖူးသော်လည်း ဇိုမီးလူမျိုးနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ဆက်လက် ဖော်ပြသည်။

ပထမအ ကြိမ်ချင်းအမျိုးသားညီလာခံကို ၂၀၀၆ ခုနှစ် မေလ (၈) ရက်နေ့မှ (၁၁) ရက်အထိ အိန္ဒိယ- မြန်မာနယ်စပ် မဏိပူရ် ပြည် နယ် Mount. Sinai Camp တွင် ကျင်းပခဲ့ကြပြီး ဒုတိယ အ ကြိမ် ချင်းအမျိုးသားညီလာခံကိုလည်း Chin National Council က ဦးဆောင်ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၈ – ၂၀ ရက်နေ့ တွင် အိန္ဒိယ – မြန်မာနယ်စပ် တနေရာ၌ ပြန်လည် ကျင်းပခဲ့ကြသည်။

အလားတူ လာမည့် ၂၀၁၃ နိုဝင်ဘာ ၌ ချင်းပြည်နယ်မြို့တော်ဟားခါးမှာကျင်းပမည့် ချင်းအမျိုးသားညီလာခံကြီးတွင် ချင်းတမျိုးသားလုံးကို လွှမ်းခြုံပြီး ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသား နိုင်ငံရေးပါတီများ၊ ချင်းပြည်ရှိ တခြားနိုင်ငံ ရေးပါတီများ၊ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များ အ ပြင် တတ်သိပညာရှင်များ၊ အလွှာ အသီးသီးမှ ကိုယ်စားလှယ်များပါဝင်မည်ဖြစ်သည်။

Share.

About Author

Comments are closed.