CNP-CPP ပူးပေါင်းရေးကိစ္စ နှင့် ပတ်သက်၍ CPP အတွင်းရေးမှူး (1) Pu Dai Thung ၏ ရှင်းလင်းချက်

3

???????????????????????????????

–       CPP နှင့်  CNP ပူးပေါင်းရေးကိစ္စကို CPP, CEC ၏တာဝန်ပေးအပ်ချက်အရ Joint Committee ဝင်များ ဖြစ်သည့် ကျွန်တော် ဦး ဒိုင်ထုန်း၊ ဦး ရှိန်းထွန်း ၊ ဦး ဗန်ဘောင် ၊ ဦးစောမြ၊ ဦး ချန်လျန် တို့ပါဝင်ပြီး  CNP မှ Joint Committee ဝင်များနှင့် ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလက စတင်၍တစ်စိုက်မတ်မတ် လုပ် ဆောင်ခဲ့ကြသည်။

–       ၂၀၁၃ခုနှစ်, ဧပြီလ(၂၉) ရက်နေ့တွင် CPP,CNP နှစ်ဘက် CEC များပူးပေါင်းအစည်းဝေးကိုတော်ဝင် နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ကြပြီး၊ CNPP ပါတီသစ်ဖြင့်ပူးပေါင်း ရန်သဘောတူညီချက်(၆) ခုချမှတ်ခဲ့ကြ သည်။

–       ယင်းသဘောတူညီချက်များ အနက်ပူးပေါင်းရေးလုပ်ငန်းကိစ္စများ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ရန် Working Committee ကိုတစ်ပါတီ (၅) ဦးစီနှင့် နှစ်ပါတီပေါင်းလျှင် (၁၀)ဦးဖြင့်ဖွဲ့စည်း ခဲ့သည်။

–       သို့သော် CNP ကနှုတ်ကတိ ဖေါက်ဖျက်သည်ဟု ဆို၍ ပူးပေါင်းနှစ်ပါတီပူးပေါင်းမလိုလားသည် CPP မှ(၄)ဦးကို CPP ဥက္ကဌ ဦး နိုထန်ကပ်မှ နှုတ်ထွက်စေခဲ့ပါသည်။

–       ယင်းပုဂ္ဂိုလ်(၄)ဦး ကိုအစားထိုးပေးရန် CEC ၌တင်ပြခဲ့သော်လည်း အစားထိုးပေးခဲ့ခြင်းမရှိပါ။

–       ကျွန်တော် နှင့် CNP မှ Working Committee ဝင်(၅)ဦးပေါင်း(၆)ဦးသည်ဧပြီလသ ဘောတူ ညီချက်အတိုင်း မှတ်ပုံတင်လျှောက်ရန်အစည်းအဝေး ထိုင်ပြီးဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။

–       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်းကြားချက်(၁/၂၀၁၃)အရ နှစ်ပါတီပူးပေါင်းရေးတင်ပြ လျှင်နှစ်ပါတီ မှ ဥက္ကဌများ၊ အတွင်းရေးမှူးများ လက်မှတ်ရေးထိုး ရမည်ဖြစ်၍ နှစ်ပါတီများမှ ဥက္ကဌ၊ အတွင်းရေးမှူး များအားလုံးလက်မှတ်ရေးထိုးစေခဲ့ရာ CNP မှ ဥက္ကဌ၊ အတွင်းရေးမှူး များအားလုံး လက်မှတ်ရေးထိုးခဲ့သော်လည်း CPP မှ ဒုဥက္ကဌ(၁) ဦး လျံကြယ်၊ ဒုဥက္ကဌ(၂) ဦး ပီအက်ခမ်ဒိုနှန်၊ အ တွင်းရေးမှူး (၁) ဦး ဒိုင်ထုန်း တို့ကလက်မှတ်ရေးထိုးကြပြီး ၊ ဥက္ကဌ ဦး နိုထန်ကပ်၊ GS ဦး ဇုန်လှယ် ထန်း၊ အတွင်းရေးမှူး(၂) ဦးရှိန်းထွန်း၊ အတွင်းရေးမှူး(၃) ဦးစောမြ တို့ကလက်မှတ်မရေးထိုးခဲ့ကြ၍ ပါတီမှတ်ပုံတင် ကိစ္စ တင်ပြနိုင်ခြင်းမရှိနိုင်ခဲ့ပါ။

