မတူပီတွင် CNF ဆက်ဆံရေးရုံးဖွင့်ပြီ

0

ချင်းအမျိုးသားတပ်ဦး CNF က အစိုးရနှင့်ငြိမ်းချမ်းရေးသဘောတူညီချက်အရ ချင်းပြည် နယ် တောင်ပိုင်း မတူပီမြို့တွင် ဇွန်လ ၂၃ ရက်နေ့နံနက် ၁၀ နာရီက ၎င်းတို့၏ဆက်ဆံရေးရုံးကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အသစ်ဖွင့်လှစ်လိုက်သော ဆက်ဆံရေးရုံးကို မတူပီမြို့ပေါ် လောင်ဗန်းရပ်ကွက်ရှိ ပူးကျန်ပိုင် ၏ နေအိမ်ကို ရုံးအဖြစ် ငှားရမ်း ကာ ချင်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူး ကြီး ဇော်မင်းဦးက စက်ခလုပ်နှိပ်ပြီး ဖွင့်လှစ်ပေးခဲ့သည်ဟု CNF အထွေထွေအတွင်းရေးမှူး ချူပ်(၁) ပူးပေါလ်စီထားကပြောသည်။

ရုံးဖွင့်ပွဲတွင် မတူပီမြို့မိမြို့ဖများအပါအ၀င် ဒေသခံလူထု ၂၀၀ တက်ရောက်ခဲ့ကြ သည်ဟု သိရသည်။

မတူပီ ဆက်ဆံရေးရုံးတွင် CNF ဗဟိုကော်မတီဝင် ပူးထန်ဇဲန်းနှင့်အတူ ရုံးဝန်ထမ်း ၆ ဦး ရုံးထိုင်ကြ မည်ဟုသိရသည်။

အစိုးရနှင့်ငြိမ်းချမ်းရေးသဘောတူထားချက်အရ CNF သည် ချင်းပြည်နယ် တီးတိန်၊ ထန်တလန် နှင့် မတူပီမြို့များတွင် ဆက်ဆံရေးရုံးများဖွင့်လှစ်ကြမည်ဖြစ်သည်။

အလားတူ ထန်တလန်မြို့တွင်လည်း လာမည့်ဇွန်လ ၂၉ ရက်နေ့တွင် CNF ဆက်ဆံရေးရုံးကို ထပ်မံဖွင့်လှစ်မည်ဟု သိရသည်။ တီးတိန်မြို့တွင်မူ ဆက်ဆံရေးရုံးဖွင့် လှစ်မည်မ ဟုတ်သေးကြောင်း သိရသည်။

Share.

About Author

Comments are closed.