CPP က ချင်းညီလာခံမှာ ပါဝင်တက်ရောက်မှာမဟုတ်ဟု ဆို

0

DSC00866

ချင်းနိုင်ငံရေးပါတီ တခုဖြစ်သော ချင်းတိုးတက်ရေးပါတီ(CPP) က လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ကျင်းပမည့် ချင်းအမျိုးသားညီလာခံမှာ ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြော ဆိုလိုက်သည်။

ချင်းတိုးတက်ရေးပါတီအနေဖြင့် ချင်းအမျိုးသားညီလာခံကို မြေပေါ်ချင်းနိုင်ငံရေးပါတီများမှသာ ဦးဆောင်ဦးရွက်ပြုပြီး ကျင်းပရန်အစဉ်တစိုက်ဦးတည်လာခဲ့သော်လည်း ယခုအခါ မြေပေါ်ချင်းနိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍမှာ အရာမ ရောက် မှေးမှိန်လာသောကြောင့် ချင်းအမျိုးသားညီလာခံတွင်ပါဝင်မည်မဟုတ်တော့ကြောင်း ချင်းတိုးတက်ရေးပါတီ ဥက္ကဌ ကိုယ်စားအတွင်းရေးမှူး(၃) ဦးစောမြက လက်မှတ်ရေးထိုးကာ အောက်တိုဘာလ ၃ ရက်နေ့ကချင်းအမျိုးသားညီ လာခံကျင်းပ ရေးကော်မတီထံသို့အကြောင်းကြားစာပေးပို့ခဲခြင်းဖြစ်သည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ချင်းတိုးတက်ရေးပါတီ ဒုတိယ ဥက္ကဌ ဦးလျန်ကြယ်ကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ် မေးမြန်ကြည့်ရာ “ယနေ့ရန်ကုန်မှာလုပ်မယ့် ချင်းအမျိုးသားညီလာခံ အကြိုဆွေးနွေးပွဲလည်းတက်မယ်၊ ဟားခါးမှာလုပ် မယ့် ညီလာခံကိုလည်းတက်မယ်၊ မတက်ချင်တဲ့သူက သုံး၊ လေး ယောက်လောက်ပါ၊ သူတို့ဘာ လို့မတက်ချင်တာ လည်းဆိုတာတော့ ကျနော်တို့လည်းမသိဘူး’’ ဟုပြောသည်။ချင်းတိုးတက်ရေးပါတီထဲတွင် ချင်းအမျိုးသားပါတီနှင့် ပူးပေါင်းချင်သူ နှင့် မပူးပေါင်းချင်သူများရှိနေပြီး ပူးပေါင်းချင်သူ များသည် ဟားခါးတွင် ကျင်းပမည့် ချင်းအမျိုးသားညီလာခံတွင် တက်ရောက်မည်ဖြစ်ဟု ဦးလျန်ကြယ်ကပြောသည်။

