Pu Van Cin ( MLA) ၄င်းမဲဆန္ဒနယ်အတွင်း နယ်လှည့်

0

ချင်းပြည်နယ် မတူပီမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Van Cin သည် ယခုလ ဒုတိယပတ် အတွင်း ၄င်း၏ မဲဆန္ဒနယ်မြေ သို့နယ်လှည့်ကွင်းဆင်းသည်ဟု သိရသည်။

Pu Van Cin သည် လူထုနှင့် တွေ့ဆုံရာတွင် လက်ရှိ အစိုးရသည် ဒေသ ဖွံ့ဖြိုးရေးနှင့် ပါတ်သက်ပြီး Bottom up system ကို အသုံးချနေပြီဖြစ်ရာ အောက်ခြေ မြို့နယ် အထောက်အကူပြု ကော်မီတီမှ တင်ပြချက်သည် အရေးကြီးကြောင်း သို့သော် မတူ၊ မရာ၊ ဇိုသုန်၊ လောက်တူ၊ ဒိုင် မျိုးနွယ်စုများနေထိုင်သည့် မတူပီမြို့နယ်၊ မြို့နယ်အထောက် အကူပြု ကော်မီတီတွင် မရာ မျိုးနွယ်မှ တဦးမျှ မပါဝင်ခြင်းကိစ္စ နှင့် မရာစာပေသင်ကြားရေးအတွက် ဒေသခံများနှင့် ဆွေး နွေးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောသည်။

ဆက်လက်ပြီး မတူပီမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ထောက်ပံ့ပုံစံနှင့် ပါတ်သက်ပြီး မေးမြန်းချက်ကို ဖြေကြား ရာတွင် မြို့နယ်အလိုက် ဖွံ့ဖြိုးရေး ဘတ်ဂျက်ငွေ ခွဲဝေရာမှာ ကျေနပ်စရာမရှိကြောင်း အကြောင်းမှာ မတူပီမြို့နယ် အ ထောက်အကူပြုကော်မီတီက မတူ ရွာ ၆၆ ရွာအတွက် ကျပ်ငွေ သန်း ၄၉၈၊  ဇိုသုန်၊ မရာ၊ လောက်တူ ရွာပေါင်း ၆၆ အ တွက် သန်းပေါင်း ၅၃ ကို တင်ပြလာကြကြောင်း သိရသည်။

” မြို့နယ်အထောက်အကူပြုကော်မီတီ တင်ပြချက်ကိုတော့ ပြည်နယ်အစိုးရ အစည်းအဝေးကနေ ပြင်လို့ မရတော့၊ ဒီတိုင်း ပဲချပေးတယ်၊ ဖြစ်နိုင်ယင် ကော်မီတီမှာ အားလုံပါဝင်သင့်တယ် လို့ Pu Van Cin က ပြောတယ် ” ဟု ဒေသခံတဦးက ပြောသည်။

မတူပီမြို့နယ် အထောက်အကူပြုကော်မီတီ ဖွဲ့စည်းခြင်းနှင့် ပါတ်သက်ပြီး Pu Van Cin သည် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွင် မြို့နယ်အထောက်အကူပြုကော်မီတီဝင်များနှင့် တွေ့ဆုံခဲ့ရာ ၂၀၁၄ – ၂၀၁၅ဘတ်ဂျက်နှစ်တွင် ပြန်လည်သုံးသပ် ဆောင်ရွက်ရန် ဖြစ်ကြောင်း သိရသည်။

မရာ၊ ဇိုသုန် စာပေသင်ကြားရေးနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်တွင် မျိုးနွယ်စု ဘာသာစာပေ များပြားလွန်းသဖြင့် ပြည် နယ် အစည်းအဝေးတွင် အသေးစိပ်မဆွေးနွေးနိုင်သေးကြောင်း သို့သော် မရာ စာပေ သင်ရိုးညွန်းတမ်းသည် အဆင် သင့်ရှိနေ ပြီဖြစ်သဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်ဆိုသည်။

မရာ ချင်းမျိုးနွယ်စုများသည် ချင်းပြည်နယ် မတူပီ၊ ထန်တလန်၊ ပလက်ဝ
သုံးမြို့နယ်တွင် နေထိုင်ကြရာ ချင်းမျိုးနွယ်စု ထဲတွင် အဦးဆုံးစာပေ
ပိုင်ဆိုင်သူများဖြစ်ကြသည်ဟု ပြောကြသည်။

Share.

About Author

Comments are closed.