CNF က ပြည်နယ်ပြင်ပရှိ ချင်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမည်

0

CNF က ချင်းပြည်နယ် (၉) မြို့နယ်အတွင်း လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့အပြီး ပြည်နယ်ပြင်ပရှိ ချင်းပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်မည်ဟု သိရသည်။

ရန်ကုန် Summit Park View တွေ့ဆုံပွဲကို ယခုလ ၁၉ ရက်နေ့တွင် ပြုလုပ်မှာဖြစ်ပြီး CNF ဖက်မှ ဒေါက်တာရွှေခါးရ် က ဦးဆောင်သွားမည်ဖြစ်ပြီး
ရန်ကုန်ရှိ ချင်းနိုင်ငံရေးပါတီများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ချင်းကျောင်းသားလူငယ်များ၊ လူမှုအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ ပါဝင်ကြမည်ဟု သိရသည်။

CNF သည် ချင်းပြည်သူများနှင့် တွေ့ဆုံရာတွင် အစိုးရနှင့် လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ ဖက်ဒရေ နှင့် ဒီမိုကရေစီ ရေးရာများအပြင် CNF
၏ အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်များကို အဓိကထားဆွေးနွေးကြသည်။

” ချင်းပြည်သူဆီကနေ ထွက်လာတဲ့ သဘောထားတွေကို စုစည်းပြီး အဲဒီအပေါ် အခြေခံပြီး ပြည်ထောင်စု အစိုးရနှင့် ပြန်လည်ဆွေးနွေးသွားမှာပါ” ဟု
စီအဲန်အက်ဖ် ခေါင်းဆောင်တဦးက ပြောသည်။

ပြီးခဲ့တဲ့ သြဂုတ်လကတည်းက CNF သည် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း ကလေး ကဘော်ဒေသ၊ အရှိုချင်းဒေသနှင့် ပခုက္ကူ၊ မုံရွာ၊ ဂန့်ဂေါ – ထီးလင်း ရှိ
ချင်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားသော်လည်း သမ္မတရုံး ၀န်ကြီး တချို့ ကန့်ကွက်မှုကြောင့် ခေတ္တ ဆိုင်းငံ့ထားကြသည်။

CNF ကမကထပြုမှုဖြင့် လာမည့် နိုဝင်ဘာလ ၁၂ – ၁၅ ရက်တွင် ချင်းနိုင်ငံရေးပါတီများ၊ လူမှုအသင်းအဖွဲ့များ၊ အ လွှာ အသီးသီးမှ
ကိုယ်စားလှယ်များ အနည်းဆုံးအင်အား ၅၀၀ ပါဝင်ပြီး ချင်းအမျိုးသားညီလာခံကြီးတရပ်ကို မြို့တော် ဟား ခါးတွင်
ကျင်းပသွားမှာဖြစ်ကြောင်းလည်း သိရသည်။

Share.

About Author

Comments are closed.