ချင်းအမျိုးသားညီလာခံကို လာမည့် နိုဝင်ဘာလ ၁၂ – ၁၅ ရက်နေ့အထိ ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ၃ ရက် ကြာ ကျင်းပပြုလုပ်ကြမည်ဖြစ်ပြီး ညီလာခံကျင်းပကော်မတီအဖွဲ့ကိုလည်း ချင်းအမျိုးသားတပ်ဦးမှ ၅ ဦး၊ ချင်းကျောင်း သားလူ ငယ်များမှ ၁၂ ဦး၊ ၂၀၁၀  ချင်းနိုင်ငံရေးပါတီများမှ ၁၀ ဦးဖြင့် ပဏာမ ပါဝင်စေလျက်ဆပ် ကော်မီတီကို Program Committee, Financial Committee, Media and Documentation Committee, Logistic Committee ဆိုပြီး ဖွဲ့စည်းကြသည်။ချင်းအမျိုးသားညီလာခံ ကျင်းပရေးကော်မတီထဲတွင် မြေအောက်အဖွဲ့အစည်းတခုဟုဆိုနိုင်သော ချင်းလက်နက်ကိုင် အဖွဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်ပါဝင်နေခြင်းကို ချင်းတိုးတက်ရေးပါတီဝင်တချို့မှ မလိုလားသောကြောင့် ယခုလို လုပ်ဆောင်ခြင်းလည်းဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး CNF အထွေထွေအတွင်းရေးမှူး(၁) Pu Paul Sitha က “CPP က မြေအောက်ပါတီလို့ပြောတဲ့ CNF ပါဝင်တာ မပါဝင်တာထက် အမျိုးသားအကျိုးစီးပွားကို ကြည့်သင့်တယ်၊  ခုကျင်းပမဲ့ ချင်းအမျိုးသားညီလာခံဟာ ပါတီ (သို့) လူပုဂ္ဂိုလ်၊  လူတစုအရေးအတွက်မဟုတ်ဘူး၊ တကယ်လို့ CNF အရေးပြောမည့်ညီလာခံဆိုယင် ကန့်ကွက်သင့် ပါတယ်၊ ခုဟာက ချင်းအမျိုးသားတရပ်လုံးအရေးနဲ့ အမျိုးသားတခုလုံးရပ်တည် ချက်ကို ဖော်ထုတ်သွား ဖို့ဖြစ်တယ်၊  ကျင်းပရေးကော်မီတီမှာလဲ အားလုံးပါကြတယ်၊ ချင်းအမျိုးသားတိုင်း အားလုံး သိုက်သိုက် ၀န်းဝန်းလုပ် ဆောင်သင့် တယ်လို့မြင်ပါတယ်၊ ပြီးတော့ ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကမျှ ဒီညီလာခံနဲ့ ပတ်သက်လို့ နာမည်ကောင်းရဖို့ မကြံစည် သင့်ဘူး၊ ချင်းတမျိုးသားလုံးရဲ့ စည်းလုံးမှုရလဒ်တခုအဖြစ်သာ မှတ်ယူ သင့်ပါတယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။

ထို့အပြင် ယခု ညီလာခံ ကျင်းပမည့် အစီအစဉ်သည် ချင်းတမျိုးသားလုံး၏ အရေးဖြစ်သောကြောင့် အချင်းချင်းအကြား အကောင်းဆုံးတိုင်ပင်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးသည်ဟု ပူးပေါလ်စီထာကပြောသည်။

ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဌဟောင်းတဦးဖြစ်ခဲ့ဘူးသူ ပူးနိုးထန်ကပ် ဦးဆောင်သော ချင်းတိုးတက်ရေးပါတီ သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ခဲ့ယှဉ်ပြိုင်သည့်ပါတီဖြစ်သည်။

ယခုချင်းအမျိုးသားညီလာခံတွင် Official Delegates အဖြစ် Armed group (CNF)၊ Chin Political Parties ၊ Civil Society ၊ Community Leaders ၊ Women၊ Youth၊ Religious leaders ၊ Celebrities မှ ပုဂ္ဂိုလ်များ၊ Special Invitees အဖြစ် Union Ministers ၊ Chin State Chief minister and his cabinets၊ MPs from Chin State၊ Ministers of Chin Affairs Ministry များ၊ Observer များ စုစုပေါင်း ၅၀၀ ဦးဖိတ်ကြားသွားမည်ဟု သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဇိုမီး ဒီမိုကရေစီ ပါတီသည်လည်း ချင်း နှင့် ဇိုမီး အမည်နာမ အခက်အ ခဲကြောင့် တက်ရောက်နိုင်လိမ့်မည် မဟုတ်ဟု ပြောဆိုမှုများလည်း ရှိသည်။ လက်ရှိ ချင်းနိုင်ငံရေးပါတီများတွင် ချင်းတိုး တက်ရေးပါတီ နှင့် ဇိုမီး ဒီမိုကရေစီပါတီ အပြင်  ချင်းအမျိုးသားပါတီ၊ အီးအဲန်ဒီပီပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ရှိသည်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အပစ်အခပ်ရပ်စဲပြီး ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ယခု ကျင်းပမည့် ချင်းအမျိုးသားညီလာခံသည် တိုင်းရင်းသားလူမျိုးစုများအတွင်း မွန်အမျိုးသားညီ လာခံ ပြီးနောက် ဒုတိယမြောက် ကျင်းပမည့် ညီလာခံဖြစ်သည်။

Share.

About Author

Comments are closed.