–       သို့ဖြင့် ပူးပေါင်းရေးကိစ္စကို ၂၀၁၃ခုနှစ် စက်တင်ဘာလ(၂၈)ရက်တွင် ဦးနိုထန်ကပ် နေအိမ်၌ပြုလုပ် သောအစည်းအဝေးတွင် အကြေအလည်ဆွေးနွေးခဲ့ကြပြီး အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြ သည်။

(က)      CPP နှင့် CNP ပူးပေါင်းရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာ နှင့် မှတ်ပုံတင်ထားသည့် ပါတီဖြစ် သည့်နဲ့အညီ CNPP အမှုဆောင်ကော်မတီ ဥက္ကဌ ကို CPP ပါတီက လက်ရှိဥက္ကဌက CNPP ဥက္ကဌတာ ဝန်ယူရေး CNP ထံသို့အကြောင်းကြားရန်။

(ခ)        အထက်သဘောတူညီချက်ကို CNP မှ သဘောမတူပါက ပူးပေါင်းရေးဆွေးနွေးမှုကို ရပ်ဆိုင်း ရန် ဆုံးဖြတ်သည်။

–     ယင်းမှတ်တမ်းကို ဦးစောမြက မှတ်တမ်းတင်ရေးသားခြင်းဖြစ်သည်၊ ဦးစောမြ၏ လက်မှတ်ရေးမူရှိပါ      သည်။

–     သို့ဖြစ်ပါ၍ CPP ၏ဆုံးဖြတ်ချက်ကို CNP သို့ ကျွန်တော်အတွင်းရေးမှူး(၁)ဦး ဒိုင်ထုန်းက ရုံးလုပ်ထုံး လုပ်နည်းအရ ဥက္ကဌ ကိုယ်စားလှယ်လက်မှတ်ရေးထိုး၍ပေးပို့ခဲ့သည်။ (ဥက္ကဌ ကိုယ်တိုင်လက်မှတ်ရေး ထိုးမှတရားဝင်သည် ဟု ဦး နိုထန်ကပ်ကပြောဆိုခြင်းမှာမဟုတ်ပါ)

–     CPP ၏အထက်ပါဆုံးဖြတ်ချက်သည် CPP နှင့် CNP နှစ်ပါတီပူးပေါင်းရေးတော်ဝင်နှင်းဆီအစည်းအဝေး ဆုံးဖြတ်ချက်တွင် ပါဝင်ခြင်းမရှိသည့်အပြင် CNP ကလည်းလက်ခံနိုင်မည် မဟုတ်ပါ။ ပူးပေါင်းရေးပျက် ပြားစေရန် တမင်တကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

–     ဦး နိုထန်ကပ် သည်ပူးပေါင်းရေးပျက်ပြားရန်သူ့နောက်လိုက်များ နှင့် ပူးပေါင်းကြံစည်ခြင်းဖြစ်သည် ဟု CPP မှပူးပေါင်းလိုသူများက ရှုမြင်သုံးသပ်ခဲ့ကြ၍ ၂၀၁၃ခုနှစ် နိုဝင်ဘာ(၁၅)ရက်နေ့တွင် ဟားခါးမြို့  နယ် CNP နှင့် CPP မှပူးပေါင်းလိုသူများအစည်းအဝေးပြုလုပ်၍ CNPP ပါတီအဖြစ်ဆက်လက်ပူးပေါင်း ကြရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်

–     ကျွန်တော်ဦး ဒိုင်ထုန်း ကပူးပေါင်းရေးကိစ္စကို အဓိကဦးဆောင်လှုပ်ရှားသည် ဟု ဦးနိုထန်ကပ် နှင့် နောက်လိုက်များက ရှုမြင်ကြပါသည်။ အမှန်မှာပူးပေါင်းရေးကိစ္စကို တော်ဝင်နှင်းဆီဆုံးဖြတ်ချက်အ တိုင်း ကျွန်တော်က အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

–     ချင်းအမျိုးသားညီလာခံသို့ CPP ပါတီဝင်များမတက်ရောက်ရန်လည်း ဦးနိုထန်ကပ် နှင့် နောက်လိုက် များမှတားဆီးခဲ့ကြသည်။ သို့သော်ကျွန်တော်အပါအဝင် CPP ပါတီဝင်များမိမိဆန္ဒ အလျှောက်တက် ရောက်ခဲ့ကြသည်ကို ကျွန်တော်ဦး ဒိုင်ထုန်းက စည်းရုံး၍ တက်ရောက်စေသည်ဟု အထင်လွဲခဲ့သည်။

