CNP နဲ့ ပူးပေါင်းရေး CPP လွှတ်တော်ကိုယ်စားလှယ်များ သဘောထားထုတ်ပြန်

0

CPP and CNP

ချင်းနှစ်ပါတီမှ ခေါင်းဆောင်များ ပူးပေါင်းရန် သဘောတူညီမှုရရှိသည့်အပေါ် လုံးဝ ထောက်ခံကြောင်း Chin Progressive Party ( CPP) မှ လွှတ်တော်ကိုယ်စားလှယ် (၄) ဦး နိုဝင်ဘာ ၂၅ ရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်။

CPP ပါတီမှ  ဦး ကီးထန်းလွန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(ကန်ပက်လက် မြို့နယ်) ၊ ဦး နန်းဆိုက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (ပလက်ဝ မြို့နယ် ) ၊ ဦး နထန်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ဖလမ်း မြို့နယ် ) ၊ ဦး ပေါလျံလွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (မတူပီ မြို့နယ်) တို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က ဟား ခါးမြို့ တွင် ပြုလုပ်သည့် Chin Nation Party နှင့် Chin Progressive Party တို့ ၏ ပါတီ ပူးပေါင်းရေးအစည်းအဝေးတွင် တက် ရောက်ခဲ့သည်မှာ မိမိတို့ သဘောဆန္ဒ အရသာဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

 

ဆက်လက်ပြီး CPP နှင့် CNP ပူးပေါင်းရေးကို (လုံးဝ) ထောက်ခံကြောင်း၊ ၄င်းတို့ တို့အနေဖြင့် CPP နှင့် CNP ပါတီဝင် အားလုံးပူးပေါင်းရေးကို  ဦးတည်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ ပါတီ ပူးပေါင်းရေးတွင် ပါဝင်ချင်သူ မည်သည့်ပုဂ္ဂိုလ်၊ ပါတီမဆို အမြဲတမ်း လက်တွဲရန် ဆန္ဒရှိကြောင်း၊ ၁၅-၁၁-၂၀၁၃ ရက်နေ့ CPP နှင့် CNP လွှတ်တော်ကိုယ်စားလှယ်များနှင့် CPP နှင့် CNP မြို့နယ် အလုပ်အမှုဆောင် အချို့တို့၏ ဆုံးဖြတ်ချက်များကို  ဆက်လက်အကောင်အထည် ဖော်မှာဖြစ်ကြောင်း ဖော်ပြထားသည်။

 

CNP နှင့် CPP ပါတီကိုယ်စားလှယ်ပေါင်း ၄၅ ဦး တက်ရောက်ပါဝင်သည့် အစည်းအဝေးက Chin National Progressive Party (CNPP) ချင်းအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် ရပ်တည်သွားကြရန် ၁၅ နိုဝင်ဘာ ၂၀၁၃ ရက်နေ့က သဘော တူ  ဆုံးဖြတ်ခဲ့ကြသည်။

 

ပါတီ ပူးပေါင်းရေးသည် မူလက နှစ်ပါတီ၏ ဆုံးဖြတ်ချက်ဖြစ်သည်နှင့် အညီ  ပူးပေါင်းရေးတွင် ပါတီဝင် အားလုံး ပူးပေါင်းပါဝင်ရန် အလေးအနက်တိုက်တွန်းနှိုးဆော်ကြောင်းဆိုသည်။

 

ယင်း ကိစ္စနှင့်ပတ်သက်ပြီး CPP အတွင်းရေးမှူး (၁) ဦးဒိုင်ထုန်းက “ ချင်းတွေအားလုံး တစ်ပါတီထဲဖြစ်ချင်တယ်၊ နောက် ပိုင်းရွေး ကောက်ပွဲတွေမှာ အဓိကယှဉ် ရမှာက USDP နဲ့  NLD ပေါ့၊ အရင်ကလည်း ၂၀၁၀ မှာ တပါတီချင်းစီ ယှဉ်တဲ့အခါ မနိုင်ခဲ့ဘူး၊ ရွေးကောက်ပွဲအနိုင်ရရင် အစိုးရဖွဲ့ နိုင်မယ်ပေါ့” ဟု ပြောသည်။

 

ချင်းအမျိုးသားပါတီ ( CNP) သည် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၉ နေရာရရှိခဲ့ပြီး ချင်းတိုးတက်ရေး ပါတီ ( CPP) သည် လွှတ်တော်အမတ်နေရာ ၁၂ နေရာရရှိခဲ့ကြသည်။

Share.

About Author

Leave A Reply

*

code