နွားလှည်းပေါ်မှ ကျပ်ငွေ သိန်း ၃၆၄၂ တန်ဘိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား ဖမ်းဆီး

0

Drugsယခုလ စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင် နွားလှည်းပေါ် တွင်ဖွက်ထားသော ကျပ်ငွေ (၃၆၄၂) သိန်းတန်ဘိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား ဖမ်းဆီးရမိတယ် လို့ သိရပါတယ်။

သတင်းအရ ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ကလေးမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့မှ
သက်သေများနှင့်အတူ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာတွင် ဆူဒိုအက်ဖီဒရင်းဆေးပြား (၂၀၂၂၀၀၀) ကို သက်သေများနှင့် အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တရားခံ ၄ ဦး အနက် ၂ ဦးကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန် နှစ်ဦး ကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါဖမ်းဆီးခံရသူနှစ်ဦးမှာ လက်ပံချောင်းကျေးရွာနေ Lallianzuala (42) နှင့် Lalenkawli (37) တို့ဖြစ်ပြီး သက်ဆိုင်ရာက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ဖြစ်ပုံမှာ ကလေးခရိုင်ရဲတပ်ဖွဲ့နှင့်ကလေးမူးယစ်(အထူးတပ်ဖွဲ့)များသည် လက်ပံချောင်း ကျေးရွာနေ Tlanghming thanga (41) နေအိမ်ကို သွားရောက်ရှာဖွေခဲ့ရာ ၄င်း၏ ဇနီးဖြစ်သူ Lalenkawli နှင့် မူးယစ်ဆေး ၀ါး ရောင်းရငွေဟု ယူဆရသည့် ကျပ်ငွေ သိန်း (၅၀) အားတွေ့ရှိ သိမ်းယူခဲ့သည်။

ဆက်လက်ပြီး Ngaih T hiamnga နေအိမ်ကို ဆက်လက်ရှာဖွေခဲ့ရာမှ အိမ်နီးခြင်းဖြစ်သူ Lalluanzuala ပိုင် နွား လှည်း (၂) စင်း ပေါ်မှ ပီနံအိတ် ၁၈ အိတ်ဖြင့် ဖွက်ထားသော ဆူဒိုအက်ဖီဒရင်းဆေးပြားကို တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်။

အဆိုပါဆေးပြားများသည် အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့်မှောင်ခိုတင်သွင်းလာသော ဆေးပြားများဖြစ်ပြီး ယင်းဆေးပြား ကြောင့် ကြီးပွားချမ်းသာသွားတဲ့သူ ကလေးမြို့တွင်အများကြီးတွေ့ရသလို ယင်းဆေးပြားသုံးစွဲ လို့ ပျက်ဆီးနေတဲ့ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများရှိနေကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း ကလေးမြို့နယ်အတွင်း မကြာခဏဆိုသလို အဆိုပါ ဆေးပြားကို ဖမ်းဆိးရမိခဲ့တယ်လို့ သိရတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က ကလေးမြို့တာဟန်းရပ်ကွက်တွင် ကျပ်သိန်း ၃၆၀ တန်ဖိုး ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၂၄ ရက်နေ့ကလည်း ကျပ်ငွေ သိန်း ၁၅၀၀ ကျော် တန်ဖိုးရှိ အဆိုပါဆေးပြားမျိုး ကို ဖမ်းဆီးရမိခဲ့သည်။

Share.

About Author

Comments are closed.