–     ကျွန်တော် ဦး ဒိုင်ထုန်းအားအပြစ်ရှိ၍ အရေးယူမည်ဆိုလျှင် ဖွဲ့စည်းပုံစည်းမျဉ်း၊ အပိုဒ်-၂၅(ခ) အရသင့် တော်သည့်ပါတီဝင်များဖြင့် ခုံအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးစေပြီး တွေ့ရှိချက်ကို CEC သို့တင်ရမည်။ CEC သည် ပါတီဗဟုကော်မတီ၏ အတည်ပြုချက်ဖြင့်အရေးယူရမည်ဖြစ်သည်။

–     ယခုကိစ္စမှာ စုံစမ်းစစ်ဆေးမှုမပြုလုပ်ဘဲ CPP ပါတီဗဟို အလုပ်အမှုဆောင်ထက်ဝက်ကျော်မတက် ရောက်သည့်အစည်းအဝေးက ကျွန်တော်အားထုတ်ပယ်ခြင်းသည် တရားမဝင်ပါ။ ကျွန်တော်အား CEC ဝင်အဖြစ်ပါတီဗဟုကော်မတီ (Central Party Committee) ကခန့်အပ်တာဝန်ပေးခြင်းဖြစ်၍ ပါတီဗဟို ကော်မတီက သာထုတ် ပယ်ခွင့်ရှိသည်။

–     ကျွန်တော်ဦး ဒိုင်ထုန်းသည် ပါတီစည်းမျဉ်းစည်းကမ်းဖေါက်ဖျက်ခြင်းမရှိပါ။ ပူးပေါင်းရေးအစီအစဉ်ကို ယခင်နှစ်ပါတီဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်။

–     ကျွန်တော်အား CPP, CEC, အတွင်းရေးမှူး(၁)မှထုတ်ပယ်ခြင်းကို လုံးဝလက်မခံပါ။ အရေးယူမည်ဆို လျှင်စည်းမျဉ်းစည်းကမ်းအတိုင်း ခုံအဖွဲ့ဖြင့်စစ်ဆေးပါ။ ကျွန်တော်ဖြေရှင်းပါမည်။

–     CPP ပါတီမှ ကျွန်တော်ကိုယ်တိုင် မနှုတ်ထွက်မချင်း CPP အတွင်းရေးမှူး(၁)အဖြစ်ဆက်ရှိနေမည်ဖြစ် သည်။

–     ကျွန်တော်သည် CPP ၌အဓိကဦးဆောင်သူ၊ ငွေအားစိုက်ထုတ်သူ၊ ဖွဲ့စည်းပုံစည်းမျဉ်းအသေးစိပ်ရေးဆွဲ သူ၊ နေအိမ်က တယ်လီဖုန်းအသုံးပြုခွင့်ပေးပြီး ငွေအရင်း၊ ရုံးလုပ်ငန်းက အစ အဓိကဆောက်ရွက်သူ ဖြစ်သည်။ ပါတီဝင်များအားလုံးအသိဖြစ်သည်။

 

Pu Dai Thung

01 Dec , 2013

Share.

About Author

3 Comments

  1. ချင်း စကားပုံတစ်ခု ရှိတယ်လေကွာ၊၊ ဘာလဲ သိလား၊၊ ငုံး ငှက် က ပြောတယ်၊ ပြုတ်ကျမယ် မှန်းသိလျက်နဲ့  သစ်ပင် ပေါ်တက် မိတာ ပြုတ်ကျသွားတယ်တဲ့ မှတ်ထား ကိုထိပ်ပြောင်ကြီးရေ၊၊

  2. Kaisi tlangsom on

    lai miphun chung in Hakha dah ThanTlang mi nasi? Halkhapa si naduh tuk in katheih. zei ah nanpuan hrukding nanngei lo maw?Nadawh tuk hrinhran,nanUniform nanngeih lo ahcun kanhlan zungzal kolai.hrukpeng ko.

Reply To Kaisi tlangsom Cancel Reply

*

code