WWSF ဆုရှင် ချင်းအမျိုးသမီး C. Maiki ၏ ဟားခါးချင်းအမျိုးသား ညီလာခံအပေါ် အမြင်

0

???????????????????????????????

C. Maiki သည် Women’s World Summit Foundation, Geneva မှ ချီးမြှင့်သည့် WWSF Prize for Women’s Creativity in Rural Life 2013 ကို မြန်မာနိုင်ငံအမျိုးသမီးတဦးအနေနဲ့ အောက်တိုဘာ ၁၅ ရက်နေ့၊ နိုင်ငံတကာ ကျေးလက်အမျိုးသမီးများနေ့မှာ South East Asia region မှ ချီးမြှင့်ခြင်းခံခဲ့ရသူ သိက္ခာတော်ရတဦးဖြစ်သည်။

ကျမကို CNC မှာ Special Invitee အနေနဲ့ဖိတ်ကြားလာတော့ လွန်ခဲ့တဲ့ အနှစ် ၆၅ က ဘိုးဘိုးဘွားဘွားတွေကျင်းပခဲ့တဲ့ ဖလမ်းချင်းညီလာခံကို စိတ်ထဲမှာ မှန်းပြီးမြင်ယောင်မိတယ်၊ ဖလမ်းညီလာခံကနေ ရရှိတဲ့ ချင်းအမျိုးသားအကျိုးစီးပွားက ဘာလဲပေါ့နော်၊ အခု ဟားခါး ချင်းအမျိုးသားညီလာခံမှာကော အမျိုးသားအကျိုးစီးပွားအတွက် ဘာတွေရနိုင်မလဲပေါ့၊ ဒါနဲ့ ကျမ နေတဲ့ လိုင်လင်းပီကနေ ကျမ ကလေးငယ်ကို ကျောပိုးပြီး ဆိုင်ကယ်နဲ့တက်လာတယ်၊ ကျမတို့ဒေသဆိုတာက သိတဲ့အတိုင်း ကား လမ်းလည်း မပေါက်တော့ ညီလာခံ သတ်မှတ်ရက်မမှီနိုင်ဘူး၊ တရက် နောက်ကျသွားတယ်၊

 

ချင်းညီလာခံကျင်းပနိုင်ဖို့ အဆိုတင်သွင်းသူ၊ ဖြစ်မြောက်အောင် ဆောင်ရွက်သူ အယောက်တိုင်းကို အားရှိပါးရှိ ကျေးဇူး တင်တယ်၊ ညီလာခံကျင်းပခြင်းအားဖြင့် အမျိုးသားရေးစိတ်ဓါတ်တွေ ပြန်လည်နိုးကြား တက်ကြွသည် သာမက ဒီညီလာ ခံဟာ အမိချင်းပြည်နဲ့ မြန်မာနိုင်ငံပြန်လည် တည်ဆောက်ရေးအတွက် အင်မတန်မှ အရေးပါပြီး ဒီညီလာ ခံက အားလုံး အားလုံးကို အမျိုးသားရေးတာဝန်ကိုယ်စီ ပေးအပ်တယ်လို့ မြင်တယ်၊

 

ပြောစရာတခုတော့ရှိတယ်၊ ကိုယ်စားလှယ် အများစုရဲ့ သွားနဲ့ မျက်နှာတွေဟာ ဆေးလိပ်၊ ကွမ်းယာ၊ အရက်ကို မိတ်ဖွဲ့နေ သေးတဲ့ဟာတွေက ၀မ်းနည်းမိတယ်၊ ကျမတို့ ချင်းလူမျိုးတွေဟာ လိုအပ်တာထက်လိုချင်တာကို ဦးစားပေးနေသေးတဲ့ လူ မျိုးအဆင့်မှာပဲရှိနေပါသေးလားလို့ သက်ပြင်းတော့ ချမိတာပေါ့၊ ဘာပဲဖြစ်ဖြစ် ညီလာခံမြင်ကွင်းဟာ အသက်ဝင်နေတဲ့ ပန်းမျိုးရောင်စုံ ပန်းဥယာဉ်ကြီးတခုလိုပါပဲ၊

 

ဒီ CNC တခုလုံးဖြစ်ဖြစ် ကဏ္ဍ အသီးသီးမှာဖြစ်ဖြစ် ပါဝင်တဲ့ အမျိုးသမီးတွေကို အားရပေမဲ့ ပါဝင်မှု အရေအတွက် အပေါ်မှာ  အမျိုးသားတွေကို အားမရပါ၊ ကျမတို့ အမျိုးသမီးတွေ ပြောပြောနေတဲ့ အမျိုးသမီးပါဝင်မှု ၃၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ကိစ္စအတွက် ကျမ အမြင်ကို ပြောချင်တယ်၊ ဒါတွေ ဖြစ်လာဖို့က မိသားစု ကနေ စပြီး အကောင်အထည်ဖော်ရမှာပါ၊ အမျိုးသမီး စွမ်းရည် မြင့်တင်မှုတွေ ၊ ကြိုတင်ပြင်ဆင်မှုတွေ မရှိပဲနဲ့ ၃၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ကို စွဲကိုင်ပြီး အမျိုးသမီးတွေကို တိုက်ရိုက် ပါဝင်ထည့် သွင်း ပါက မဟာဗျူ ဟာကြီးတခုလုံး မှားလိမ့်မည်လို့ ယူဆမိပါတယ်၊

 

တကယ်တော့ အမျိုးသား၊ အမျိုးသမီးတွေဟာ ငှက်တကောင်ရဲ့ တောင်ပံ တစုံနဲ့ ထပ်တူပါ၊ အမျိုးသမီးတွေကို အမျိုး သား တွေနဲ့ တန်းတူ အခွင့်အရေးမပေးခြင်းဟာ အမျိုးသမီးတွေအတွက်မဟုတ်ပဲနဲ့ ချင်းပြည်နဲ့ မြန်မာနိုင်ငံအတွက် ပိုပြီး အ ရေးကြီးတယ်လို့ မြင်တယ်၊ ဒီတော့ CNC မှာ အမျိုးသမီးဆိုင်ရာ ချမှတ်တာတွေကို ကိုယ့်မိ သားစုအ သီးသီးက နေ ပုံဖော်ဖို့ လိုအပ်ပါတယ်၊ ဒါက  မဖြစ်မနေ လုပ်ရမယ့် စိန်ခေါ်မှုပါပဲ၊

 

ဘာပဲဖြစ်ဖြစ် ကျမဟာ မိခင်တဦးဖြစ်သလို မိခင်စကားအတိုင်း ဒီချင်းအမျိုးသားညီလာခံကြီးကိုယခုလိုပြောချင်တယ်၊ ချင်း အမျိုးသားညီလာခံကြီးကို ရင်ဝယ် ချီပိုးပြီး ကလေးချော့တေးနဲ့ ဖင်ပုတ် ချောသိပ်ချင်တယ်၊

 

ကျမချစ်ခင်မြတ်နိုးတဲ့ ချင်းပြည်သူအားလုံးကို ဒီလို ပြောချင်တယ်၊

 

–       To Look all chin people as one person for betterment of Chin State.

–       To Take every situation as chance to create positive change.

–       To prioritize what is “ NEED ” than what is “ WANT ”.

–       To regard procreation as national and internal affairs.

–       To look every child as future of global family.

Share.

About Author

Leave A Reply

*

code