၂၀၁၃ ခုနှစ်အတွင်း လေးခရိုင်တွင် မူးယစ်ဆေးဝါးမှု ၁၅၈ မှု ဖော်ထုတ်

0

စစ်ကိုင်းတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်မှ လေး ခရိုင်အတွင်း ၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေး ၀ါးမှု ၁၅၈ မှု ဖော် ထုတ်နိုင်ခဲ့ကြောင်း သိရ သည်။

ယခုလ ဖေဖော်ဝါရီ (၅) ရက်နေ့က ကလေး၊ တမူး၊ ဖလမ်း၊ မော်လိုက်ခရိုင် အသီးသီးမှ တာဝန်ရှိ များက မူးယစ် ဆေး ၀ါးတားဆီး နှိမ်နင်းရေး ညှိနှိုင်းအစည်းအဝေးတရပ် ကျင်းပပြုလုပ်ခဲ့ ကြ ပြီး ဖော်ထုတ်သည့် အမှုကို အတည်ပြု ကြခြင်း ဖြစ်သည်။

ကလေးခရိုင် ကလေးမြို့နယ်တွင် ယခင်နှစ်များထက် မူးယစ်ဆေးဝါးများကို ပိုမိုဖမ်းဆီးနိုင် ခဲ့ကြောင်း လေးခရိုင် အတွင်းဖမ်းဆီးနိုင်ခဲ့သည့် မူးယစ်ဆေးဝါးအမှု အများဆုံးမှာဘိန်းဖြူ မှုဖြစ်ကြောင်းသိရပြီး ၂၀၁၂ ခုနှစ်တွင်လည်း မူးယစ်ဆေးဝါးမှု (၁၀၄) မှုကို ဖော်ထုတ်နိုင် ခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးများမှာ မီဇီုရမ်နယ်စပ်၊ မဏိပူနယ်စပ်တို့မှ မှောင်ခိုတင် သွင်းနေခြင်း ဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဆေးဝါးသုံးစွဲမှု များပြား လာကြောင်း ကလေးမြို့ တက္ကသိုလ် ကျောင်းသား လူငယ်ခေါင်းဆောင်တဦးက ပြောသည်။

အဆိုပါ လေးခရိုင်အနက် ကလေး နှင့် တမူး ခရိုင်သည် အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသောကြောင့် မူးယစ်ဆေးဝါး အပါအ၀င် တခြား တရားမ၀င် မှောင် ခိုပစ္စည်းများ ပိုမို ဖြတ်သန်းသည့် နေရာဖြစ် သည်။

Share.

About Author

Leave A Reply

*

code