NCCD က ငွေစုငွေချေးစီမံကိန်းကို ချင်းလူထုအတွက် ဖော်ဆောင်

0

Net work for Chin Community Development ( NCCD)မှ စီစဉ်ဆောင်ရွက်နေသော ငွေစုငွေချေးစီမံကိန်းလုပ်ငန်းကို ချင်းပြည် နယ်ကျေးလက်ဒေသတချို့တွင် စတင်အကောင်အထည်ဖော်ဆောင်နေပြီဟုသိရသည်။

NCCD ဦးဆောင်မှုဖြင့် စက်တင်ဘာလ (၅) ရက်နေ့က ချင်းပြည်နယ်မြောက်ပိုင်း Zimte ကျေးရွာတွင်လည်းကောင်း၊ စက်တင်ဘာ ၂၂ တွင် ချင်းပြည်နယ်တောင်ပိုင်း ကာရာမိတ်ကျေးရွာတွင်လည်းကောင်း၊ စက်တင်ဘာ ၃၀ တွင် ချင်းပြည် နယ်အလယ်ပိုင်း ဘဲဟာရ် ကျေးရွာတွင်လည်း ကွန်ယက်စီမံကိန်းကော်မီအစည်းအဝေးကို ပထမအကြိမ်အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ သည်ဟုသိရသည်။

အဆိုပါအစည်းအဝေးများတွင် ကော်မတီ၏ဆန္ဒ္ဒအတိုင်း ပြည်သူအတွက် အကျိုးပြုမည့်စီမံကိန်းဖြစ်သော ငွေစုငွေချေးစီမံကိန်းကို
ချင်းလူထု ဖွံ.ဖြိုးရေးကွန်ယက်အဖွဲ.အစည်းမှ ချပေးနိုင်ခဲ့ပြီး အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်
ငွေစုငွေချေးစီမံကိန်းစည်းမျဉ်းစည်းကမ်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ လိုက်နာကျင်းသုံးရမည့် ဘုံစည်းမျဉ်းစည်းကမ်းများကိုလည်း
ဆွေးနွေး ညှိ.နှိုင်းတိုင်ပင်မှုများ ပြုလုပ်ခဲ့ပြီးနောက် အတည်ပြုပြဌာန်းနိုင်ခဲ့ကြသည်ဟု သိရသည်။

ငွေစုငွေချေးစီမံကိန်းဆိုသည်မှာ ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့အစည်းမှ အတိုးနှုန်းသက်သာစွာဖြင့်
ကျေးလက်ဒေသခံများထံ ငွေချေးပေးသည့်စီမံကိန်းဖြစ်ဟု ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့မှ ဒု တာဝန်ခံ ကိုဆိုင်းမွန်က ပြောသည်။

“ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ (၁) ကျေးရွာတစ်ရွာနှင့်တစ်ရွာပူးပေါင်းပါဝင်မှု၊ ၀ိုင်းဝန်းကူညီ မှု၊
စည်းလုံးမှုရှိရန်၊ (၂) လူမှုပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ (၃) ဆင်းရဲဒုက္ခများစွာမှ လွတ် မြောက်နိုင်ဖို့ဖြစ်ပါတယ်’’ ဟု
ကိုဆိုင်းမွန်ကပြောသည်။

ပထမဆုံးအကြိမ်အဖြစ် Zimte ကျေးရွာအုပ်စုအတွင်း ကျေးရွာ ၈ ရွာ၊ ကာရာမိတ်ကျေးရွာအုပ်စုတွင် ကျေးရွာ ၁၁ ရွာ၊ ဘဲဟာရ်ကျေးရွာအုပ်စုတွင်
ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများကို လူတဦးလျင် ကျပ်ငွေ တသိန်းနှုန်းဖြင့် စတင်ထုတ်ချေးနေပြီဖြစ်သည်ဟု ကိုဆိုင်းမွန်ကဆက်ပြောသည်။

“ ကျေးရွာတွေမှာ ကျနော်တို့ ကော်မတီတွေဖွဲ့တယ်၊ အဲဒီကော်မတီတွေက စီစစ်ပြီးတော့ ရွာသားတွေကို ငွေချေးပေတဲ့လုပ်ငန်းစတင်နေပါပြီ’’ ဟု
၎င်းကပြောသည်။

ဒေသခံများအနေဖြင့် ငွေချေးမည်ဆိုပါက အာမခံပစ္စည်းတခုခုထားရှိရမည်ဖြစ်ပြီး အတိုးနှုန်းမှာ ဒေသ အလိုက်ကွာခြားမှုရှိပြီး ၂ ရာခိုင်နှုန်းမှ ၅
ရာခိုင်နှုန်း သတ်မှတ်ထားကြောင်းသိရသည်။

ယင်းငွေစုငွေချေးစီမံကိန်းမှရရှိလာမည့် အကျိုးအမြတ်များကို ကျေးလက်ဒေသ ချင်းပြည်သူများ လိုအပ်နေ သော ကျောင်းဆရာ ငှါးရမ်းခ၊ စားဝတ်နေရေး၊
ကျန်းမာရေး၊ ပညာရေးစသည်ဖြင့် လိုအပ်သည့်နေရာများ တွင်လိုအပ်သလိုအသုံးပြုမည်ဟု သိရသည်။

ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အနေဖြင့် ယင်းငွေစုငွေချေးစီမံကိန်းကို ချင်းပြည်နယ်ရှိ အခြားကျေးလက်ဒေ များတွင်လည်း
ဆက်လက်အကောင်ထည်ဖော်ဆောင်သွားမည် စီစဉ်ထားကြကြောင်းသိရသည်။

Share.

About Author

Comments are closed.