မီဇိုရမ်တွင် ချင်းအမျိုးသားတဦးက အိမ်ရှင်မကို ဓားဖြင့်ထိုးသတ်

0

အောက်တိုဘာ ၁၁ ရက်နေ့က မီဇိုရမ်ပြည်နယ်၊ Lunglei မြို့ Khawmawi ကျေးရွာတွင် ချင်းအမျိုးသားတဦးက အိမ်ရှင်မ ကို ဓားဖြင့်ထိုးသတ်လိုက်သည့် ဖြစ်ရပ်တခုဖြစ်ခဲ့သည်။

တရားခံသည် ချင်းပြည်နယ်၊ ဟားခါးမြို့ဇာတိ၊ ThawngCungbik (20) ဟု သိရပြီး၊ မီဇိုရမ်ပြည်နယ်တွင် လွှဆွဲလုပ်ငန်းလုပ်ကိုင်နေသူ တဦးဖြစ်ကြောင်း တရားခံ ThawngCungbik ကို သက်ဆိုင်ရာ Lunglei ရဲက ဖမ်းဆီးပြီး အမှုဖွင့် ဆိုခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ Dawt Tha hlei Iang( 36) သည် TluangTinceu ၏ မယားဖြစ်ပြီး ThawngCungbik ၏ ဓါးချက် ၇ ချက်ဖြင့် သေဆုံးသွားခဲ့သည်။

ဖြစ်ပုံမှာ တရားခံသည် သေဆုံးသူ၏ ယောင်္ကျား မရှိခိုက် စိတ်ဖောက်ပြန်ပြီး ယခုလို ကျူးလွန်လိုက်ခြင်းဖြစ်မည်ဟု ဒေသခံ ရဲက သုံးသပ် ကြသော်လည်း ဆရာဝန်များ၏ မှတ်ချက်ကိုမူ တရားဝင် မသိရသေးပေ။

တရားခံ ThawngCungbik ဟာ သူ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ TluangTinceu တို့နေအိမ်မှာ နေထိုင် ယင်း
လွှဆွဲလုပ်ငန်းဖြင့် ငွေရှာနေသူဖြစ်တယ်။

မီဇိုရမ်ပြည်နယ်တွင် နေထိုင်တဲ့မြန်မာနိုင်ငံသားများသည် ဥပဒေနဲ့မလွတ်ကင်းတဲ့လုပ်ငန်းများဖြစ်သော မူးယစ်ဆေးဝါး၊ ခိုးမှု စသည့်ပြစ်မှု ချိုးဖောက်နေသူအများစုမှာ ပါဝင်ပါတ်သက်နေကြောင်းကိုလည်း သတင်းများအရ သိရသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်အသီးသီးမှ အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်ဟာ စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရသောကြောင့် အိမ်နီးခြင်းနိုင်ငံဖြစ်သော မီဇိုရမ်ပြည်နယ်တွင် အလုပ်လုပ်ဖို့ ရောက်လာသူများဖြစ်ကြသည်။

Share.

About Author

Comments are closed.